ယူနိုက်တက်က ကမ်းလှမ်းဖို့ပြင်ဆင်နေတုန်းမှာပဲ အသင်းမပြောင်းဘူးလို့ ငြင်းဆန်လိုက်တဲ့ တီကို တိုက်စစ်မှူး

အက်သလက်တီကိုအသင်းတိုက်စစ်မှူးမာသီယက်စ်ကူညာဟာ

လက်ရှိအသင်းမှာပဲ ဆက်ကစားသွားမှာဖြစ်တာကြောင့် မန်ချက်စတာ

ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်

တိုက်စစ်ကစားသမားတစ်ဦးခေါ်ယူချင်နေပြီး အက်သလက်တီကိုအသင်းရဲ့

ဘရာဇီးလ်လက်ရွေးစင်ကစားသမား မာသီယက်စ်ကူညာကို ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်အသင်းအနေနဲ့ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ မာသီယက်စ်ကူညာကို

ပေါင်(၄၅)သန်းနဲ့ခေါ်ယူဖို့အသင့်ရှိနေပေမယ့် စပိန်အားကစားသတင်းစာ

Mundo Deportivo ကတော့ အပြောင်းအရွှေ့ဖြစ်လာဖို့မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

မာသီယက်စ်ကူညာဟာ အက်သလက်တီကိုအသင်းမှာ ပျော်ရွှင်နေပြီဖြစ်သလို

အက်သလက်တီကိုအသင်းကလည်း သူတို့ရဲ့အနာဂတ်စီမံကိန်းတွေထဲမှာ

မာသီယက်စ်ကူညာက အဓိကနေရာပါဝင်နေဆဲဖြစ်တာကြောင့်

လက်လွှတ်ခံဖို့ဆန္ဒမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီအစက ဟာသာဘာလင်အသင်းကနေ

အက်သလက်တီကိုအသင်းကို (၅)နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့သူ မာသီယက်စ်

ကူညာဟာ မနှစ်က အသင်းအတွက် လာလီဂါမှာ (၈)ပွဲသာပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်

(၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္က ကမ္းလွမ္းဖို႔ျပင္ဆင္ေနတုန္းမွာပဲ အသင္းမေျပာင္းဘူးလို႔ ျငင္းဆန္လိုက္တဲ့ တီကို တိုက္စစ္မႉး

အက္သလက္တီကိုအသင္းတိုက္စစ္မႉးမာသီယက္စ္ကူညာဟာ

လက္ရွိအသင္းမွာပဲ ဆက္ကစားသြားမွာျဖစ္တာေၾကာင့္ မန္ခ်က္စတာ

ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကို ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္

တိုက္စစ္ကစားသမားတစ္ဦးေခၚယူခ်င္ေနၿပီး အက္သလက္တီကိုအသင္းရဲ႕

ဘရာဇီးလ္လက္ေ႐ြးစင္ကစားသမား မာသီယက္စ္ကူညာကို ပစ္မွတ္ထားေနတာပါ။

ယူႏိုက္တက္အသင္းအေနနဲ႔ အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာသီယက္စ္ကူညာကို

ေပါင္(၄၅)သန္းနဲ႔ေခၚယူဖို႔အသင့္ရွိေနေပမယ့္ စပိန္အားကစားသတင္းစာ

Mundo Deportivo ကေတာ့ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔မရွိဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။

မာသီယက္စ္ကူညာဟာ အက္သလက္တီကိုအသင္းမွာ ေပ်ာ္႐ႊင္ေနၿပီျဖစ္သလို

အက္သလက္တီကိုအသင္းကလည္း သူတို႔ရဲ႕အနာဂတ္စီမံကိန္းေတြထဲမွာ

မာသီယက္စ္ကူညာက အဓိကေနရာပါဝင္ေနဆဲျဖစ္တာေၾကာင့္

လက္လႊတ္ခံဖို႔ဆႏၵမရွိပါဘူး။ ၿပီးခဲ့တဲ့ရာသီအစက ဟာသာဘာလင္အသင္းကေန

အက္သလက္တီကိုအသင္းကို (၅)ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ မာသီယက္စ္

ကူညာဟာ မႏွစ္က အသင္းအတြက္ လာလီဂါမွာ (၈)ပြဲသာပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္

(၆)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၇)ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။