
ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြဂိုးတွေ
သွင်းယူနေတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လာမယ့်
မန်ချက်စတာဒါဘီပွဲမှာ ပုံစံကောင်း ဆက်ပြပြီးတော့
ဂိုးသွင်းနိုင်မယ်ဆိုရင် (၆၄)နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့
သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံစံကောင်း
ပြသနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးနောက်ပိုင်း
ခြေစွမ်းပိုကောင်းလာရုံသာမကပဲ ဂိုးပါမြူးနေပြီး ပြိုင်ပွဲစုံ
နောက်ဆုံး(၆)ပွဲမှာ (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်
ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့အပြင်
ဂန္ထဝင်တိုက်စစ်မှူး ရွန်နီ(၂၀၁၀၊ မတ်လ)နောက်ပိုင်း
အိုးလ်ထရက်ဖို့ဒ်မှာ (၈)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့
ပထမဆုံးကစားသမားဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီက ပွဲပေါင်း
(၃၂)ပွဲကစားအပြီးမှာ (၅)ဂိုးသာ သွင်းနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ
ဒီရာသီမှာတော့ (၂၅)ပွဲကစားအပြီးမှာပဲ (၁၅)ဂိုးအထိ
သွင်းနိုင်ပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရာသီကထက် ဂိုးအရေအတွက်
(၃)ဆ ပိုများခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ စနေနေ့၊
မြန်မာစံတော်ချိန် ည(၇:၀၀)ကျရင် မန်စီးတီးအသင်းကို
ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပြီး
တကယ်လို့ အဲဒီပွဲမှာသာ ရပ်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်မယ်ဆိုရင်
နာမည်ကျော်တိုက်စစ်မှူးဟောင်း ဒင်းနစ်ဗိုင်အိုလက်ရဲ့
အိမ်ကွင်းပွဲဆက်အများဆုံး ဂိုးသွင်းနိုင်တဲ့စံချိန်ကို
အမီလိုက်နိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ
၁၉၅၃ ကနေ ၁၉၆၂ ခုနှစ်အထိကစားခဲ့ပြီး အမှတ်ပေးဖလား(၂)ကြိမ်၊
ချာရတီဒိုင်း(၂)ကြိမ်ဆွတ်ခူးခဲ့သူ ဒင်းနစ်ဗိုင်အိုလက်ဟာ
၁၉၅၉ သြဂုတ်လကနေ ဒီဇင်ဘာလအတွင်း အိမ်ကွင်း(၉)ပွဲဆက်တိုက်
ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး (၆၄)နှစ်အကြာမှာ ရပ်ရှ်ဖို့ဒ်က
အဲဒီစံချိန်ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်နေပါပြီ။
zawgyi
မန္ခ်က္ရဲ႕ ၆၄ ႏွစ္ၾကာေအာင္ ဘယ္သူမွမခ်ဳိးဖ်က္ႏုိင္ခဲ့တဲ့ စံခ်ိန္ကုိ ရပ္ရွ္ဖို႔ဒ္ ခ်ဳိးဖ်က္ႏုိင္မလား…
ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ေျခစြမ္းျပဂိုးေတြ
သြင္းယူေနတဲ့ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ လာမယ့္
မန္ခ်က္စတာဒါဘီပြဲမွာ ပုံစံေကာင္း ဆက္ျပၿပီးေတာ့
ဂိုးသြင္းႏိုင္မယ္ဆိုရင္ (၆၄)ႏွစ္အထိ ၾကာျမင့္ေနၿပီျဖစ္တဲ့
သြင္းဂိုးမွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
ဒီရာသီ နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ ပုံစံေကာင္း
ျပသေနတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲက ျပန္လာၿပီးေနာက္ပိုင္း
ေျခစြမ္းပိုေကာင္းလာ႐ုံသာမကပဲ ဂိုးပါျမဴးေနၿပီး ၿပိဳင္ပြဲစုံ
ေနာက္ဆုံး(၆)ပြဲမွာ (၇)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲစုံ(၆)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္
ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီ(၂၀၁၀၊ မတ္လ)ေနာက္ပိုင္း
အိုးလ္ထရက္ဖို႔ဒ္မွာ (၈)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္တဲ့
ပထမဆုံးကစားသမားျဖစ္လာပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပြဲေပါင္း
(၃၂)ပြဲကစားအၿပီးမွာ (၅)ဂိုးသာ သြင္းႏိုင္ခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ
ဒီရာသီမွာေတာ့ (၂၅)ပြဲကစားအၿပီးမွာပဲ (၁၅)ဂိုးအထိ
သြင္းႏိုင္ၿပီျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ရာသီကထက္ ဂိုးအေရအတြက္
(၃)ဆ ပိုမ်ားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ စေနေန႔၊
ျမန္မာစံေတာ္ခ်ိန္ ည(၇:၀၀)က်ရင္ မန္စီးတီးအသင္းကို
ပရီးမီးယားလိဂ္ပြဲအျဖစ္ အိုးလ္ထရက္ဖို႔ဒ္မွာ လက္ခံကစားရမွာျဖစ္ၿပီး
တကယ္လို႔ အဲဒီပြဲမွာသာ ရပ္ရွ္ဖို႔ဒ္ ဂိုးသြင္းႏိုင္မယ္ဆိုရင္
နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဒင္းနစ္ဗိုင္အိုလက္ရဲ႕
အိမ္ကြင္းပြဲဆက္အမ်ားဆုံး ဂိုးသြင္းႏိုင္တဲ့စံခ်ိန္ကို
အမီလိုက္ႏိုင္မွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းမွာ
၁၉၅၃ ကေန ၁၉၆၂ ခုႏွစ္အထိကစားခဲ့ၿပီး အမွတ္ေပးဖလား(၂)ႀကိမ္၊
ခ်ာရတီဒိုင္း(၂)ႀကိမ္ဆြတ္ခူးခဲ့သူ ဒင္းနစ္ဗိုင္အိုလက္ဟာ
၁၉၅၉ ၾသဂုတ္လကေန ဒီဇင္ဘာလအတြင္း အိမ္ကြင္း(၉)ပြဲဆက္တိုက္
ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး (၆၄)ႏွစ္အၾကာမွာ ရပ္ရွ္ဖို႔ဒ္က
အဲဒီစံခ်ိန္ကို ျပန္လည္ပိုင္ဆိုင္ခြင့္ရဖို႔ နီးစပ္ေနပါၿပီ။