ယူနိုက်တက်ကိုပြောင်းရွှေ့ခွင့်မရလို့ စိတ်မကောင်းဖြစ်နေတဲ့ ဂတ်ပို

PSV အသင်းတောင်ပံတိုက်စစ်ကစားသမားဂတ်ပိုဟာ မန်ချက်စတာ

ယူနိုက်တက်အသင်းနဲ့အပြောင်းအရွှေ့ကိစ္စ ဖြစ်မလာတဲ့အတွက်

စိတ်မကောင်းဖြစ်နေတယ်လို့ မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ အေဂျက်စ်အသင်းတောင်ပံတိုက်စစ်ကစားသမား

အန်တိုနီနဲ့အတူ ဂတ်ပိုကိုလည်း အပြိုင်ကြိုးပမ်းခဲ့ပြီး ဂတ်ပိုကိုယ်တိုင်ကလည်း

ယူနိုက်တက်အသင်းနဲ့ပတ်သက်တဲ့ သတင်းတွေကို မငြင်းဆန်ခဲ့သလို

အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ

မကြာသေးခင်က အန်တိုနီကို ယူရိုသန်း(၁၀၀)နဲ့ တရားဝင်

ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် ဂတ်ပိုရဲ့အပြောင်းအရွှေ့ကို လက်လျှော့

လိုက်တာဖြစ်ပါတယ်။ အဲဒီအတွက် ဂတ်ပိုဟာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး

ယူနိုက်တက်ကို မပြောင်းဖြစ်ပေမယ့်လည်း အခုတစ်ပတ်အတွင်း

PSV အသင်းကနေ ထွက်ခွာဖို့ရှိနေပါပြီ။ PSV အသင်းဟာ ဒီရာသီ

ချန်ပီယံလိဂ် Play off အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်လို့ ဂတ်ပိုကို

ရောင်းချဖို့စီစဉ်နေပြီး ဆောက်သမ်တန်အသင်းက ဂတ်ပိုအတွက်

ပေါင်(၂၁)သန်းနဲ့စတင်ကမ်းလှမ်းခဲ့ပေမယ့် PSV က ပေါင်(၂၅)သန်းအထိ

လိုချင်နေတာကြောင့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ခြင့္မရလို႔ စိတ္မေကာင္းျဖစ္ေနတဲ့ ဂတ္ပို

PSV အသင္းေတာင္ပံတိုက္စစ္ကစားသမားဂတ္ပိုဟာ မန္ခ်က္စတာ

ယူႏိုက္တက္အသင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥ ျဖစ္မလာတဲ့အတြက္

စိတ္မေကာင္းျဖစ္ေနတယ္လို႔ မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ ေအဂ်က္စ္အသင္းေတာင္ပံတိုက္စစ္ကစားသမား

အန္တိုနီနဲ႔အတူ ဂတ္ပိုကိုလည္း အၿပိဳင္ႀကိဳးပမ္းခဲ့ၿပီး ဂတ္ပိုကိုယ္တိုင္ကလည္း

ယူႏိုက္တက္အသင္းနဲ႔ပတ္သက္တဲ့ သတင္းေတြကို မျငင္းဆန္ခဲ့သလို

အသင္းေျပာင္းေ႐ႊ႕ဖို႔ဆႏၵရွိခဲ့ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းဟာ

မၾကာေသးခင္က အန္တိုနီကို ယူ႐ိုသန္း(၁၀၀)နဲ႔ တရားဝင္

ေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ ဂတ္ပိုရဲ႕အေျပာင္းအေ႐ႊ႕ကို လက္ေလွ်ာ့

လိုက္တာျဖစ္ပါတယ္။ အဲဒီအတြက္ ဂတ္ပိုဟာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး

ယူႏိုက္တက္ကို မေျပာင္းျဖစ္ေပမယ့္လည္း အခုတစ္ပတ္အတြင္း

PSV အသင္းကေန ထြက္ခြာဖို႔ရွိေနပါၿပီ။ PSV အသင္းဟာ ဒီရာသီ

ခ်န္ပီယံလိဂ္ Play off အဆင့္ကေန ထြက္ခဲ့ရၿပီျဖစ္လို႔ ဂတ္ပိုကို

ေရာင္းခ်ဖို႔စီစဥ္ေနၿပီး ေဆာက္သမ္တန္အသင္းက ဂတ္ပိုအတြက္

ေပါင္(၂၁)သန္းနဲ႔စတင္ကမ္းလွမ္းခဲ့ေပမယ့္ PSV က ေပါင္(၂၅)သန္းအထိ

လိုခ်င္ေနတာေၾကာင့္ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ Sky Sports သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။