မီးဖိုချောင်နဲ့ပတ်သက်ပြီး ဘာမှသုံးစားမရတဲ့အပြင် ရေတစ်ခွက်တောင် ဇနီးသည်ကိုခပ်မတိုက်ဖူးတဲ့ ဖီးလ်နဗီးလ်
ဖီးလ်နဗီးလ်ရဲ့ဇနီးသည်ကခင်ပွန်းသည်မှာမီးဖိုချောင်တွင်အသုံးမကျတဲ့အပြင်
သူမကိုလက်ဖက်ရည်တစ်ခွက်ပင်ဖျော်မတိုက်ဖူးကြောင်းဖွင့်ဟပြောကြားလာပါတယ်။
အသက်၄၅နှစ်ရှိဂျူလီဟာသားဖြစ်သူဟာဗေးနှင့်သမီးဖြစ်သူအစ္စဘယ်လာတို့ကိုလည်း
ဖခင်ကဲ့သို့ပင် ကိုယ်တိုင်ဘာမှမလုပ်တတ်မှာစိုးရိမ်နေပါတယ်။
အသက်၄၅နှစ်ရှိအင်တာမီယာမီနည်းပြဟာလက်တွဲလာခဲ့တဲ့၂၅နှစ်တာ
ကာလအတွင်းမှာ ဇနီးသည်နှင့်မိသားစုအတွက်စားစရာ(သို့မဟုတ်)
သောက်စရာပင်တစ်ခုမျှလုပ်ပေးခဲ့ဖူးခြင်းမရှိပါဘူး။
သူမက “ကျွန်မယောင်္ကျား ဘာမှမလုပ်လုပ်တာလူတွေလည်း
တော်တော်သိမယ်ထင်တယ်။ကော်ဖီလည်းမဖျော်တတ်ဘူး။
တစ်နေ့တုန်းကကျွန်မကိုအင်တာလာဗျူးတယ်။ ‘ရှင့်အတွက်ဖီးလ်နဗီးလ်
လုပ်ပေးခဲ့သမျှထဲမှာဘယ်ဟာကအကောင်းဆုံးလဲ’လို့မေးလာပါတယ်။
တစ်မိနစ်စဉ်းစားလိုက်တယ်။ သူတို့က ‘တစ်မိနစ်လောက်အချိန်ယူရလို့
မစိုးရိမ်ပါနဲ့’လို့ပြောပါတယ်။ ကျွန်မက ‘တစ်မိနစ်လောက်မလိုဘူး။
လွယ်လွယ်လေး ဘာမှမလုပ်ပေးဖူးဘူး။ကျွန်မအတွက်ဘာမှမလုပ်ပေးဖူးဘူး။
ရေတစ်ခွက်တောင်မခပ်ပေးဖူးဘူး”လို့ပြောလိုက်တယ်”လို့ ပြောကြားသွားပါတယ်။
ဂျူလီဟာကလေးတွေအတွက်အစစအရာရာလုပ်ပေးနေသူလည်းဖြစ်ပါတယ်။
မိခင်ဖြစ်သူဂျူလီကအစစအရာရာလုပ်ဆောင်ပေးမှုနဲ့အတူ သားသမီးများဟာလည်း
ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်နေကြောင်းလည်းသိရပါတယ်။
zawgyi
မီးဖိုချောင်နဲ့ပတ်သက်ပြီး ဘာမှသုံးစားမရတဲ့အပြင် ရေတစ်ခွက်တောင် ဇနီးသည်ကိုခပ်မတိုက်ဖူးတဲ့ ဖီးလ်နဗီးလ်