M Diary Channel
Local and Sport News
မန်ယူကစားသမားတွေနဲ့ နည်းပြကြားမှာ စည်းလုံးမှု ပျက်ပြားစပြုလာပြီလား?
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ (၃) ပွဲဆက်တိုက်
ရလဒ်တွေ ယိမ်းယိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားစိတ်ဓာတ်များ
ကျဆင်းလာနေပြီလို့သိရပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားအချို့ဟာ
အသင်းရဲ့ ရလဒ်ပိုင်း ဆိုးရွားနေမှုအပေါ် မပျော်မရွှင်ဖြစ်နေပြီး နည်းပြဆိုးလ်ရှားရဲ့
လုပ်ရည်ကိုင်ရည်အပေါ်မှာလည်း အားမရတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ ကစားသမားအချို့ဟာ နည်းပြဆိုးလ်ရှားရဲ့ ပုံစံခွက်
ကစားကွက်ကြီးအပေါ်မှာ ပျင်းရိနေပြီး အသင်းရဲ့ ရလဒ်ပိုင်းတွေ ပြန်လည်
ကောင်းမွန်လာဖို့အတွက် ကစားကွက် အပြောင်းအလဲ လုပ်စေချင်နေပြီလို့လည်း သိရပါတယ်။
အဆိုပါ အခြေအနေတွေကြောင့် ဆိုးလ်ရှားကိုထောက်ခံတဲ့ ကစားသမားအချို့ကလည်း
အသင်းရဲ့ စည်းလုံးမှု ပျက်စီးသွားမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
နည်းပြဆိုးလ်ရှားဟာ လက်စတာအသင်းကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ကစားသမားတွေရဲ့
ဒုတိယပိုင်း ကစားပုံကို ကျေနပ်အားရမှု မရှိဘဲ အဝတ်လဲခန်းအတွင်း (၄၅) မိနစ်ကြာ
ဩဝါဒ ခြွေခဲ့တယ်လို့ သိရပါတယ်။
zawgyi
mdiarymm