M Diary Channel

Local and Sport News

ယူနိုက်တက်က ချန်ပီယံလိဂ်( ၁၆ ) သင်းအဆင့်မှာ ပိုချက်တီနိုရဲ့ အသင်းနဲ့ တွေ့ဆုံနိုင်ဖွယ်ရှိနေ

မူရီစီယို ပိုချက်တီနိုရဲ့ ပဲရစ် စိန့် ဂျာမိန်းအသင်းဟာ ဗုဒ္ဓဟူးနေ့က

ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို ( ၂-၁ ) အရေးနိမ့်ခဲ့ပါတယ်။

ပိုချက်တီနိုဟာ တော့တင်ဟမ်နည်းပြ သက်တမ်းအတွင်း စီးတီးနဲ့ တွေ့ဆုံရာမှာ

မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပြီး ( ၂၀၁၉ ) ခုနှစ်အတွင်း သူတို့ကို

ပြိုင်ပွဲကနေ ထွက်ခွာသွားရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ

အသင်းနဲ့အတူ ရင်ဆိုင်ရချိန်မှတော့ အဆိုပါ မျက်လှည့်တွေကို

ဆက်လက်ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ကိုင်လီယန်

အမ်ဘာပေရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမယ့် ( ၂ ) ဂိုးဆက်

ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ရှုံးပွဲနဲ့အတူ ပိုချက်တီနိုဟာ

မန်ချက်စတာ ယူနိုက်တက်နည်းပြရာထူးအတွက် အဓိက ပစ်မှတ်ဖြစ်ကြောင်း

သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုလို

အရေးနိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ် ( ၁၆ ) အဆင့်ကိုတော့ အုပ်စုဒုတိယနေရာကနေ

တက်ရောက်ခွင့်ရရှိသွားခဲ့ပါတယ်။ တစ်ဖက်မှာ ယူနိုက်တက်က

အုပ်စုဗိုလ်ဖြစ်တာကြောင့် ပီအက်စ်ဂျီဟာလည်း ( ၁၆ ) သင်းအဆင့်မှာ

သရဲနီတို့ တွေ့ဆုံနိုင်တဲ့အသင်းတစ်သင်းဖြစ်လာပါတယ်။

အခြားဖြစ်နိုင်ဖွယ် ပြိုင်ဘက်တွေထဲမှာ စပို့တင်း ၊ နှင့် ဘာစီလိုနာ ၊

ဂျုဗင်တပ် ၊ ပေါ်တို ၊ ဆဲလ်ဘတ် ၊ ဒါမှမဟုတ် အင်တာမီလန်တို့လည်း

ပါဝင်လာနိုင်ပါတယ်။ ပိုချက်တီနိုက ဘယ်အသင်းကိုပဲ နည်းပြအဖြစ်

တာဝန်ယူနေရသည်ဖြစ်စေ ယူနိုက်တက် နှင့် ပီအက်ဂျီတွေ့ဆုံမှုက

လူပြောများတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့

လောလောလတ်လတ် သမိုင်းကြောင်းတွေ ရှိထားပြီး ( ၂၀၁၉ ) မှာ

ယခုလို အ‌ြခေအနေ တွေ့ဆုံထားသလို ( ၂၀၂၀ )မှာလည်း တစ်အုပ်စုထဲ

ကျရောက်ခဲ့ပါတယ်။ ဒီ ( ၂ ) သင်းဟာ ( ၁၆ ) သင်းအဆင့်မဟုတ်လျှင်တောင်

နောက်ပိုင်းမှာ တွေ့နိုင်‌ြခေများပါတယ်။ ဒါပေမယ့် ပိုချက်တီနိုရဲ့ အ‌ြခေအနေထက်

လီယွန်နယ် မက်ဆီ နှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ရဲ့ တွေ့ဆုံမှုက သတင်း

ခေါင်းကြီးပိုင်းကို နေရာယူထားမှာ သေချာပါတယ်။

ရော်နယ်ဒို နှင့် မက်ဆီဟာ ပေါ်တူဂီ တိုက်စစ်မှူး ဂျူဗင်တပ်မှာ ရှိနေချိန်

ယခင်နှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း တွေ့ဆုံခဲ့ဖူးပါတယ်။

တကယ်လို့ ယခုရာသီအတွင်း ယူနိုက်တက် နှင့် ပီအက်စ်ဂျီတွေ့ဆုံပါက

သူတို့ ( ၂ ) ဦးရဲ့ နောက်ဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမှု ဖြစ်လာနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ ပိုချက်တီနိုရဲ့ လမ်းညွှန်မှုတွေအောက် ရှိနေမယ့် ကစားသမားက

ရော်နယ်ဒို လား ၊ မက်ဆီ လား ၊ ဆိုတဲ့ မေးခွန်းဟာလည်း အဖြေ ပေါ်ပြီးသား

ဖြစ်နေပါလိမ့်မယ်။

zawgyi

ယူႏိုက္တက္က ခ်န္ပီယံလိဂ္( ၁၆ ) သင္းအဆင့္မွာ ပိုခ်က္တီႏိုရဲ႕ အသင္းနဲ႔ ေတြ႕ဆုံႏိုင္ဖြယ္ရွိေန

မူရီစီယို ပိုခ်က္တီႏိုရဲ႕ ပဲရစ္ စိန႔္ ဂ်ာမိန္းအသင္းဟာ ဗုဒၶဟူးေန႔က

ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ မန္ခ်က္စတာ စီးတီးကို ( ၂-၁ ) အေရးနိမ့္ခဲ့ပါတယ္။

ပိုခ်က္တီႏိုဟာ ေတာ့တင္ဟမ္နည္းျပ သက္တမ္းအတြင္း စီးတီးနဲ႔ ေတြ႕ဆုံရာမွာ

မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားၿပီး ( ၂၀၁၉ ) ခုႏွစ္အတြင္း သူတို႔ကို

ၿပိဳင္ပြဲကေန ထြက္ခြာသြားရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီ

အသင္းနဲ႔အတူ ရင္ဆိုင္ရခ်ိန္မွေတာ့ အဆိုပါ မ်က္လွည့္ေတြကို

ဆက္လက္ျပသႏိုင္ျခင္း မရွိခဲ့ပါဘူး။ ျပင္သစ္ကလပ္ဟာ ကိုင္လီယန္

အမ္ဘာေပရဲ႕ သြင္းဂိုးနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ( ၂ ) ဂိုးဆက္

ခြင့္ျပဳခဲ့ရၿပီး ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ အဆိုပါ ရႈံးပြဲနဲ႔အတူ ပိုခ်က္တီႏိုဟာ

မန္ခ်က္စတာ ယူႏိုက္တက္နည္းျပရာထူးအတြက္ အဓိက ပစ္မွတ္ျဖစ္ေၾကာင္း

သတင္းေတြ ထြက္ေပၚလာပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ယခုလို

အေရးနိမ့္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ ( ၁၆ ) အဆင့္ကိုေတာ့ အုပ္စုဒုတိယေနရာကေန

တက္ေရာက္ခြင့္ရရွိသြားခဲ့ပါတယ္။ တစ္ဖက္မွာ ယူႏိုက္တက္က

အုပ္စုဗိုလ္ျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီဟာလည္း ( ၁၆ ) သင္းအဆင့္မွာ

သရဲနီတို႔ ေတြ႕ဆုံႏိုင္တဲ့အသင္းတစ္သင္းျဖစ္လာပါတယ္။

အျခားျဖစ္ႏိုင္ဖြယ္ ၿပိဳင္ဘက္ေတြထဲမွာ စပို႔တင္း ၊ ႏွင့္ ဘာစီလိုနာ ၊

ဂ်ဳဗင္တပ္ ၊ ေပၚတို ၊ ဆဲလ္ဘတ္ ၊ ဒါမွမဟုတ္ အင္တာမီလန္တို႔လည္း

ပါဝင္လာႏိုင္ပါတယ္။ ပိုခ်က္တီႏိုက ဘယ္အသင္းကိုပဲ နည္းျပအျဖစ္

တာဝန္ယူေနရသည္ျဖစ္ေစ ယူႏိုက္တက္ ႏွင့္ ပီအက္ဂ်ီေတြ႕ဆုံမႈက

လူေျပာမ်ားတဲ့ ပြဲစဥ္ျဖစ္လာပါလိမ့္မယ္။ ယူႏိုက္တက္ဟာ ပီအက္စ္ဂ်ီနဲ႔

ေလာေလာလတ္လတ္ သမိုင္းေၾကာင္းေတြ ရွိထားၿပီး ( ၂၀၁၉ ) မွာ

ယခုလို အ‌ျေခအေန ေတြ႕ဆုံထားသလို ( ၂၀၂၀ )မွာလည္း တစ္အုပ္စုထဲ

က်ေရာက္ခဲ့ပါတယ္။ ဒီ ( ၂ ) သင္းဟာ ( ၁၆ ) သင္းအဆင့္မဟုတ္လွ်င္ေတာင္

ေနာက္ပိုင္းမွာ ေတြ႕ႏိုင္‌ျေခမ်ားပါတယ္။ ဒါေပမယ့္ ပိုခ်က္တီႏိုရဲ႕ အ‌ျေခအေနထက္

လီယြန္နယ္ မက္ဆီ ႏွင့္ ခရစၥတီယာႏို ေရာ္နယ္ဒိုတို႔ရဲ႕ ေတြ႕ဆုံမႈက သတင္း

ေခါင္းႀကီးပိုင္းကို ေနရာယူထားမွာ ေသခ်ာပါတယ္။

ေရာ္နယ္ဒို ႏွင့္ မက္ဆီဟာ ေပၚတူဂီ တိုက္စစ္မႉး ဂ်ဴဗင္တပ္မွာ ရွိေနခ်ိန္

ယခင္ႏွစ္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း ေတြ႕ဆုံခဲ့ဖူးပါတယ္။

တကယ္လို႔ ယခုရာသီအတြင္း ယူႏိုက္တက္ ႏွင့္ ပီအက္စ္ဂ်ီေတြ႕ဆုံပါက

သူတို႔ ( ၂ ) ဦးရဲ႕ ေနာက္ဆုံးအႀကိမ္ ထိပ္တိုက္ရင္ဆိုင္ရမႈ ျဖစ္လာႏိုင္ပါတယ္။

အဲ့ဒီအခ်ိန္မွာ ပိုခ်က္တီႏိုရဲ႕ လမ္းၫႊန္မႈေတြေအာက္ ရွိေနမယ့္ ကစားသမားက

ေရာ္နယ္ဒို လား ၊ မက္ဆီ လား ၊ ဆိုတဲ့ ေမးခြန္းဟာလည္း အေျဖ ေပၚၿပီးသား

ျဖစ္ေနပါလိမ့္မယ္။mdiarymm

mdiarymm