မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ သရဲနီလူငယ်ကြယ်ပွင့်

တိုက်စစ်မှူး Manni Norkett ဟာ မန်ချက်စတာ ယူနိုက်တက်

ယူ – ၁၈ အသင်းက ပြိုင်ဘက် ဘလက်ဘန်းအသင်းကို ( ၆-၁ ) ရလာဒ်နဲ့

အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ( ၂ ) ဂိုး သွင်းယူခဲ့ပါတယ်။ အသက် ( ၁၇ ) နှစ်အရွယ်

တိုက်စစ်မှူးနဲ့အတူ James Nolan ၊ Adam Berry ၊ Ethan Williams နှင့်

Maxi Oyedele တို့ကလည်း တစ်ဂိုးစီ သွင်းယူခဲ့ကြပါတယ်။

ယူနိုက်တက်ရဲ့ ယူ – ၂၁ အသင်းကလည်း ဘလက်ဘန်းနဲ့ပဲ ကစားခဲ့ရပြီး

အဲ့ဒီပွဲစဉ်ကတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ပွဲထွက်လူစာရင်းမှာ ဆေ့ဗေ့ ၊

ဟန်ဆန် ၊ ရှောရီတီယေး နှင့် မက်နေးလ်တို့လို နာမည်ကြီး ကစားသမားတွေ

ပါဝင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ ( ၅-၁ ) ရလာဒ်နဲ့ အရေးနိမ့်နေခဲ့ပါတယ်။

အပေါင်းလက္ခဏာဆောင်တဲ့အရာဆိုလို့ ဆိုလာ ရှောရီတီယေးရဲ့

သွင်းဂိုးတစ်ဂိုးကိုသာ မြင်တွေ့ခဲ့ရပြီး လုံးဝ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူ – ၂၁ အသင်းဟာ ယူ – ၁၈ အသင်း အနိုင်ရထားတဲ့

ဂိုးရလာဒ်အတိုင်း ( ၆-၁ ) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

zawgyi

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဂုိးျပတ္ႏုိင္ပြဲမွာ ၂ ဂုိးသြင္းယူခဲ့တဲ့ သရဲနီလူငယ္ၾကယ္ပြင့္

တိုက္စစ္မႉး Manni Norkett ဟာ မန္ခ်က္စတာ ယူႏိုက္တက္

ယူ – ၁၈ အသင္းက ၿပိဳင္ဘက္ ဘလက္ဘန္းအသင္းကို ( ၆-၁ ) ရလာဒ္နဲ႔

အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ( ၂ ) ဂိုး သြင္းယူခဲ့ပါတယ္။ အသက္ ( ၁၇ ) ႏွစ္အ႐ြယ္

တိုက္စစ္မႉးနဲ႔အတူ James Nolan ၊ Adam Berry ၊ Ethan Williams ႏွင့္

Maxi Oyedele တို႔ကလည္း တစ္ဂိုးစီ သြင္းယူခဲ့ၾကပါတယ္။

ယူႏိုက္တက္ရဲ႕ ယူ – ၂၁ အသင္းကလည္း ဘလက္ဘန္းနဲ႔ပဲ ကစားခဲ့ရၿပီး

အဲ့ဒီပြဲစဥ္ကေတာ့ ထင္သလို ျဖစ္မလာခဲ့ပါဘူး။ ပြဲထြက္လူစာရင္းမွာ ေဆ့ေဗ့ ၊

ဟန္ဆန္ ၊ ေရွာရီတီေယး ႏွင့္ မက္ေနးလ္တို႔လို နာမည္ႀကီး ကစားသမားေတြ

ပါဝင္ခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာပဲ ( ၅-၁ ) ရလာဒ္နဲ႔ အေရးနိမ့္ေနခဲ့ပါတယ္။

အေပါင္းလကၡဏာေဆာင္တဲ့အရာဆိုလို႔ ဆိုလာ ေရွာရီတီေယးရဲ႕

သြင္းဂိုးတစ္ဂိုးကိုသာ ျမင္ေတြ႕ခဲ့ရၿပီး လုံးဝ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ ယူ – ၂၁ အသင္းဟာ ယူ – ၁၈ အသင္း အႏိုင္ရထားတဲ့

ဂိုးရလာဒ္အတိုင္း ( ၆-၁ ) နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။