မနေ့ညပွဲစဉ်က Man of the Match ဆုရှင်ကြီးကို ချီးကျူးစကားပြောဆိုခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဝက်စ်ဟမ်းနှင့်ပွဲတွင်

လက်စွမ်းပြကစားသွားခဲ့တဲ့ဂိုးသမားဒီဂီယာကို ကြီးကျယ်တဲ့ဂိုးသမား

တစ်ဦးအဖြစ်ချီးကျူးသွားခဲ့ပြီး စပိန်လက်ရွေးစင်ဂိုးသမားမှာ

ခြေထောက်ကောင်းစွာအသုံးမပြုတတ်ဘူးလို့ပြောဆိုမှုကို

ငြင်းဆိုသွားပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကစပိန်မီဒီယာများရဲ့ဖော်ပြချက်အရ

ဒီဂီယာဟာစပိန်အသင်းရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဏာမ

လူစာရင်း၅၅ဦးစာရင်းတွင်ချန်လှပ်ခံခဲ့ရကြောင်းသိရပါတယ်။

ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလေးကြိမ်

ရရှိထားတဲ့ဒီဂီယာဟာဘောလုံးပေးပို့မှုကောင်းစွာပြုလုပ်နိုင်ခြင်း

မရှိမှုနှင့်အတူ စပိန်နည်းပြလူးဝစ်အန်းနရစ်ရဲ့ချန်လှပ်ခြင်းခံလာရတာ

ဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ဒီဂီယာဟာမနေ့ညတုန်းကဝက်စ်ဟမ်းကို

၁-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် မစ်ချဲလ်အန်တိုနီယို၊ ကတ်ဇူးမား၊

ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးကိုကာကွယ်သွားခဲ့ပါတယ်။

အဲရစ်တန်ဟက်က “လူတိုင်းမှာကိုယ့်အမြင်နဲ့ကိုယ်ရှိတယ်။

ကျွန်တော့်အတွက်ဂိုးသမားတစ်ဦးအတွက်ပထမဆုံးအရေးအကြီးဆုံးက

ဂိုးကိုကာကွယ်နိုင်ဖို့ပါ။ဂိုးမပေးရအောင်လုပ်ဖို့ပါ။ဒါပေမဲ့သူဟာ

ဘောလုံးလည်းကောင်းကောင်းပေးနိုင်သူပါ။သူလုပ်နိုင်တယ်လို့

ယုံကြည်တယ်။ဒီပွဲမှာသူဒါကိုသက်သေပြသွားတယ်”လို့

ပြောကြားသွားပါတယ်။ ယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀

ရရှိနေတဲ့ဒီဂီယာဟာကမ္ဘာ့ဂိုးသမားလောကတွင်လုပ်ခအများဆုံး

ဂိုးသမားအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။ သူဟာယခုရာသီအကုန်တွင်

ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ယူနိုက်တက်ဟာ

ဒီဂီယာရဲ့စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကို

ထည့်သွင်းထားရာစာချုပ်သက်တမ်းတိုးရေးပူပန်စရာမရှိပါဘူး။

အဲရစ်တန်ဟက်ကကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဒီဂီယာကို

စာချုပ်သစ်ချုပ်ဆိုရေးအပေါ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း

ဆိုသွားပါတယ်။ ယူနိုက်တက်ဟာမနေ့ညတုန်းကဝက်စ်ဟမ်းနှင့်ပွဲတွင်

မားကပ်စ်ရက်ဖို့ဒ်ရဲ့ပါဝါခေါင်းတိုက်ချက်ဂိုးဖြင့် ၁-ဝဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

ယင်းဂိုးကရက်ဖို့ဒ်ရဲ့ယူနိုက်တက်အတွက်ဂိုးရာပြည့်ဂိုးလည်းဖြစ်ပါတယ်။

သူဟာဝိန်းရွန်းနီနောက်ပိုင်းတွင်ယူနိုက်တက်အတွက်ဂိုးရာပြည့်

သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

zawgyi

မေန႔ညပြဲစဥ္က Man of the Match ဆုရွင္ႀကီးကုိ ခ်ီးက်ဴးစကားေျပာဆိုခဲ့တဲ့ တန္ဟက္

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဝက္စ္ဟမ္းႏွင့္ပြဲတြင္

လက္စြမ္းျပကစားသြားခဲ့တဲ့ဂိုးသမားဒီဂီယာကို ႀကီးက်ယ္တဲ့ဂိုးသမား

တစ္ဦးအျဖစ္ခ်ီးက်ဴးသြားခဲ့ၿပီး စပိန္လက္ေ႐ြးစင္ဂိုးသမားမွာ

ေျခေထာက္ေကာင္းစြာအသုံးမျပဳတတ္ဘူးလို႔ေျပာဆိုမႈကို

ျငင္းဆိုသြားပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းကစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ

ဒီဂီယာဟာစပိန္အသင္းရဲ႕ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ပဏာမ

လူစာရင္း၅၅ဦးစာရငး္တြင္ခ်န္လွပ္ခံခဲ့ရေၾကာင္းသိရပါတယ္။

ယူႏိုက္တက္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေလးႀကိမ္

ရရွိထားတဲ့ဒီဂီယာဟာေဘာလုံးေပးပို႔မႈေကာင္းစြာျပဳလုပ္ႏိုင္ျခင္း

မရွိမႈႏွင့္အတူ စပိန္နည္းျပလူးဝစ္အန္းနရစ္ရဲ႕ခ်န္လွပ္ျခင္းခံလာရတာ

ျဖစ္ေၾကာင္းသိရပါတယ္။ ဒါေပမဲ့ဒီဂီယာဟာမေန႔ညတုန္းကဝက္စ္ဟမ္းကို

၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ မစ္ခ်ဲလ္အန္တိုနီယို၊ ကတ္ဇူးမား၊

ဒက္လန္း႐ိုက္စ္တို႔ရဲ႕ဂိုးရႏိုင္တဲ့အခြင့္အေရးကိုကာကြယ္သြားခဲ့ပါတယ္။

အဲရစ္တန္ဟက္က “လူတိုင္းမွာကိုယ့္အျမင္နဲ႔ကိုယ္ရွိတယ္။

ကြၽန္ေတာ့္အတြက္ဂိုးသမားတစ္ဦးအတြက္ပထမဆုံးအေရးအႀကီးဆုံးက

ဂိုးကိုကာကြယ္ႏိုင္ဖို႔ပါ။ဂိုးမေပးရေအာင္လုပ္ဖို႔ပါ။ဒါေပမဲ့သူဟာ

ေဘာလုံးလည္းေကာင္းေကာင္းေပးႏိုင္သူပါ။သူလုပ္ႏိုင္တယ္လို႔

ယုံၾကည္တယ္။ဒီပြဲမွာသူဒါကိုသက္ေသျပသြားတယ္”လို႔

ေျပာၾကားသြားပါတယ္။ ယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀

ရရွိေနတဲ့ဒီဂီယာဟာကမာၻ႔ဂိုးသမားေလာကတြင္လုပ္ခအမ်ားဆုံး

ဂိုးသမားအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။ သူဟာယခုရာသီအကုန္တြင္

ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ယူႏိုက္တက္ဟာ

ဒီဂီယာရဲ႕စာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မဲ့အခ်က္ကို

ထည့္သြင္းထားရာစာခ်ဳပ္သက္တမ္းတိုးေရးပူပန္စရာမရွိပါဘူး။

အဲရစ္တန္ဟက္ကကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ဒီဂီယာကို

စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအေပၚဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း

ဆိုသြားပါတယ္။ ယူႏိုက္တက္ဟာမေန႔ညတုန္းကဝက္စ္ဟမ္းႏွင့္ပြဲတြင္

မားကပ္စ္ရက္ဖို႔ဒ္ရဲ႕ပါဝါေခါင္းတိုက္ခ်က္ဂိုးျဖင့္ ၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

ယင္းဂိုးကရက္ဖို႔ဒ္ရဲ႕ယူႏိုက္တက္အတြက္ဂိုးရာျပည့္ဂိုးလည္းျဖစ္ပါတယ္။

သူဟာဝိန္း႐ြန္းနီေနာက္ပိုင္းတြင္ယူႏိုက္တက္အတြက္ဂိုးရာျပည့္

သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။