M Diary Channel

Local and Sport News

ယုံကြည်မှုပျောက်ဆုံးနေတဲ့ သရဲနီတွေရဲ့ စိုးရိမ်ဖွယ် အနေအထား

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ စပါး နဲ့ အက်စတွန်ဗီလာ အသင်းတို့မှာ

ကစားခဲ့ဖူးပြီး တစ်ချိန်က မန်ယူအသင်းကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့

စကော့တလန် ညာနောက်ခံ ကစားသမား အလန်ဟတ်တန်ကတော့

မန်ယူအသင်းရဲ့ ကစားသမားတွေဟာ ယုံကြည်ချက်ပျောက်ဆုံးနေပြီလို့

မနေ့ညက လက်စတာအသင်း နဲ့ မန်ယူပွဲစဥ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ လက်စတာအသင်းကို စိတ်ပျက်စရာခြေစွမ်းနဲ့အတူ (၄−၂) ဂိုးနဲ့

ဂိုးပြတ်အဂေးနိမ့်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ အဝေးကွင်းရှုံးပွဲမရှိ မှတ်တမ်းကောင်းကိုပါ

လက်လွှတ်ခဲ့ရသလို ပရီးမီးယားလိဂ် (၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

မန်ယူကစားသမားတွေဟာ မကြာသေးခင်က သက်ဆိုင်ရာ နိုင်ငံအသင်းတွေမှာ

ကိုယ်စီ ခြေစွမ်းပြခဲ့ကြပေမယ့် ကလပ်အသင်းထံ ပြန်ရောက်လာချိန်မှာ

ခြေစွမ်းကျဆင်းနေရတာနဲ့ ပတ်သက်ပြီး အလန်ဟတ်တန်ကို အခုလို သုံးသပ်သွားခဲ့ပါတယ်။

” မန်ယူကစားသမားတွေစာ အခုအချိန်မှာတော့ သူတို့ ဘာအတွက်ဦးတည်ပြီး

ကစားနေလဲဆိုတာကို မသိနိုင်တော့လောက်အောင် ယုံကြည်တွေပျောက်ဆုံး

နေကြတဲ့ပုံပါပဲ။ ဒီကစားသမားတွေ တစ်ယောက်ချင်းစီတိုင်းဟာ သူတို့ရဲ့

နိုင်ငံအသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းပြထားခဲ့ကြသူတွေပါ။

ဒါပေမယ့် ကလပ်အသင်းကို သူတို့ ပြန်ရောက်လာချိန်မှာတော့

အဲ့ဒီခြေစွမ်းကောင်းတွေက ပျောက်ဆုံးနေတဲ့အပြင် သူတို့တွေ ဘယ်လို စုဖွဲ့ပြီး

ကစားရမလဲဆိုတာကို အခုထိ ကောင်းကောင်း မသိကြသေးပါဘူး”

” နောက်တစ်ခုက ဒီကစားသမားတွေ အကုန်လုံးဟာ တန်ကြေးအမြင့်ဆုံး

ကစားသမားတွေလည်းဖြစ်ပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ အနေအထားကတော့

စိုးရိမ်စရာအနေအထားတစ်ခုကိုရောက်နေပါပြီ။ အချိန်မှီပြောင်းလဲဖို့အတွက်

တစ်ခုခုကို ကျိန်းသေပေါက်လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” လို့ အလန်ဟတ်တန်က

ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ရလဒ်ပိုင်းတွေယိမ်းယိုင်နေပေမယ့်လည်း

အသင်း ဘုတ်အဖွဲ့ကတော့ နည်းပြဆိုးလ်ရှားအပေါ်မှာ ယုံကြည်မှု

အပြည့်အဝပေးထားဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

zawgyi

ယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့ သရဲနီေတြရဲ႕ စုိးရိမ္ဖြယ္ အေနအထား

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြျဖစ္တဲ့ စပါး နဲ႔ အက္စတြန္ဗီလာ အသင္းတို႔မွာ

ကစားခဲ့ဖူးၿပီး တစ္ခ်ိန္က မန္ယူအသင္းကို ၿပိဳင္ဘက္အေနနဲ႔ ရင္ဆိုင္ခဲ့ဖူးတဲ့

စေကာ့တလန္ ညာေနာက္ခံ ကစားသမား အလန္ဟတ္တန္ကေတာ့

မန္ယူအသင္းရဲ႕ ကစားသမားေတြဟာ ယုံၾကည္ခ်က္ေပ်ာက္ဆုံးေနၿပီလို႔

မေန႔ညက လက္စတာအသင္း နဲ႔ မန္ယူပြဲစဥ္အၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

မန္ယူအသင္းဟာ လက္စတာအသင္းကို စိတ္ပ်က္စရာေျခစြမ္းနဲ႔အတူ (၄−၂) ဂိုးနဲ႔

ဂိုးျပတ္အေဂးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ အေဝးကြင္းရႈံးပြဲမရွိ မွတ္တမ္းေကာင္းကိုပါ

လက္လႊတ္ခဲ့ရသလို ပရီးမီးယားလိဂ္ (၃) ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ရပါတယ္။

မန္ယူကစားသမားေတြဟာ မၾကာေသးခင္က သက္ဆိုင္ရာ ႏိုင္ငံအသင္းေတြမွာ

ကိုယ္စီ ေျခစြမ္းျပခဲ့ၾကေပမယ့္ ကလပ္အသင္းထံ ျပန္ေရာက္လာခ်ိန္မွာ

ေျခစြမ္းက်ဆင္းေနရတာနဲ႔ ပတ္သက္ၿပီး အလန္ဟတ္တန္ကို အခုလို သုံးသပ္သြားခဲ့ပါတယ္။

” မန္ယူကစားသမားေတြစာ အခုအခ်ိန္မွာေတာ့ သူတို႔ ဘာအတြက္ဦးတည္ၿပီး

ကစားေနလဲဆိုတာကို မသိႏိုင္ေတာ့ေလာက္ေအာင္ ယုံၾကည္ေတြေပ်ာက္ဆုံး

ေနၾကတဲ့ပုံပါပဲ။ ဒီကစားသမားေတြ တစ္ေယာက္ခ်င္းစီတိုင္းဟာ သူတို႔ရဲ႕

ႏိုင္ငံအသင္းေတြမွာ အေကာင္းဆုံး ေျခစြမ္းျပထားခဲ့ၾကသူေတြပါ။

ဒါေပမယ့္ ကလပ္အသင္းကို သူတို႔ ျပန္ေရာက္လာခ်ိန္မွာေတာ့

အဲ့ဒီေျခစြမ္းေကာင္းေတြက ေပ်ာက္ဆုံးေနတဲ့အျပင္ သူတို႔ေတြ ဘယ္လို စုဖြဲ႕ၿပီး

ကစားရမလဲဆိုတာကို အခုထိ ေကာင္းေကာင္း မသိၾကေသးပါဘူး”

” ေနာက္တစ္ခုက ဒီကစားသမားေတြ အကုန္လုံးဟာ တန္ေၾကးအျမင့္ဆုံး

ကစားသမားေတြလည္းျဖစ္ပါတယ္။ လက္ရွိ မန္ယူအသင္းရဲ႕ အေနအထားကေတာ့

စိုးရိမ္စရာအေနအထားတစ္ခုကိုေရာက္ေနပါၿပီ။ အခ်ိန္မွီေျပာင္းလဲဖို႔အတြက္

တစ္ခုခုကို က်ိန္းေသေပါက္လုပ္ေဆာင္ဖို႔ လိုအပ္ေနပါၿပီ” လို႔ အလန္ဟတ္တန္က

ေျပာဆိုသြားခဲ့ပါတယ္။ မန္ယူအသင္းအေနနဲ႔ ရလဒ္ပိုင္းေတြယိမ္းယိုင္ေနေပမယ့္လည္း

အသင္း ဘုတ္အဖြဲ႕ကေတာ့ နည္းျပဆိုးလ္ရွားအေပၚမွာ ယုံၾကည္မႈ

အျပည့္အဝေပးထားဆဲျဖစ္တယ္လို႔လည္းသိရပါတယ္။mdiarymm

mdiarymm