မန်ချက်ဆီသွားဖို့ တင်ဘာကိုပိတ်ပင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဗန်ဟားလ် ပြတ်ပြတ်သားသားတုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်က သူ့အနေနဲ့

သူ့ရဲ့ နယ်သာလန်လက်ရွေးစင်ကစားသမားတွေကို နွေရာသီအပြောင်းအရွှေ့တုန်းက

မန်ယူအသင်းဆီ မပြောင်းရွှေ့ဖို့ ဟန့်တားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်

ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ အဲရစ် တန်ဟန့်ဟာ မန်ယူနည်းပြ

ဖြစ်လာပြီးတဲ့နောက် နယ်သာလန်လိဂ်က ကစားသမားအများအပြားကို

ပစ်မှတ်ထားခဲ့ပြီး၊ သူ့ရဲ့ အသင်းဟောင်း အေဂျက်က ခံစစ်ကစားသမား

ဂျုရီယန် တင်ဘာနဲ့ ဖီယင်နိုတိုက်စစ်မှူး ကိုဒီ ဂတ်ပိုတို့လည်း ပါဝင်ခဲ့ပါတယ်။

ထိုကစားသမားနှစ်ဦးစလုံးဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ

ကစားနေတာကြောင့် နိုင်ငံအသင်းနည်းပြ လူးဝစ် ဗန်ဟားလ်ကို

အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းခံခဲ့ကြပါတယ်။

အဲ့ဒီအခါမှာ ဗန်ဟားလ်က လာမယ့်နိုဝင်ဘာလမှာ ကာတာကမ္ဘာ့ဖလား

ရှိတာကြောင့် အခုချိန်မှာ အေဂျက်အသင်းကနေ ထွက်တာက ဉာဏ်ရှိတဲ့

လုပ်ရပ်ဖြစ်မာ မဟုတ်ကြောင်း တင်ဘာကို ပြောဆိုခဲ့ပြီး၊ ဂတ်ပိုကိုလည်း

အပြောင်းအရွှေ့ဟာ အကောင်းဆုံးမဟုတ်ကြောင်း အကြံပြုခဲ့ပါတယ်။

ထို့နောက်မှာတော့ သတင်းမီဒီယာတွေမှာ ဗန်ဟားလ်က ထိုကစားသမားတွေကို

ယူနိုက်တက်အသင်းဆီ မပြောင်း‌ရွှေ့ဖို့ ဟန့်တားခဲ့တယ်ဆိုပြီး ရေးသား

ဖော်ပြခဲ့ကြပါတယ်။ အခုချိန်မှာတော့ ထိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး

ဗန်ဟားလ်က အခုလိုပဲ တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။ “ ကစားသမား

တော်တော်များများက ကျွန်တော့်ဆီကနေ အကြံဉာဏ်တောင်းခဲ့ကြပါတယ်၊

ဒါက မှန်ပါတယ်။ ကျွန်တော်က အမြဲတမ်းအကြံပေးပြီးတဲ့အခါမှာ

ဒါက အကြံပေးတာသက်သက်ပဲ၊ မင်းအနေနဲ့ ကိုယ့်အတွက်

အကောင်းဆုံးဖြစ်မယ့်အရာကို အမြဲသိအောင် လုပ်ပြီးတော့

ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ပါ ဆိုပြီး အဆုံးသတ်လေ့ရှိပါတယ်။

မုန်တိုင်းက အခုပြီး‌ဆုံးသွားပါပြီ၊ ဒီတော့ ကျွန်တော့်အတွက် ဒါက

စိတ်ကျေနပ်စရာပဲလို့ ပြောရပါမယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

zawgyi

မန္ခ်က္ဆီသြားဖုိ႔ တင္ဘာကုိပိတ္ပင္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ကုိ ဗန္ဟားလ္ ျပတ္ျပတ္သားသားတုံ႔ျပန္

မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း လူးဝစ္ ဗန္ဟားလ္က သူ႔အေနနဲ႔

သူ႔ရဲ႕ နယ္သာလန္လက္ေ႐ြးစင္ကစားသမားေတြကို ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက

မန္ယူအသင္းဆီ မေျပာင္းေ႐ႊ႕ဖို႔ ဟန႔္တားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြအေပၚ

ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။ အဲရစ္ တန္ဟန႔္ဟာ မန္ယူနည္းျပ

ျဖစ္လာၿပီးတဲ့ေနာက္ နယ္သာလန္လိဂ္က ကစားသမားအမ်ားအျပားကို

ပစ္မွတ္ထားခဲ့ၿပီး၊ သူ႔ရဲ႕ အသင္းေဟာင္း ေအဂ်က္က ခံစစ္ကစားသမား

ဂ်ဳရီယန္ တင္ဘာနဲ႔ ဖီယင္ႏိုတိုက္စစ္မႉး ကိုဒီ ဂတ္ပိုတို႔လည္း ပါဝင္ခဲ့ပါတယ္။

ထိုကစားသမားႏွစ္ဦးစလုံးဟာ နယ္သာလန္လက္ေ႐ြးစင္အသင္းမွာ

ကစားေနတာေၾကာင့္ ႏိုင္ငံအသင္းနည္းျပ လူးဝစ္ ဗန္ဟားလ္ကို

အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး အႀကံဉာဏ္ေတာင္းခံခဲ့ၾကပါတယ္။

အဲ့ဒီအခါမွာ ဗန္ဟားလ္က လာမယ့္ႏိုဝင္ဘာလမွာ ကာတာကမာၻ႔ဖလား

ရွိတာေၾကာင့္ အခုခ်ိန္မွာ ေအဂ်က္အသင္းကေန ထြက္တာက ဉာဏ္ရွိတဲ့

လုပ္ရပ္ျဖစ္မာ မဟုတ္ေၾကာင္း တင္ဘာကို ေျပာဆိုခဲ့ၿပီး၊ ဂတ္ပိုကိုလည္း

အေျပာင္းအေ႐ႊ႕ဟာ အေကာင္းဆုံးမဟုတ္ေၾကာင္း အႀကံျပဳခဲ့ပါတယ္။

ထို႔ေနာက္မွာေတာ့ သတင္းမီဒီယာေတြမွာ ဗန္ဟားလ္က ထိုကစားသမားေတြကို

ယူႏိုက္တက္အသင္းဆီ မေျပာင္း‌ေ႐ႊ႕ဖို႔ ဟန႔္တားခဲ့တယ္ဆိုၿပီး ေရးသား

ေဖာ္ျပခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ ထိုေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး

ဗန္ဟားလ္က အခုလိုပဲ တုံ႔ျပန္ေျပာဆိုလာခဲ့ပါတယ္။ “ ကစားသမား

ေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ့္ဆီကေန အႀကံဉာဏ္ေတာင္းခဲ့ၾကပါတယ္၊

ဒါက မွန္ပါတယ္။ ကြၽန္ေတာ္က အၿမဲတမ္းအႀကံေပးၿပီးတဲ့အခါမွာ

ဒါက အႀကံေပးတာသက္သက္ပဲ၊ မင္းအေနနဲ႔ ကိုယ့္အတြက္

အေကာင္းဆုံးျဖစ္မယ့္အရာကို အၿမဲသိေအာင္ လုပ္ၿပီးေတာ့

ကိုယ္ကိုယ္တိုင္ပဲ ေ႐ြးခ်ယ္ပါ ဆိုၿပီး အဆုံးသတ္ေလ့ရွိပါတယ္။

မုန္တိုင္းက အခုၿပီး‌ဆုံးသြားပါၿပီ၊ ဒီေတာ့ ကြၽန္ေတာ့္အတြက္ ဒါက

စိတ္ေက်နပ္စရာပဲလို႔ ေျပာရပါမယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။