
ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေ့ါဘာက မန်ချက်စတာယူနိုက်တက်မှာ
ဒုတိယအကြိမ်ကစားခဲ့တဲ့ နှစ်တွေအတွင်း သူ မျှော်လင့်သလိုဖြစ်မလာခဲ့ဘူးလို့
ဝန်ခံပြောဆိုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့်
(၆)နှစ်တာကာလအတွင်း အဓိကဆုဖလားအဖြစ် ယူရိုပါလိဂ်နဲ့ လိဂ်ဖလားသာ
ရယူနိုင်ခဲ့သလို နောက်ဆုံး(၃)ရာသီအတွင်း ဒဏ်ရာပြဿတွေနဲ့သာ
ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့ရာသီကုန်မှာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း
ပြည့်သွားချိန်မှာတော့ ပေ့ါဘာဟာ သူ့အသင်းဟောင်း ဂျူဗင်တပ်စ်ကို
ပြန်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ GQ Italia နဲ့အင်တာဗျူးမှာ ပေ့ါဘာက
“ဂျူဗင်တပ်စ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ကျွန်တော့် နှလုံးသားက
ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အချိန်အခါအရလည်း ဂျူဗင်တပ်စ်ကို ပြန်သင့်တဲ့အချိန်လို့
ကျွန်တော် ယူဆပါတယ်။ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံး(၃)နှစ်က
ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကျွန်တော် ဖြစ်ချင်သလို မဖြစ်ခဲ့ပါဘူး။
ဒါက လျှို့ဝှက်ထားစရာကိစ္စလည်း မဟုတ်ပါဘူး။ အခုအချိန်မှာ
ဂျူဗင်တပ်စ်ကို ရောက်ရှိခဲ့ပြီဖြစ်တာကြောင့် လူမှန် နေရာမှန်ပြန်ဖြစ်သွား
လို့ပြောရမှာပါ”ဆိုပြီး ဖြေကြားခဲ့ပါတယ်။
zawgyi
” ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ခရီးက ထင္သလိုမျဖစ္ခဲ့ဘူး ” _ ေပ့ါဘာ
ဂ်ဴဗင္တပ္စ္အသင္းကြင္းလယ္လူ ေပ့ါဘာက မန္ခ်က္စတာယူႏိုက္တက္မွာ
ဒုတိယအႀကိမ္ကစားခဲ့တဲ့ ႏွစ္ေတြအတြင္း သူ ေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ဘူးလို႔
ဝန္ခံေျပာဆိုခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္ကေန ယူႏိုက္တက္ကို
ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၈၉)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္
(၆)ႏွစ္တာကာလအတြင္း အဓိကဆုဖလားအျဖစ္ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားသာ
ရယူႏိုင္ခဲ့သလို ေနာက္ဆုံး(၃)ရာသီအတြင္း ဒဏ္ရာျပႆေတြနဲ႔သာ
႐ုန္းကန္ခဲ့ရပါတယ္။ ၿပီးခဲ့ရာသီကုန္မွာ ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္
းျပည့္သြားခ်ိန္မွာေတာ့ ေပ့ါဘာဟာ သူ႔အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ကို
ျပန္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ GQ Italia နဲ႔အင္တာဗ်ဴးမွာ ေပ့ါဘာက
“ဂ်ဴဗင္တပ္စ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ကြၽန္ေတာ့္ ႏွလုံးသားက
ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အခ်ိန္အခါအရလည္း ဂ်ဴဗင္တပ္စ္ကို ျပန္သင့္တဲ့အခ်ိန္လို႔
ကြၽန္ေတာ္ ယူဆပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀ ေနာက္ဆုံး(၃)ႏွစ္က
ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ကြၽန္ေတာ္ ျဖစ္ခ်င္သလို မျဖစ္ခဲ့ပါဘူး။
ဒါက လွ်ိဳ႕ဝွက္ထားစရာကိစၥလည္း မဟုတ္ပါဘူး။ အခုအခ်ိန္မွာ
ဂ်ဴဗင္တပ္စ္ကို ေရာက္ရွိခဲ့ၿပီျဖစ္တာေၾကာင့္ လူမွန္ ေနရာမွန္ျပန္ျဖစ္သြား
လို႔ေျပာရမွာပါ”ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။