
အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဝင်ခွင့်
မရခဲ့တဲ့နောက် ယူနိုက်တက်နဲ့အနာဂတ်မရေရာတော့ဘူးဆိုပြီး
သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုတော့ နောက်ရာသီအထိတော့
ဆက်ကစားမယ့် အခြေအနေရှိပါတယ်။ ရော်နယ်ဒိုဟာပြီးခဲ့တဲ့
ဘောလုံးရာသီတုန်းကယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်
၃၈ပွဲကစားခဲ့ရာမှာ၂၄ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးကလပ်ရဲ့ဂိုးအများဆုံး
သွင်းယူနိုင်သူအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ
ယခုနွေရာသီတွင်ဖရန်ကီဒီဂျောင်အပါအဝင် ကစားသမားသစ်များ
ခေါ်ယူအားဖြည့်ရေးလုပ်ဆောင်နေပေမဲ့ ကစားသမားတစ်ဦးမျှ
ခေါ်ယူနိုင်ခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာ ယူနိုက်တက်ယခုလက်ရှိ
သွားနေတဲ့အပြောင်းအရွှေ့လုပ်ငန်းစဉ် အပေါ် လုံးဝမနှစ်မျို့ကြောင်း
သိရပြီး စိတ်ပျက်လျက်ရှိနေပါတယ်။ ရော်နယ်ဒို အနေနဲ့
ယူနိုက်တက်အပေါ်ယုံကြည်မှုအားလျော့နည်းလာကြောင်းသိရပါတယ်။
အင်စတာဂရမ်ပေါ်မှာ ရော်နယ်ဒိုရေးသားခဲ့တဲ့ စာသားဟာ
ယူနိုက်တက်တာဝန်ရှိသူတွေ အတွက် အတွေးတစ်စ ဖြစ်စေနိုင်ပါတယ်။
”ကျွန်တော်တို့က အရေးကြီးတဲ့အရာတွေကို အာရုံစိုက်သင့်တဲ့အချိန်မှာ
ချက်ချင်းလုပ်ဆောင်ရမယ့်အလုပ်တွေအတွက်ပဲ အချိန်တွေအများကြီးကို
ဖြုန်းတီးပစ်ခဲ့မိကြပါတယ်။”ဆိုပြီး ရေးထားတာပါ။
zawgyi
“ယူႏုိက္တက္က ခ်က္ခ်င္းလုပ္ေဆာင္ရမယ့္ အလုပ္ေတြအတြက္ အခ်ိန္ေတြဆြဲေနၾကတယ္ ” ေရာ္နယ္ဒုိ
အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္
မရခဲ့တဲ့ေနာက္ ယူႏိုက္တက္နဲ႔အနာဂတ္မေရရာေတာ့ဘူးဆိုၿပီး
သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အခုေတာ့ ေနာက္ရာသီအထိေတာ့
ဆက္ကစားမယ့္ အေျခအေနရွိပါတယ္။ ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့
ေဘာလုံးရာသီတုန္းကယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္
၃၈ပြဲကစားခဲ့ရာမွာ၂၄ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီးကလပ္ရဲ႕ဂိုးအမ်ားဆုံး
သြင္းယူႏိုင္သူအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ
ယခုေႏြရာသီတြင္ဖရန္ကီဒီေဂ်ာင္အပါအဝင္ ကစားသမားသစ္မ်ား
ေခၚယူအားျဖည့္ေရးလုပ္ေဆာင္ေနေပမဲ့ ကစားသမားတစ္ဦးမွ်
ေခၚယူႏိုင္ျခင္းမရွိပါဘူး။ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ယခုလက္ရွိ
သြားေနတဲ့အေျပာင္းအေ႐ႊ႕လုပ္ငန္းစဥ္ အေပၚ လုံးဝမႏွစ္မ်ိဳ႕ေၾကာင္း
သိရၿပီး စိတ္ပ်က္လ်က္ရွိေနပါတယ္။ ေရာ္နယ္ဒို အေနနဲ႔
ယူႏိုက္တက္အေပၚယုံၾကည္မႈအားေလ်ာ့နည္းလာေၾကာင္းသိရပါတယ္။
အင္စတာဂရမ္ေပၚမွာ ေရာ္နယ္ဒိုေရးသားခဲ့တဲ့ စာသားဟာ
ယူႏိုက္တက္တာဝန္ရွိသူေတြ အတြက္ အေတြးတစ္စ ျဖစ္ေစႏိုင္ပါတယ္။
”ကြၽန္ေတာ္တို႔က အေရးႀကီးတဲ့အရာေတြကို အာ႐ုံစိုက္သင့္တဲ့အခ်ိန္မွာ
ခ်က္ခ်င္းလုပ္ေဆာင္ရမယ့္အလုပ္ေတြအတြက္ပဲ အခ်ိန္ေတြအမ်ားႀကီးကို
ျဖဳန္းတီးပစ္ခဲ့မိၾကပါတယ္။”ဆိုၿပီး ေရးထားတာပါ။