” မန်ချက်စတာ ယူနိုက်တက်က ဂတ်ပိုကို မခေါ်ယူသင့်ဘူး ” _ တက်ဒီ ရှယ်ရင်ဟန်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း တက်ဒီ ရှယ်ရင်ဟန်က

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး ကိုဒီ ဂတ်ပိုအား မခေါ်ယူဖို့ သူ့ရဲ့

အသင်းဟောင်းကို အကြံပြုလာပါတယ်။ ဂတ်ပိုဟာ မန်ယူအသင်းနဲ့

ချိတ်ဆက်မှုရှိနေခဲ့တာ ကြာပြီဖြစ်ပြီး၊ အသက် ၂၃ နှစ်သားဟာ

နွေရာသီတုန်းက ပီအက်စ်ဗွီအသင်းမှာ ဆက်နေဖို့ မဆုံးဖြတ်မီမှာ

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂတ်ပိုဟာ လက်ရှိမှာ အရည်အချင်းအရှိဆုံးလူငယ်တွေထဲက တစ်ဦးအဖြစ်

သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး၊ ဒီရာသီမှာ သူ့ရဲ့ ကလပ်အသင်းအတွက်

၂၄ ပွဲကစားပေးရာမှာ ၁၃ ဂိုး သွင်းယူထားပြီး၊ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ

ပြုလုပ်ထားခဲ့ပါတယ်။ ဂတ်ပိုရဲ့ တန်ကြေးဟာ ပေါင် သန်း ၄၀ ရှိနေပြီး၊

ဇန်နဝါရီအပြောင်းအရွှေ့ကျရင် အသင်းကြီးတစ်သင်းသင်းက ခေါ်ယူဖို့

မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှယ်ရင်ဟန်ကတော့

မန်ယူကို ထိုအသင်းတွေထဲမှာ မပါ‌ဝင်စေချင်တာ ဖြစ်ပါတယ်။

“ မန်ယူအသင်းအနေနဲ့ ဂတ်ပိုလို သွက်လက်ပေါ့ပါးတဲ့နောက်ထပ်

ကစားသမားတစ်ဦးကို မလိုအပ်တော့ပါဘူး ” “ တိုက်စစ်ကို ဦးဆောင်နိုင်တဲ့

အထောင်တိုက်စစ်မျိုး ကျွန်တော်တို့ လိုအပ်တာပါ၊ အသင်းအတွက်

တိုက်စစ်ဆင်ဖို့ ဆုံမှတ်တစ်ခုလိုတယ်။ တောင်ပံနေရာ ဒါမှမဟုတ်

false nine နေရာမှာ ကစားနိုင်တဲ့ နောက်ထပ်နည်းစနစ်ပိုင်းကျွမ်းတဲ့

ကစားသမားမျိုး ကျွန်တော်တို့ မလိုအပ်ပါဘူး၊ ကျွန်တော်တို့မှာ အဲ့ဒီလို

ကစားသမားတွေ အများကြီးရှိပြီးသားပါ ” “ ဥပမာဆိုရင် အန်တိုနီ

မာစီရယ်ရှိတယ်၊ မားကပ် ရက်ရှ်ဖို့ဒ် ရှိတယ်၊ ပြီးတော့ ဂျေဒန် ဆန်ချိုကောပဲ။

အခုချိန်မှာ အမှန်တိုင်းပြောရတာက နည်းနည်းတော့ ဒုက္ခရောက်ပါတယ် ” လို့

ပြောဆိုခဲ့ပါတယ်။ ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆီနီဂေါအသင်းကို

၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူထားခဲ့ပါတယ်။ ဂတ်ပိုရဲ့ နယ်သာလန်ဟာ

သောကြာနေ့မှာ အီကွေဒေါအသင်းနဲ့ ကစားရမာဖြစ်ပါတယ်။

zawgyi

” မန္ခ်က္စတာ ယူႏိုက္တက္က ဂတ္ပိုကို မေခၚယူသင့္ဘူး ” _ တက္ဒီ ရွယ္ရင္ဟန္

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း တက္ဒီ ရွယ္ရင္ဟန္က

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉး ကိုဒီ ဂတ္ပိုအား မေခၚယူဖို႔ သူ႔ရဲ႕

အသင္းေဟာင္းကို အႀကံျပဳလာပါတယ္။ ဂတ္ပိုဟာ မန္ယူအသင္းနဲ႔

ခ်ိတ္ဆက္မႈရွိေနခဲ့တာ ၾကာၿပီျဖစ္ၿပီး၊ အသက္ ၂၃ ႏွစ္သားဟာ

ေႏြရာသီတုန္းက ပီအက္စ္ဗြီအသင္းမွာ ဆက္ေနဖို႔ မဆုံးျဖတ္မီမွာ

ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ဂတ္ပိုဟာ လက္ရွိမွာ အရည္အခ်င္းအရွိဆုံးလူငယ္ေတြထဲက တစ္ဦးအျဖစ္

သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီး၊ ဒီရာသီမွာ သူ႔ရဲ႕ ကလပ္အသင္းအတြက္

၂၄ ပြဲကစားေပးရာမွာ ၁၃ ဂိုး သြင္းယူထားၿပီး၊ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္အထိ

ျပဳလုပ္ထားခဲ့ပါတယ္။ ဂတ္ပိုရဲ႕ တန္ေၾကးဟာ ေပါင္ သန္း ၄၀ ရွိေနၿပီး၊

ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ အသင္းႀကီးတစ္သင္းသင္းက ေခၚယူဖို႔

ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရွယ္ရင္ဟန္ကေတာ့

မန္ယူကို ထိုအသင္းေတြထဲမွာ မပါ‌ဝင္ေစခ်င္တာ ျဖစ္ပါတယ္။

“ မန္ယူအသင္းအေနနဲ႔ ဂတ္ပိုလို သြက္လက္ေပါ့ပါးတဲ့ေနာက္ထပ္

ကစားသမားတစ္ဦးကို မလိုအပ္ေတာ့ပါဘူး ” “ တိုက္စစ္ကို ဦးေဆာင္ႏိုင္တဲ့

အေထာင္တိုက္စစ္မ်ိဳး ကြၽန္ေတာ္တို႔ လိုအပ္တာပါ၊ အသင္းအတြက္

တိုက္စစ္ဆင္ဖို႔ ဆုံမွတ္တစ္ခုလိုတယ္။ ေတာင္ပံေနရာ ဒါမွမဟုတ္

false nine ေနရာမွာ ကစားႏိုင္တဲ့ ေနာက္ထပ္နည္းစနစ္ပိုင္းကြၽမ္းတဲ့

ကစားသမားမ်ိဳး ကြၽန္ေတာ္တို႔ မလိုအပ္ပါဘူး၊ ကြၽန္ေတာ္တို႔မွာ အဲ့ဒီလို

ကစားသမားေတြ အမ်ားႀကီးရွိၿပီးသားပါ ” “ ဥပမာဆိုရင္ အန္တိုနီ

မာစီရယ္ရွိတယ္၊ မားကပ္ ရက္ရွ္ဖို႔ဒ္ ရွိတယ္၊ ၿပီးေတာ့ ေဂ်ဒန္ ဆန္ခ်ိဳေကာပဲ။

အခုခ်ိန္မွာ အမွန္တိုင္းေျပာရတာက နည္းနည္းေတာ့ ဒုကၡေရာက္ပါတယ္ ” လို႔

ေျပာဆိုခဲ့ပါတယ္။ ဂတ္ပိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဆီနီေဂါအသင္းကို

၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္းယူထားခဲ့ပါတယ္။ ဂတ္ပိုရဲ႕ နယ္သာလန္ဟာ

ေသာၾကာေန႔မွာ အီေကြေဒါအသင္းနဲ႔ ကစားရမာျဖစ္ပါတယ္။