M Diary Channel

Local and Sport News

ယူနိုက်တက်ကို ရွှေခေတ်ပြန်ရောက်စေမယ့် နည်းပြသစ်?

အိုဝင်ဟားဂရေ့ဗ်ဟာမန်ချက်စတာယူနိုက်တက်ကိုအကြီးအကျယ်

အပြောင်းအလဲဖြစ်လာအောင်လုပ်ဆောင်နိုင်တဲ့နည်းပြအမည်ကိုဖွင့်ဟလာပါတယ်။

မန်ယူဟာတနင်္ဂနွေနေ့တုန်းကအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှ

ထုတ်ပယ်လိုက်ပြီးနောက်မိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်

ခန့်အပ်ထားပြီးရာသီအကုန်အထိကိုင်တွယ်မယ့်ယာယီနည်းပြတစ်ဦး

ရှာဖွေနေပါတယ်။ ပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုမှာမန်ယူရဲ့

နံပါတ်တစ်ပစ်မှတ်ဖြစ်ပြီးဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊အဲရစ်တင်ဟက်

တို့မှာလည်းမန်ယူရဲ့လျာထားစာရင်းတွင်ပါဝင်နေပါတယ်။

ဒါ့အပြင်မန်ယူတွင်အခြားလျာထားနည်းပြများလည်းရှိနေပါတယ်။

ဒါပေမယ့်အိုဝင်ဟားဂရေ့ဗ်ကတော့မန်ယူအတွက်အသင့်တော်ဆုံးဖြစ်မယ့်

နည်းပြကတော့စပိန်နည်းပြလူးဝစ်အန်းနရစ်ဖြစ်ကြောင်းပြောကြားလာပါတယ်။

မန်ယူအလယ်တန်းကစားသမားဟောင်းကအသက်၅၁နှစ်ရှိဘာစီလိုနာ

နည်းပြဟောင်းမှာမန်ယူကိုအကြီးအကျယ်အပြောင်းအလဲဖြစ်လာအောင်

လုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်းဆိုသွားပါတယ်။

ဟားဂရေ့ဗ်က “ပိုချက်တီနိုကိုထောက်ခံနေမှုကိုလေးစားပါတယ်။

သူကကစားသမားတွေဆီကလုပ်အားတောင်းဆိုတဲ့သူပါ။

ဒါပေမယ့်လျာထားစာရင်းမှာပါသူအားလုံးကထိပ်တန်းတွေချည်းပါ။

ဘရန်ဒန်မှာဒီလိဂ်မှာအတွေ့အကြုံအများကြီးရှိတယ်။ဇီဒန်းမှာဘာသာ

စကားအတားအဆီးကပြဿနာတစ်ခုပါ။တင်ဟက်ကလည်းအေဂျက်စ်မှာ

မယုံကြည်နိုင်စရာကောင်းလောက်အောင်လုပ်ပြနေသူပါ။

ဒါပေမယ့်သူတို့ကဟော်လန်ကအကောင်းဆုံးအသင်းပါ။

သူကပရီးမီးယားလိဂ်မှာကောဟော်လန်မှာလိုဘောလုံးပိုင်ဆိုင်မှုအသာစီး

ရယူနိုင်မှာလားမေးခွန်းထုတ်စရာရှိပါတယ်။လျာထားစာရင်းမှာမပါဝင်တဲ့

တစ်ယောက်ရှိပါတယ်။ကျွန်တော်ကတော့သူ့ကိုမန်ယူနည်းပြဖြစ်စေချင်တယ်။

လူးဝစ်အန်းနရစ်ပါ။ဘာစီလိုနာလိုကလပ်ကြီးတစ်ခုကိုကိုင်တွယ်ဖူးပြီး

ဖလားသုံးလုံးရခဲ့တယ်။သာမန်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုယူရိုမှာ

ဆီမီးသို့ပို့ခဲ့တယ်။ကျွန်တော်ကတော့သူပဲယူနိုက်တက်အတွက်

အသင့်တော်ဆုံးလို့ထင်တယ်။သူကလက်ရွေးစင်အသင်းနည်းပြမျှသာ

ဖြစ်ပါတယ်။သူ မန်ယူသို့လာပြီးဒီအလုပ်ကိုလုပ်နိုင်တယ်လို့ထင်ပါတယ်။

သူဟာမန်ယူကိုအသင်းကောင်းတစ်သင်းအဖြစ်ကနေကြီးကျယ်တဲ့

အသင်းအဖြစ်သို့ပြောင်းလဲနိုင်မယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လူးဝစ်အန်းနရစ်ဟာဘာစီလိုနာတွင်အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပြီး

လူငယ်များဖြင့်ဖွဲ့စည်းထားတဲ့စပိန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲတွင်

ဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာမန်ယူနည်းပြ

ရာထူးအတွက်သတင်းမထွက်ခင်ကတည်းကမန်ယူနည်းပြလုပ်မှာ

မဟုတ်ကြောင်းငြင်းဆိုထားပြီးဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္ကို ေ႐ႊေခတ္ျပန္ေရာက္ေစမယ့္ နည္းျပသစ္?

အိုဝင္ဟားဂေရ႕ဗ္ဟာမန္ခ်က္စတာယူႏိုက္တက္ကိုအႀကီးအက်ယ္

အေျပာင္းအလဲျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္တဲ့နည္းျပအမည္ကိုဖြင့္ဟလာပါတယ္။

မန္ယူဟာတနဂၤေႏြေန႔တုန္းကအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွ

ထုတ္ပယ္လိုက္ၿပီးေနာက္မိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္

ခန႔္အပ္ထားၿပီးရာသီအကုန္အထိကိုင္တြယ္မယ့္ယာယီနည္းျပတစ္ဦး

ရွာေဖြေနပါတယ္။ ပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုမွာမန္ယူရဲ႕

နံပါတ္တစ္ပစ္မွတ္ျဖစ္ၿပီးဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊အဲရစ္တင္ဟက္

တို႔မွာလည္းမန္ယူရဲ႕လ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။

ဒါ့အျပင္မန္ယူတြင္အျခားလ်ာထားနည္းျပမ်ားလည္းရွိေနပါတယ္။

ဒါေပမယ့္အိုဝင္ဟားဂေရ႕ဗ္ကေတာ့မန္ယူအတြက္အသင့္ေတာ္ဆုံးျဖစ္မယ့္

နည္းျပကေတာ့စပိန္နည္းျပလူးဝစ္အန္းနရစ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ယူအလယ္တန္းကစားသမားေဟာင္းကအသက္၅၁ႏွစ္ရွိဘာစီလိုနာ

နည္းျပေဟာင္းမွာမန္ယူကိုအႀကီးအက်ယ္အေျပာင္းအလဲျဖစ္လာေအာင္

လုပ္ႏိုင္စြမ္းရွိသူျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဟားဂေရ႕ဗ္က “ပိုခ်က္တီႏိုကိုေထာက္ခံေနမႈကိုေလးစားပါတယ္။

သူကကစားသမားေတြဆီကလုပ္အားေတာင္းဆိုတဲ့သူပါ။

ဒါေပမယ့္လ်ာထားစာရင္းမွာပါသူအားလုံးကထိပ္တန္းေတြခ်ည္းပါ။

ဘရန္ဒန္မွာဒီလိဂ္မွာအေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။ဇီဒန္းမွာဘာသာ

စကားအတားအဆီးကျပႆနာတစ္ခုပါ။တင္ဟက္ကလည္းေအဂ်က္စ္မွာ

မယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္လုပ္ျပေနသူပါ။

ဒါေပမယ့္သူတို႔ကေဟာ္လန္ကအေကာင္းဆုံးအသင္းပါ။

သူကပရီးမီးယားလိဂ္မွာေကာေဟာ္လန္မွာလိုေဘာလုံးပိုင္ဆိုင္မႈအသာစီး

ရယူႏိုင္မွာလားေမးခြန္းထုတ္စရာရွိပါတယ္။လ်ာထားစာရင္းမွာမပါဝင္တဲ့

တစ္ေယာက္ရွိပါတယ္။ကြၽန္ေတာ္ကေတာ့သူ႔ကိုမန္ယူနည္းျပျဖစ္ေစခ်င္တယ္။

လူးဝစ္အန္းနရစ္ပါ။ဘာစီလိုနာလိုကလပ္ႀကီးတစ္ခုကိုကိုင္တြယ္ဖူးၿပီး

ဖလားသုံးလုံးရခဲ့တယ္။သာမန္အသင္းတစ္သင္းျဖစ္တဲ့စပိန္ကိုယူ႐ိုမွာ

ဆီမီးသို႔ပို႔ခဲ့တယ္။ကြၽန္ေတာ္ကေတာ့သူပဲယူႏိုက္တက္အတြက္

အသင့္ေတာ္ဆုံးလို႔ထင္တယ္။သူကလက္ေ႐ြးစင္အသင္းနည္းျပမွ်သာ

ျဖစ္ပါတယ္။သူ မန္ယူသို႔လာၿပီးဒီအလုပ္ကိုလုပ္ႏိုင္တယ္လို႔ထင္ပါတယ္။

သူဟာမန္ယူကိုအသင္းေကာင္းတစ္သင္းအျဖစ္ကေနႀကီးက်ယ္တဲ့

အသင္းအျဖစ္သို႔ေျပာင္းလဲႏိုင္မယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လူးဝစ္အန္းနရစ္ဟာဘာစီလိုနာတြင္ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူျဖစ္ၿပီး

လူငယ္မ်ားျဖင့္ဖြဲ႕စည္းထားတဲ့စပိန္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္

ဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္သူဟာမန္ယူနည္းျပ

ရာထူးအတြက္သတင္းမထြက္ခင္ကတည္းကမန္ယူနည္းျပလုပ္မွာ

မဟုတ္ေၾကာင္းျငင္းဆိုထားၿပီးျဖစ္ပါတယ္။mdiarymm

mdiarymm