M Diary Channel

Local and Sport News

မန်ယူဘုတ်အဖွဲ့ရဲ့ သည်းခံနိုင်မှု အတိုင်းအတာကို ထပ်ပြီးမစမ်းသပ်သင့်တော့တဲ့ ဆိုးလ်ရှား

မန်ယူအသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းတွေ ယိမ်းယိုင်နေပေမယ့်လည်း

အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ နည်းပြဆိုးလ်ရှားအပေါ်မှာ ဆက်လက်ပြီး

ယုံကြည်မှုပေးထားဆဲဖြစ်တယ်လို့သိရပါတယ်။

နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂) ခု အတွင်း အသင်းကို

တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း ၊ အသင်းအတွက် အရေးပါတဲ့

ကစားသမားခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်ခဲ့ခြင်း ၊ အသင်းရဲ့ လူငယ်စီမံကိန်း

တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အပြင် အကယ်ဒမီထွက်

လူငယ် ကစားသမားတွေကို စီနီယာအသင်းမှာ ပွဲထွက် ကစားစေခြင်း စတဲ့

အချက်တွေကြောင့် နည်းပြဆိုးလ်ရှားအပေါ်မှာ အမှတ်ပြည့်ပေးထားပြီး

ဆက်လက် ထောက်ခံ အားပေးနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲရလဒ်အပေါ်မှာတော့

ဘုတ်အဖွဲ့ဟာ စိတ်ပျက်စပြုလာနေပြီဖြစ်ပြီး လာမယ့် အတ္တလန်တာ

အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ် ၊ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ

ရလဒ်ပိုင်း ပြန်လည်တည့်မတ်လာအောင် နည်းပြဆိုးလ်ရှားအနေနဲ့

စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ဘုတ်အဖွဲ့က မျှော်လင့်ထားပါတယ်။

ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှု နဲ့ အကာအကွယ်ပေးမှုတွေကို မည်သို့ပင် ရထားစေကာမူ

နည်းပြဆိုးလ်ရှားအတွက်တော့ ကိုယ့်သမိုင်း ကိုယ်ရေးရတော့မယ့် အချိန်အခါ

တစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး မန်ယူဘုတ်အဖွဲ့ရဲ့ သည်းခံနိုင်မှု အတိုင်းအတာကို

ထပ်ပြီး သွေးတိုးမစမ်းတော့ သင့်တဲ့ အနေအထားဖြစ်လို့နေပါတယ်။

ယခုလအတွင်း ကစားဖို့ရှိနေတဲ့ လက်ကျန် (၃) ပွဲဖြစ်တဲ့ အတ္တလန်တာ ၊

လီဗာပူးလ် ၊ စပါးအသင်းတို့နဲ့ ပွဲစဥ်တွေမှာ နည်းပြဆိုးလ်ရှားဘက်က တစ်ခုခု

စွမ်းဆောင်ပြနိုင်တာမျိုး ၊ အမှားတွေကို အချိန်မီ ပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့ရင်တော့

လာမယ့် လပိုင်းအတွင်းမှာ နည်းပြ ရာထူးကနေ ဖယ်ပေးရတော့မယ့်

အနေအထားအထိလည်းဖြစ်သွားနိုင်ပါတယ်။

zawgyi

မန္ယူအသင္းဟာ လက္ရွိမွာ ရလဒ္ပိုင္းေတြ ယိမ္းယိုင္ေနေပမယ့္လည္း

အသင္းရဲ႕ ဘုတ္အဖြဲ႕ကေတာ့ နည္းျပဆိုးလ္ရွားအေပၚမွာ ဆက္လက္ၿပီး

ယုံၾကည္မႈေပးထားဆဲျဖစ္တယ္လို႔သိရပါတယ္။

နည္းျပဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ (၂) ခု အတြင္း အသင္းကို

တိုးတက္လာေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ျခင္း ၊ အသင္းအတြက္ အေရးပါတဲ့

ကစားသမားေခၚယူမႈေတြကို လုပ္ေဆာင္ႏိုင္ခဲ့ျခင္း ၊ အသင္းရဲ႕ လူငယ္စီမံကိန္း

တိုးတက္လာေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့တဲ့အျပင္ အကယ္ဒမီထြက္

လူငယ္ ကစားသမားေတြကို စီနီယာအသင္းမွာ ပြဲထြက္ ကစားေစျခင္း စတဲ့

အခ်က္ေတြေၾကာင့္ နည္းျပဆိုးလ္ရွားအေပၚမွာ အမွတ္ျပည့္ေပးထားၿပီး

ဆက္လက္ ေထာက္ခံ အားေပးေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ လက္စတာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲရလဒ္အေပၚမွာေတာ့

ဘုတ္အဖြဲ႕ဟာ စိတ္ပ်က္စျပဳလာေနၿပီျဖစ္ၿပီး လာမယ့္ အတၱလန္တာ

အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ ၊ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ

ရလဒ္ပိုင္း ျပန္လည္တည့္မတ္လာေအာင္ နည္းျပဆိုးလ္ရွားအေနနဲ႔

စြမ္းေဆာင္ျပႏိုင္လိမ့္မယ္လို႔ ဘုတ္အဖြဲ႕က ေမွ်ာ္လင့္ထားပါတယ္။

ဘုတ္အဖြဲ႕ရဲ႕ ယုံၾကည္မႈ နဲ႔ အကာအကြယ္ေပးမႈေတြကို မည္သို႔ပင္ ရထားေစကာမူ

နည္းျပဆိုးလ္ရွားအတြက္ေတာ့ ကိုယ့္သမိုင္း ကိုယ္ေရးရေတာ့မယ့္ အခ်ိန္အခါ

တစ္ခုကိုေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး မန္ယူဘုတ္အဖြဲ႕ရဲ႕ သည္းခံႏိုင္မႈ အတိုင္းအတာကို

ထပ္ၿပီး ေသြးတိုးမစမ္းေတာ့ သင့္တဲ့ အေနအထားျဖစ္လို႔ေနပါတယ္။

ယခုလအတြင္း ကစားဖို႔ရွိေနတဲ့ လက္က်န္ (၃) ပြဲျဖစ္တဲ့ အတၱလန္တာ ၊

လီဗာပူးလ္ ၊ စပါးအသင္းတို႔နဲ႔ ပြဲစဥ္ေတြမွာ နည္းျပဆိုးလ္ရွားဘက္က တစ္ခုခု

စြမ္းေဆာင္ျပႏိုင္တာမ်ိဳး ၊ အမွားေတြကို အခ်ိန္မီ ျပင္ဆင္တာမ်ိဳး မလုပ္ႏိုင္ခဲ့ရင္ေတာ့

လာမယ့္ လပိုင္းအတြင္းမွာ နည္းျပ ရာထူးကေန ဖယ္ေပးရေတာ့မယ့္

အေနအထားအထိလည္းျဖစ္သြားႏိုင္ပါတယ္။mdiarymm

mdiarymm