
မန်ချက်စတာ ယူနိုက်တက် လူငယ် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ဟာ
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ရည်းစားဖြစ်သူကို လိင်ပိုင်းဆိုင်ရာ
ကျူးလွန်မှု ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိမှာ အာမခံနဲ့ပြန်လွတ်လာပေမယ့် ဆက်လက် တရားရင်ဆိုင်
နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ( ၂၀၂၂/၂၃ ) ရာသီ အသင်းရဲ့
ကစားသမားစာရင်းမှာ ဂရင်းဝုဒ်ကို ဆက်လက် ထည့်သွင်းထားသလို
သူ့ရဲ့ နံပါတ် ( ၁၁ ) ကိုလည်း ဆက်လက် ချန်လှပ်ထားဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ထူးခြားမှုတစ်ခု ရှိလာပါတယ်။
Sarrwillz1 ဆိုတဲ့ တွစ်တာအကောင့်ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ် နှင့်
သူ့ ရည်းစားဟောင်းတို့ဟာ လက်ရှိမှာ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်
ဖော်လို လုပ်ထားကြတယ်လို့ သိရပါတယ်။ သူက “ မေဆန် ဂရင်းဝုဒ် နှင့်
သူ့ ရည်းစားဟောင်းတို့ဟာ လက်ရှိမှာ အင်စတာဂရမ်တွင် တစ်ဦး နှင့် တစ်ဦး
အပြန်အလှန် ဖော်လို လုပ်ထားကြပါတယ်။ သူတို့ ပြဿနာကို ဖြေရှင်းနိုင်ပြီး
အမှုကျေအေးဖို့ မျှော်လင့်ရပါတယ်။ ဂရင်းဝုဒ် ပြန်လာဖို့ မျှော်လင့်ပါတယ်။”လို့
ရေးသားကာ ဖော်လိုလုပ်ထားတဲ့ ဓာတ်ပုံ သက်သေနဲ့ အတူ ဖော်ပြခဲ့ပါတယ်။
Muhammad Butt ဆိုတဲ့ ယူနိုက်တက် ပရိသတ် တစ်ဦးကလည်း
“ သနားစရာ ကောင်မလေးပါပဲ။ မန်ယူနိုက်တက်က သူ့ကို သေချာပေါက်
ပြန်ခေါ်ပါလိမ့်မယ်။ သူ့ရဲ့ နံပါတ်ကိုလည်း ချန်ထားတာတွေ့ရပါတယ်။
အရှက်တရားတွေ မရှိပါဘူး။”လို့ မှတ်ချက်ပေးထားပါတယ်။
zawgyi
မန္ခ်က္စတာယူႏုိက္တက္အတြက္ ေမဆန္ ဂရင္း၀ုဒ္ ျပန္ကစားေပးႏုိင္ေတာ့မွာလား…
မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ ၾကယ္ပြင့္ ေမဆန္ ဂရင္းဝုဒ္ဟာ
ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ရည္းစားျဖစ္သူကို လိင္ပိုင္းဆိုင္ရာ
က်ဴးလြန္မႈ ၊ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈေတြနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။
လက္ရွိမွာ အာမခံနဲ ့ျပန္လြတ္လာေပမယ့္ ဆက္လက္ တရားရင္ဆိုင္
ေနရဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ ( ၂၀၂၂/၂၃ ) ရာသီ အသင္းရဲ႕
ကစားသမားစာရင္းမွာ ဂရင္းဝုဒ္ကို ဆက္လက္ ထည့္သြင္းထားသလို
သူ႔ရဲ႕ နံပါတ္ ( ၁၁ ) ကိုလည္း ဆက္လက္ ခ်န္လွပ္ထားဆဲျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဂရင္းဝုဒ္နဲ႔ ပတ္သက္ၿပီး ထူးျခားမႈတစ္ခု ရွိလာပါတယ္။
Sarrwillz1 ဆိုတဲ့ တြစ္တာအေကာင့္ရဲ႕ ေဖာ္ျပခ်က္အရ ဂရင္းဝုဒ္ ႏွင့္
သူ႔ ရည္းစားေဟာင္းတို႔ဟာ လက္ရွိမွာ တစ္ဦး ႏွင့္ တစ္ဦး အျပန္အလွန္
ေဖာ္လို လုပ္ထားၾကတယ္လို႔ သိရပါတယ္။ သူက “ ေမဆန္ ဂရင္းဝုဒ္ ႏွင့္
သူ႔ ရည္းစားေဟာင္းတို႔ဟာ လက္ရွိမွာ အင္စတာဂရမ္တြင္ တစ္ဦး ႏွင့္ တစ္ဦး
အျပန္အလွန္ ေဖာ္လို လုပ္ထားၾကပါတယ္။ သူတို႔ ျပႆနာကို ေျဖရွင္းႏိုင္ၿပီး
အမႈေက်ေအးဖို႔ ေမွ်ာ္လင့္ရပါတယ္။ ဂရင္းဝုဒ္ ျပန္လာဖို႔ ေမွ်ာ္လင့္ပါတယ္။”လို႔
ေရးသားကာ ေဖာ္လိုလုပ္ထားတဲ့ ဓာတ္ပုံ သက္ေသနဲ႔ အတူ ေဖာ္ျပခဲ့ပါတယ္။
Muhammad Butt ဆိုတဲ့ ယူႏိုက္တက္ ပရိသတ္ တစ္ဦးကလည္း
“ သနားစရာ ေကာင္မေလးပါပဲ။ မန္ယူႏိုက္တက္က သူ႔ကို ေသခ်ာေပါက္
ျပန္ေခၚပါလိမ့္မယ္။ သူ႔ရဲ႕ နံပါတ္ကိုလည္း ခ်န္ထားတာေတြ႕ရပါတယ္။
အရွက္တရားေတြ မရွိပါဘူး။”လို႔ မွတ္ခ်က္ေပးထားပါတယ္။