ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ ဘယ်ရင်းနှီးမြှပ်နှံသူနဲ့မဆို ပူးပေါင်းသွားမယ့် ဒေးဗစ်ဘက်ခမ်း

ယူနိုက်တက်ကိုဝယ်ယူဖို့အတွက် ဘယ်ရင်းနှီးမြှပ်နှံသူနဲ့မဆို ဆွေးနွေးသွားမယ်လို့

ဒေးဗစ်ဘက်ခမ်းက ပြောခဲ့ကြောင်း သတင်းတွေအအရ သိရပါတယ်။

ဘက်ခမ်းဟာ သူ့အသင်းဟောင်းကိုဝယ်ဖို့ သူကိုယ်တိုင်တတ်နိုင်မှာ

မဟုတ်ပေမယ့် ကလပ်ကို ရင်းနှီးမြှပ်နှံမယ့်အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဖု့ိရှိတာပါ။

သူက ယူနိုက်တက်နဲ့သမိုင်းကြောင်းကောင်းခဲ့သူဖြစ်တာမို့ အသင်းကို

ဝယ်ချင်တဲ့ဘယ်သူ့အတွက်ဆို သူနဲ့ပူပေါင်းမှုဟာ အကျိုးရှိစေမှာပါ။

အဲဒီယူနိုက်တက်ဂန္ထဝင်ဟောင်းဟာ ကလပ်ကို ကမ်းလှမ်းမှုလုပ်မယ့်ဘယ်သူနဲ့မဆို

ဆွေးနွေးသွားမှာလို့ အင်္ဂလန်က Financial Times သတင်းစာက

ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဘက်ခမ်းဟာ ယူနိုက်တက်ရဲ့အရေးပါတဲ့

ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့သလို အသင်းပရိသတ်တွေနဲ့လည်း

ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူပါ။ ဒါကြောင့် သူရွေးချယ်မယ့်

အဖွဲ့အစည်းဟာ ယူနိုက်တက်ကိုဝယ်ယူနိုင်ဖို့ ပိုပြီးအခွင့်အလမ်းကောင်းနိုင်ပါတယ်။

ဘက်ခမ်းဟာ အရင်ကလည်း ရင်းနှီးမြှပ်နှံသူတွေရဲ့ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့်

ဆွေးနွေးမှုတွေက အရာမထင်ခဲ့ပါဘူး။ မေဂျာလိဂ်ကလပ်အင်တာမီယာမီရဲ့

ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်းဟောင်းဟာ

သူ့ဇာတိကလပ်ကိုလည်း ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ချင်နေတာပါ။

လက်ရှိမှာလည်း ယူနိုက်တက်ဟာ အသင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့

ဗြိတိန်ဘီလျံနာဆာဂျင်ရက်ကလစ်ဖ်နဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်နေပါတယ်။

zawgyi

ယူႏိုက္တက္ကို ဝယ္ယူႏိုင္ဖို႔ ဘယ္ရင္းႏွီးျမႇပ္ႏွံသူနဲ႔မဆို ပူးေပါင္းသြားမယ့္ ေဒးဗစ္ဘက္ခမ္း

ယူႏုိက္တက္ကိုဝယ္ယူဖို႔အတြက္ ဘယ္ရင္းႏွီးျမႇပ္ႏွံသူနဲ႔မဆို ေဆြးေႏြးသြားမယ္လို႔

ေဒးဗစ္ဘက္ခမ္းက ေျပာခဲ့ေၾကာင္း သတင္းေတြအအရ သိရပါတယ္။

ဘက္ခမ္းဟာ သူ႔အသင္းေဟာင္းကိုဝယ္ဖို႔ သူကိုယ္တိုင္တတ္ႏိုင္မွာ

မဟုတ္ေပမယ့္ ကလပ္ကို ရင္းႏွီးျမႇပ္ႏွံမယ့္အဖြဲ႕အစည္းတစ္ခုမွာ ပါဝင္ဖု႔ိရွိတာပါ။

သူက ယူႏုိက္တက္နဲ႔သမိုင္းေၾကာင္းေကာင္းခဲ့သူျဖစ္တာမို႔ အသင္းကို

ဝယ္ခ်င္တဲ့ဘယ္သူ႔အတြက္ဆို သူနဲ႔ပူေပါင္းမႈဟာ အက်ိဳးရွိေစမွာပါ။

အဲဒီယူႏုိက္တက္ဂႏၴဝင္ေဟာင္းဟာ ကလပ္ကို ကမ္းလွမ္းမႈလုပ္မယ့္ဘယ္သူနဲ႔မဆို

ေဆြးေႏြးသြားမွာလို႔ အဂၤလန္က Financial Times သတင္းစာက

ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဘက္ခမ္းဟာ ယူႏိုက္တက္ရဲ႕အေရးပါတဲ့

ဂႏၴဝင္တစ္ေယာက္ျဖစ္ခဲ့သလို အသင္းပရိသတ္ေတြနဲ႔လည္း

ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသူပါ။ ဒါေၾကာင့္ သူေ႐ြးခ်ယ္မယ့္

အဖြဲ႕အစည္းဟာ ယူႏုိက္တက္ကိုဝယ္ယူႏိုင္ဖို႔ ပိုၿပီးအခြင့္အလမ္းေကာင္းႏိုင္ပါတယ္။

ဘက္ခမ္းဟာ အရင္ကလည္း ရင္းႏွီးျမႇပ္ႏွံသူေတြရဲ႕ခ်ဥ္းကပ္ျခင္းခံခဲ့ရေပမယ့္

ေဆြးေႏြးမႈေတြက အရာမထင္ခဲ့ပါဘူး။ ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီရဲ႕

ပူးတြဲပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္းေဟာင္းဟာ

သူ႔ဇာတိကလပ္ကိုလည္း ပိုင္ဆိုင္သူတစ္ေယာက္ ျဖစ္ခ်င္ေနတာပါ။

လက္ရွိမွာလည္း ယူႏုိက္တက္ဟာ အသင္းရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္တဲ့

ၿဗိတိန္ဘီလ်ံနာဆာဂ်င္ရက္ကလစ္ဖ္နဲ႔ သတင္းေတြ ျပန္လည္ထြက္ေပၚေနပါတယ္။