
မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားဟာ တံကောက်ကြော
ဒဏ်ရာကြောင့် တနင်္ဂနွေကျရင် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲကို
လွဲချော်မှာဖြစ်တယ်လို့ နည်းပြအဲရစ်တန်ဟက်က အတည်ပြုလိုက်ပါတယ်။
မက်ဂွိုင်းယားဟာ ဂျာမနီအသင်းနဲ့ကစားခဲ့တဲ့ Nations League ပွဲမှာ
ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ
ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်သွားခဲ့ရပါတယ်။ မက်ဂွိုင်းယားအနေနဲ့
ဘယ်လောက်အထိအနားယူရမလဲဆိုတာ အတိအကျမသိရသေးပေမယ့်
မန်ချက်စတာဒါဘီပွဲကို လွဲချော်ဖို့က သေချာနေပါပြီ။ ဒီရာသီမှာ စွမ်းဆောင်ရည်
ကျနေတာကြောင့် အခုနောက်ပိုင်းပွဲတွေမှာ နည်းပြအဲရစ်တန်ဟက်က
မက်ဂွိုင်းယားကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပေမယ့် မက်ဂွိုင်းယားရဲ့
အရည်အချင်းကို ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ အဲရစ်တန်ဟက်
ပြောကြားခဲ့ပါတယ်။ အဲရစ်တန်ဟက်က “မက်ဂွိုင်းယားကို ယုံကြည်မှုအပြည့်နဲ့
ကျွန်တော် အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော်သာမက
ကျန်တဲ့အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေအားလုံးကလည်း
မက်ဂွိုင်းယားကို ယုံကြည်မှုရှိကြပြီး သူ အခုရင်ဆိုင်နေရတဲ့
အခက်အခဲတွေကို အမြန်ဆုံးကျော်လွှားနိုင်မယ်ဆိုတာ ကျွန်တော်
ယုံကြည်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
မန္ခ်က္စတာဒါဘီပြဲကို မက္ဂြိဳင္းယား လြဲေခ်ာ္မယ္လို႔ အဲရစ္တန္ဟက္အတည္ျပဳ
မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ မက္ဂြိဳင္းယားဟာ တံေကာက္ေၾကာ
ဒဏ္ရာေၾကာင့္ တနဂၤေႏြက်ရင္ မန္စီးတီးနဲ႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲကို
လြဲေခ်ာ္မွာျဖစ္တယ္လို႔ နည္းျပအဲရစ္တန္ဟက္က အတည္ျပဳလိုက္ပါတယ္။
မက္ဂြိဳင္းယားဟာ ဂ်ာမနီအသင္းနဲ႔ကစားခဲ့တဲ့ Nations League ပြဲမွာ
ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ေပမယ့္ ပြဲအၿပီးမွာ
ကြင္းထဲကေန ေျခေထာ့နင္းနဲ႔ထြက္သြားခဲ့ရပါတယ္။ မက္ဂြိဳင္းယားအေနနဲ႔
ဘယ္ေလာက္အထိအနားယူရမလဲဆိုတာ အတိအက်မသိရေသးေပမယ့္
မန္ခ်က္စတာဒါဘီပြဲကို လြဲေခ်ာ္ဖို႔က ေသခ်ာေနပါၿပီ။ ဒီရာသီမွာ စြမ္းေဆာင္ရည္
က်ေနတာေၾကာင့္ အခုေနာက္ပိုင္းပြဲေတြမွာ နည္းျပအဲရစ္တန္ဟက္က
မက္ဂြိဳင္းယားကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့ေပမယ့္ မက္ဂြိဳင္းယားရဲ႕
အရည္အခ်င္းကို ယုံၾကည္မႈရွိေနဆဲျဖစ္တယ္လို႔ အဲရစ္တန္ဟက္
ေျပာၾကားခဲ့ပါတယ္။ အဲရစ္တန္ဟက္က “မက္ဂြိဳင္းယားကို ယုံၾကည္မႈအျပည့္နဲ႔
ကြၽန္ေတာ္ အားေပးေထာက္ခံသြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ္သာမက
က်န္တဲ့အသင္းေဖာ္ေတြ၊ နည္းျပအဖြဲ႕ဝင္ေတြအားလုံးကလည္း
မက္ဂြိဳင္းယားကို ယုံၾကည္မႈရွိၾကၿပီး သူ အခုရင္ဆိုင္ေနရတဲ့
အခက္အခဲေတြကို အျမန္ဆုံးေက်ာ္လႊားႏိုင္မယ္ဆိုတာ ကြၽန္ေတာ္
ယုံၾကည္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။