
စီရော်နယ်ဒိုနဲ့သဘောတူညီမှုရဖို့ ဆော်ဒီကလပ်အယ်နာဆာက
အသင်းဥက္ကဌနဲ့ ဒါရိုက်တာတွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို
ရောက်လာခဲ့ကြပြီး အဲဒီနောက် သူ့အပြောင်းအရွှေ့ကို ကြေညာလိုက်တာပါ။
ဒီအပြောင်းအရွှေ့မှာ နှစ်ဖက်ကြား ဆွေးနွေးမှုလုပ်ခဲ့တာက
ရက်ပေါင်း ၄၀ ကြာခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စီရော်နယ်ဒိုဟာ
အရာအားလုံးကို ငြင်းဆန်နေခဲ့ပေမယ့် သူ့အနာဂါတ်ဟာ
ဆော်ဒီမှာ ဆိုတာကို သိနေခဲ့တာပါ။ အဲဒီအချိန်က စီရော်နယ်ဒိုဟာ
ဘာအနှောင့်အယှက်မှ မလိုချင်ခဲ့ပေမယ့် အဲဒီကတည်းက
ဆွေးနွေးမှုတွေဟာ တိုးတက်မြန်ဆန်ခဲ့ပါတယ်။
ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးလုပ်ချိန်ဟာ သူ့ရဲ့မန်ယူကစားသမားဘ၀
အဆုံးသတ်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက အယ်နာဆာရဲ့
ကမ်းလှမ်းမှုအကြောင်း သိခဲ့ကာ ဥရောပထိပ်တန်းအသင်း
တစ်သင်းကို ပြောင်းဖို့ကလည်း မဖြစ်နိုင်တော့ကြောင်း
သဘောပေါက်ခဲ့တာပါ။ အယ်နာဆာက ကမ်းလှမ်းလာပြီး
ဆွေးနွေးမှုတွေလုပ်တော့ စီရော်နယ်ဒိုရဲ့ကိုယ်စားပြုအနေနဲ့
သူနဲ့အရမ်းနှီးသူ ရီကာဒိုရီဂူဖီက ဦးဆောင်ပေးခဲ့ပါတယ်။
သူ့ရဲ့ဆော်ဒီအပြောင်းအရွှေ့မှာ စူပါအေးဂျင့်ဂျော့မန်ဒက်စ်ဟာ
လုံးဝပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါဘူး။ ကမ္ဘာ့ဖလားက ပေါ်တူဂီ
ထွက်ရပြီးနောက် စီရော်နယ်ဒိုဟာ မက်ဒရစ်ကို ပြန်သွားပြီး
အသင်းဟောင်းရီးရဲလ်ဆီမှာ လေ့ကျင့်ခွင့်တောင်းခဲ့တာပါ။
အသင်းဟောင်းရဲ့လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေစဉ်အတွင်း
စီရော်နယ်ဒိုဟာ ရီးရဲလ်ဆီက ဖုန်ခေါ်လာမလားလို့ မျှော်လင့်ခဲ့ပါတယ်။
သူမျှော်လင့်တဲ့ ရီးရဲလ်ဆီက ဖုန်းခေါ်မှုဟာ ဘယ်တော့မှ
ရောက်မလာခဲ့ပါဘူး။ အခုတော့ စီရော်နယ်ဒိုဟာ အားကစားသမိုင်းရဲ့
လစာအများဆုံးကစားသမားအဖြစ် ဥရောပဘောလုံးကို စွန့်ခွာသွားပါပြီ။
zawgyi
ေမွ်ာ္သာေမွ်ာ္ ေပၚမလာခဲ့တဲ့ ေရာ္နယ္ဒုိအတြက္ အေရးႀကီးတဲ့ ဖုန္းတစ္ေကာ
စီေရာ္နယ္ဒိုနဲ႔သေဘာတူညီမႈရဖို႔ ေဆာ္ဒီကလပ္အယ္နာဆာက
အသင္းဥကၠဌနဲ႔ ဒါ႐ိုက္တာေတြဟာ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕ကို
ေရာက္လာခဲ့ၾကၿပီး အဲဒီေနာက္ သူ႔အေျပာင္းအေ႐ႊ႕ကို ေၾကညာလိုက္တာပါ။
ဒီအေျပာင္းအေ႐ႊ႕မွာ ႏွစ္ဖက္ၾကား ေဆြးေႏြးမႈလုပ္ခဲ့တာက
ရက္ေပါင္း ၄၀ ၾကာခဲ့ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားမွာ စီေရာ္နယ္ဒိုဟာ
အရာအားလုံးကို ျငင္းဆန္ေနခဲ့ေပမယ့္ သူ႔အနာဂါတ္ဟာ
ေဆာ္ဒီမွာ ဆိုတာကို သိေနခဲ့တာပါ။ အဲဒီအခ်ိန္က စီေရာ္နယ္ဒိုဟာ
ဘာအေႏွာင့္အယွက္မွ မလိုခ်င္ခဲ့ေပမယ့္ အဲဒီကတည္းက
ေဆြးေႏြးမႈေတြဟာ တိုးတက္ျမန္ဆန္ခဲ့ပါတယ္။
ပီးယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးလုပ္ခ်ိန္ဟာ သူ႔ရဲ႕မန္ယူကစားသမားဘ၀
အဆုံးသတ္ျဖစ္ခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက အယ္နာဆာရဲ႕
ကမ္းလွမ္းမႈအေၾကာင္း သိခဲ့ကာ ဥေရာပထိပ္တန္းအသင္း
တစ္သင္းကို ေျပာင္းဖို႔ကလည္း မျဖစ္ႏိုင္ေတာ့ေၾကာင္း
သေဘာေပါက္ခဲ့တာပါ။ အယ္နာဆာက ကမ္းလွမ္းလာၿပီး
ေဆြးေႏြးမႈေတြလုပ္ေတာ့ စီေရာ္နယ္ဒိုရဲ႕ကိုယ္စားျပဳအေနနဲ႔
သူနဲ႔အရမ္းႏွီးသူ ရီကာဒိုရီဂူဖီက ဦးေဆာင္ေပးခဲ့ပါတယ္။
သူ႔ရဲ႕ေဆာ္ဒီအေျပာင္းအေ႐ႊ႕မွာ စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဟာ
လုံးဝပါဝင္ပတ္သက္ျခင္း မရွိခဲ့ပါဘူး။ ကမာၻ႔ဖလားက ေပၚတူဂီ
ထြက္ရၿပီးေနာက္ စီေရာ္နယ္ဒိုဟာ မက္ဒရစ္ကို ျပန္သြားၿပီး
အသင္းေဟာင္းရီးရဲလ္ဆီမွာ ေလ့က်င့္ခြင့္ေတာင္းခဲ့တာပါ။
အသင္းေဟာင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ေနစဥ္အတြင္း
စီေရာ္နယ္ဒိုဟာ ရီးရဲလ္ဆီက ဖုန္ေခၚလာမလားလို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။
သူေမွ်ာ္လင့္တဲ့ ရီးရဲလ္ဆီက ဖုန္းေခၚမႈဟာ ဘယ္ေတာ့မွ
ေရာက္မလာခဲ့ပါဘူး။ အခုေတာ့ စီေရာ္နယ္ဒိုဟာ အားကစားသမိုင္းရဲ႕
လစာအမ်ားဆုံးကစားသမားအျဖစ္ ဥေရာပေဘာလုံးကို စြန႔္ခြာသြားပါၿပီ။