မန်ချက်စတာယူနိုက်တက်ကို အရောင်းစာရင်းတင်လိုက်တဲ့အပေါ် ရွိုင်ကိန်းရဲ့ အမြင်

မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်း‌ဆောင်ဟောင်း ရွိုင်ကိန်းက

သူ့ရဲ့ အသင်းဟောင်းကို ဂလေဇာမိသားစုက ရောင်းချသွားတော့မယ့်အပေါ်

မှတ်ချက်ပေးလိုက်ပါတယ်။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို

ဝယ်ယူထားခဲ့တာ ၁၇ နှစ်ရှိပြီဖြစ်ပြီး၊ ယူနိုက်တက်ပရိသတ်တွေဟာလည်း

စီးပွားရေးဆန်လွန်းတဲ့ ဂလေဇာတို့ကို အသင်းကနေ ထွက်သွားဖို့ အကြိမ်ကြိမ်

ဆန္ဒပြတောင်းဆိုနေခဲ့တာ အချိန်တစ်ခုရှိပြီလည်း ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် အခုချိန်မှာ အသင်းပိုင်ရှင်အပြောင်းအလဲ

ဖြစ်လာတော့မယ့်ကိစ္စဟာ ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်ပါတယ်။

ထို့အတူပဲ ရွိုင်ကိန်းကလည်း “ ဒါက ယူနိုက်တက်ပရိသတ်တွေအတွက်

သတင်းကောင်းပါပဲ၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူတို့က အသင်းပိုင်ရှင်တွေကို

ထွက်သွားစေချင်ခဲ့တာပါ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း မရှိခဲ့ကြဘူး။

ဂလေဇာတို့က စီးပွားရေးဆန်တဲ့လူတွေပါ၊ ဒီတော့ ဒါက

အသင်းပရိသတ်တွေအတွက် သတင်းကောင်းပါပဲ ” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်ကလည်း

“ ကျွန်တော်တော့ ကျေနပ်တယ် ဘာလို့လဲဆိုတော့ ပရိသတ်တွေဟာ

ဆန္ဒပြတာတွေကို မရပ်တန့်ခဲ့တာကြောင့်ပါ။ အဲ့ဒီလိုသာဖြစ်လာမယ်ဆိုရင်

ဒီလောက်ကြီးမားတဲ့ကလပ်အသင်းမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိရဖို့

ပရိသတ်တွေရဲ့ ပါဝင်ပတ်သက်မှုရှိဖို့ လိုပါတယ်။ ပရိသတ်တွေက

ထူးချွန်ခဲ့ကြတယ်၊ ပရိသတ်တွေအတွက် ဒါက တကယ်ဖြစ်လာဖို့

ကျွန်တော် မျှော်လင့်ပါတယ် ” “ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ

ပထမဆုံးနေ့တည်းက ဒီလိုမျိုးဖြစ်ချင်ခဲ့တာကြောင့်ပါ၊

အခုချိန်မှာတော့ အဲ့ဒါက ဖြစ်လာနိုင်တော့မယ်။ ယူနိုက်တက်

ပရိသတ်တွေအတွက် ဝမ်းသာပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေမှာတော့ မန်ယူအသင်းကို

ဒူဘိုင်းစော်ဘွားတစ်ဦးက ပေါင် ၁၀ ဘီလီယံအထိ အသုံးပြုပြီး

ဝယ်ယူချင်နေတယ်လို့ ကြားသိထားရပါတယ်။

zawgyi

မန္ခ်က္စတာယူႏိုက္တက္ကို အေရာင္းစာရင္းတင္လိုက္တဲ့အေပၚ ႐ြိဳင္ကိန္းရဲ႕ အျမင္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အသင္းေခါင္း‌ေဆာင္ေဟာင္း ႐ြိဳင္ကိန္းက

သူ႔ရဲ႕ အသင္းေဟာင္းကို ဂေလဇာမိသားစုက ေရာင္းခ်သြားေတာ့မယ့္အေပၚ

မွတ္ခ်က္ေပးလိုက္ပါတယ္။ ဂေလဇာမိသားစုဟာ မန္ယူအသင္းကို

ဝယ္ယူထားခဲ့တာ ၁၇ ႏွစ္ရွိၿပီျဖစ္ၿပီး၊ ယူႏိုက္တက္ပရိသတ္ေတြဟာလည္း

စီးပြားေရးဆန္လြန္းတဲ့ ဂေလဇာတို႔ကို အသင္းကေန ထြက္သြားဖို႔ အႀကိမ္ႀကိမ္

ဆႏၵျပေတာင္းဆိုေနခဲ့တာ အခ်ိန္တစ္ခုရွိၿပီလည္း ျဖစ္ပါတယ္။

ထို႔အတြက္ေၾကာင့္ အခုခ်ိန္မွာ အသင္းပိုင္ရွင္အေျပာင္းအလဲ

ျဖစ္လာေတာ့မယ့္ကိစၥဟာ ပရိသတ္ေတြအတြက္ ဝမ္းသာစရာျဖစ္ပါတယ္။

ထို႔အတူပဲ ႐ြိဳင္ကိန္းကလည္း “ ဒါက ယူႏိုက္တက္ပရိသတ္ေတြအတြက္

သတင္းေကာင္းပါပဲ၊ လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္း သူတို႔က အသင္းပိုင္ရွင္ေတြကို

ထြက္သြားေစခ်င္ခဲ့တာပါ၊ ေကာင္းမြန္တဲ့ ဆက္ဆံေရးလည္း မရွိခဲ့ၾကဘူး။

ဂေလဇာတို႔က စီးပြားေရးဆန္တဲ့လူေတြပါ၊ ဒီေတာ့ ဒါက

အသင္းပရိသတ္ေတြအတြက္ သတင္းေကာင္းပါပဲ ” လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး အာဆင္နယ္ကစားသမားေဟာင္း အီယန္႐ိုက္ကလည္း

“ ကြၽန္ေတာ္ေတာ့ ေက်နပ္တယ္ ဘာလို႔လဲဆိုေတာ့ ပရိသတ္ေတြဟာ

ဆႏၵျပတာေတြကို မရပ္တန႔္ခဲ့တာေၾကာင့္ပါ။ အဲ့ဒီလိုသာျဖစ္လာမယ္ဆိုရင္

ဒီေလာက္ႀကီးမားတဲ့ကလပ္အသင္းမွာ ဘာေတြ ျဖစ္ေနသလဲဆိုတာ သိရဖို႔

ပရိသတ္ေတြရဲ႕ ပါဝင္ပတ္သက္မႈရွိဖို႔ လိုပါတယ္။ ပရိသတ္ေတြက

ထူးခြၽန္ခဲ့ၾကတယ္၊ ပရိသတ္ေတြအတြက္ ဒါက တကယ္ျဖစ္လာဖို႔

ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္ ” “ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ဟာ

ပထမဆုံးေန႔တည္းက ဒီလိုမ်ိဳးျဖစ္ခ်င္ခဲ့တာေၾကာင့္ပါ၊

အခုခ်ိန္မွာေတာ့ အဲ့ဒါက ျဖစ္လာႏိုင္ေတာ့မယ္။ ယူႏိုက္တက္

ပရိသတ္ေတြအတြက္ ဝမ္းသာပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ေနာက္ဆုံးထြက္ေပၚထားတဲ့ သတင္းေတြမွာေတာ့ မန္ယူအသင္းကို

ဒူဘိုင္းေစာ္ဘြားတစ္ဦးက ေပါင္ ၁၀ ဘီလီယံအထိ အသုံးျပဳၿပီး

ဝယ္ယူခ်င္ေနတယ္လို႔ ၾကားသိထားရပါတယ္။