
မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းဆီ
မာနေး၊ ဗန်ဒိုက်၊ ဆာလာစတဲ့ ထိပ်တန်းကစားသမားတွေရောက်ရှိအောင်
စွမ်းဆောင်ခဲ့တဲ့ အပြောင်းအရွှေ့ဆရာကြီးမိုက်ကယ်အက်ဒ်ဝ့ါဒ်ကို
ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့အပြိုင်စိတ်ဝင်စားနေပါတယ်။
မိုက်ကယ်အက်ဒ်ဝ့ါဒ်ဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက
တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကြောင့် အားကစား
ဒါရိုက်တာအဖြစ်ရာထူးတိုးခဲ့သလို အယ်လစ်ဆင်၊ မာနေး၊ ဗန်ဒိုက်၊
ဆာလာ၊ ရော်ဘတ်ဆင်၊ သီယာဂို၊ ဖာဘင်ဟိုတို့ကို ခေါ်ယူနိုင်အောင်
အဓိကစွမ်းဆောင်ခဲ့တဲ့အပြင် သူ့ရဲ့အပြောင်းအရွှေ့စွမ်းဆောင်ရည်အရ
လီဗာပူးလ်တို့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်စတဲ့ ဆုဖလားအောင်မြင်မှုတွေ
ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မိုက်ကယ်အက်ဒ်ဝ့ါဒ်ဟာ
လီဗာပူးလ်နဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့အတွက် ယူနိုက်တက်နဲ့ချယ်လ်ဆီးတို့က
သူ့ကိုခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက်အသင်းဟာ အခုနွေရာသီကာလအတွင်း
ကစားသမားတွေအများကြီးပစ်မှတ်ထားခဲ့ပေမယ့် တစ်ယောက်မှ
မခေါ်နိုင်သေးဘဲ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး စီစဉ်
ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိနေတာကြောင့်
မိုက်ကယ်အက်ဒ်ဝ့ါဒ်လိုအရည်အချင်းရှိတဲ့လူမျိုးကို
အသည်းအသန်လိုအပ်နေတာဖြစ်ပါတယ်။
zawgyi
မာေနး၊ ဗန္ဒိုက္၊ ဆာလာတို႔ကို ေခၚယူခဲ့တဲ့ အေျပာင္းအေ႐ႊ႕ဆရာႀကီးကို ယူႏိုက္တက္ခ်ိတ္ဆက္ေန
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လီဗာပူးလ္အသင္းဆီ
မာေနး၊ ဗန္ဒိုက္၊ ဆာလာစတဲ့ ထိပ္တန္းကစားသမားေတြေရာက္ရွိေအာင္
စြမ္းေဆာင္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ဆရာႀကီးမိုက္ကယ္အက္ဒ္ဝ့ါဒ္ကို
ေခၚယူဖို႔ ခ်ယ္လ္ဆီးနဲ႔အၿပိဳင္စိတ္ဝင္စားေနပါတယ္။
မိုက္ကယ္အက္ဒ္ဝ့ါဒ္ဟာ လီဗာပူးလ္အသင္းမွာ ၂၀၁၁ ခုႏွစ္ကတည္းက
တာဝန္ထမ္းေဆာင္ခဲ့ၿပီး သူ႔ရဲ႕အရည္အခ်င္းေၾကာင့္ အားကစား
ဒါ႐ိုက္တာအျဖစ္ရာထူးတိုးခဲ့သလို အယ္လစ္ဆင္၊ မာေနး၊ ဗန္ဒိုက္၊
ဆာလာ၊ ေရာ္ဘတ္ဆင္၊ သီယာဂို၊ ဖာဘင္ဟိုတို႔ကို ေခၚယူႏိုင္ေအာင္
အဓိကစြမ္းေဆာင္ခဲ့တဲ့အျပင္ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕စြမ္းေဆာင္ရည္အရ
လီဗာပူးလ္တို႔ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္စတဲ့ ဆုဖလားေအာင္ျမင္မႈေတြ
ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ မိုက္ကယ္အက္ဒ္ဝ့ါဒ္ဟာ
လီဗာပူးလ္နဲ႔လမ္းခြဲလိုက္ၿပီျဖစ္တဲ့အတြက္ ယူႏိုက္တက္နဲ႔ခ်ယ္လ္ဆီးတို႔က
သူ႔ကိုေခၚယူႏိုင္ဖို႔ အၿပိဳင္အဆိုင္ပစ္မွတ္ထားေနတာပါ။
ယူႏိုက္တက္အသင္းဟာ အခုေႏြရာသီကာလအတြင္း
ကစားသမားေတြအမ်ားႀကီးပစ္မွတ္ထားခဲ့ေပမယ့္ တစ္ေယာက္မွ
မေခၚႏိုင္ေသးဘဲ အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္ၿပီး စီစဥ္
ေဆာင္႐ြက္တဲ့အပိုင္းမွာ အားနည္းခ်က္ေတြရွိေနတာေၾကာင့္
မိုက္ကယ္အက္ဒ္ဝ့ါဒ္လိုအရည္အခ်င္းရွိတဲ့လူမ်ိဳးကို
အသည္းအသန္လိုအပ္ေနတာျဖစ္ပါတယ္။