ယူနိုက်တက်ကို စွန့်ခွာဖို့ အသင့်ရှိနေပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့်ကစားသမား

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမားပယ်လစ်စထရီဟာ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် အသင်းကနေထွက်ခွာဖို့

အဆင်သင့်ရှိနေပြီလို့ သတင်းထွက်နေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့

ဥရုဂွေးလူငယ်ကြယ်ပွင့်ကစားသမား ပယ်လစ်စထရီဟာ ၂၀၂၀ ခုနှစ်က

ပင်နာရိုးလ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပေမယ့် အခုအချိန်အထိ

စီနီယာအသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရသေးဘဲ ပြီးခဲ့တဲ့ရာသီတွေမှာ

အလာဗတ်စ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။ ပယ်လစ်စထရီအနေနဲ့

ယူနိုက်တက်အသင်းကြီးမှာ ပွဲကစားခွင့်မရပေမယ့် ဥရုဂွေးလက်ရွေးစင်

အသင်းမှာတော့ ပုံမှန်ရွေးချယ်ခံရသလို ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမှာ

ပယ်လစ်စထရီ ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် အက်သလက်တီကိုနဲ့

ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် အခုအချိန်အထိ အနားယူနေရတာ

ဖြစ်ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းတိုက်စစ်ပိုင်းမှာ

အီလန်ဂါ၊ အန်တိုနီ၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်စတဲ့ကစားသမားတွေရှိနေတဲ့အတွက်

ပယ်လစ်စထရီ နေရာရဖို့ မျှော်လင့်ချက်မရှိဘဲ လာမယ့်ဇန်နဝါရီကျရင်

အငှားနဲ့ထွက်ဖို့ရှိနေတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ကို စြန႔္ခြာဖို႔ အသင့္ရွိေနၿပီျဖစ္တဲ့ လူငယ္ၾကယ္ပြင့္ကစားသမား

မန္ခ်က္စတာယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမားပယ္လစ္စထရီဟာ

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ အသင္းကေနထြက္ခြာဖို႔

အဆင္သင့္ရွိေနၿပီလို႔ သတင္းထြက္ေနပါတယ္။ အသက္(၂၀)သာရွိေသးတဲ့

ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္ကစားသမား ပယ္လစ္စထရီဟာ ၂၀၂၀ ခုႏွစ္က

ပင္နာ႐ိုးလ္အသင္းကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ အခုအခ်ိန္အထိ

စီနီယာအသင္းအတြက္ တစ္ပြဲမွ ကစားခြင့္မရေသးဘဲ ၿပီးခဲ့တဲ့ရာသီေတြမွာ

အလာဗတ္စ္အသင္းဆီ အငွားခ်ခံခဲ့ရပါတယ္။ ပယ္လစ္စထရီအေနနဲ႔

ယူႏိုက္တက္အသင္းႀကီးမွာ ပြဲကစားခြင့္မရေပမယ့္ ဥ႐ုေဂြးလက္ေ႐ြးစင္

အသင္းမွာေတာ့ ပုံမွန္ေ႐ြးခ်ယ္ခံရသလို ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲျဖစ္တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ

ပယ္လစ္စထရီ ပါဝင္ကစားခြင့္ရခဲ့ၿပီး ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အက္သလက္တီကိုနဲ႔

ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အခုအခ်ိန္အထိ အနားယူေနရတာ

ျဖစ္ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းတိုက္စစ္ပိုင္းမွာ

အီလန္ဂါ၊ အန္တိုနီ၊ ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္စတဲ့ကစားသမားေတြရွိေနတဲ့အတြက္

ပယ္လစ္စထရီ ေနရာရဖို႔ ေမွ်ာ္လင့္ခ်က္မရွိဘဲ လာမယ့္ဇန္နဝါရီက်ရင္

အငွားနဲ႔ထြက္ဖို႔ရွိေနတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။