မယုံနိုင်ဖွယ်သွင်းဂိုးနဲ့ အဝေးဂိုးတစ်ဂိုး သွင်းယူသွားခဲ့တဲ့ အဲရစ်ဆင်

ခရစ်ရှန် အဲရစ်ဆင်ဟာ ဒိန်းမတ် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရပြီး

မနေ့ညတုန်းက ကစားတဲ့ ခရိုအေးရှားနဲ့ ပွဲစဉ်မှာ ကစားခွင့်ရခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဒိန်းမတ်အသင်းက ( ၂-၁ ) ရလာဒ်နဲ့ အရေးနိမ့်ခဲ့ပြီး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင်က

( ၁-၁ ) အနေအထားဖြစ်စေမယ့် သွင်းဂိုးကို အဝေးကနေ လှလှပပ

သွင်းယူပေးခဲ့ပါတယ်။ ဒိန်းမတ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီအတွင်း

အိုးထရတ်ဖို့ဒ်ကို အလွတ်နဲ့ ပြောင်းရွေ့လာပြီးကတည်းက ချက်ချင်း

ခြေစွမ်းပြထားပြီး man of the match ဆုတွေ များစွာပိုင်ဆိုင်ထားသလို

စက်တင်ဘာလအတွက် အသင်းရဲ့ တစ်လတာ အကောင်းဆုံး

ကစားသမားဆု ဆန်ကာတင် စာရင်းမှာလည်း ရွေးချယ်ခြင်း ခံထားရပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ အဲရစ်ဆင်အနေနဲ့ ဒဏ်ရာပြဿနာကင်းစွာ

အိမ်ပြန်လာဖို့ မျှော်လင့်နေပါလိမ့်မယ်။

zawgyi

မယုံႏုိင္ဖြယ္သြင္းဂုိးနဲ႔ အေ၀းဂုိးတစ္ဂုိး သြင္းယူသြားခဲ့တဲ့ အဲရစ္ဆင္

ခရစ္ရွန္ အဲရစ္ဆင္ဟာ ဒိန္းမတ္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံထားရၿပီး

မေန႔ညတုန္းက ကစားတဲ့ ခ႐ိုေအးရွားနဲ႔ ပြဲစဥ္မွာ ကစားခြင့္ရခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ ဒိန္းမတ္အသင္းက ( ၂-၁ ) ရလာဒ္နဲ႔ အေရးနိမ့္ခဲ့ၿပီး

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ခရစ္ရွန္ အဲရစ္ဆင္က

( ၁-၁ ) အေနအထားျဖစ္ေစမယ့္ သြင္းဂိုးကို အေဝးကေန လွလွပပ

သြင္းယူေပးခဲ့ပါတယ္။ ဒိန္းမတ္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ေႏြရာသီအတြင္း

အိုးထရတ္ဖို႔ဒ္ကို အလြတ္နဲ႔ ေျပာင္းေ႐ြ႕လာၿပီးကတည္းက ခ်က္ခ်င္း

ေျခစြမ္းျပထားၿပီး man of the match ဆုေတြ မ်ားစြာပိုင္ဆိုင္ထားသလို

စက္တင္ဘာလအတြက္ အသင္းရဲ႕ တစ္လတာ အေကာင္းဆုံး

ကစားသမားဆု ဆန္ကာတင္ စာရင္းမွာလည္း ေ႐ြးခ်ယ္ျခင္း ခံထားရပါတယ္။

ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ အဲရစ္ဆင္အေနနဲ႔ ဒဏ္ရာျပႆနာကင္းစြာ

အိမ္ျပန္လာဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။