M Diary Channel

Local and Sport News

ယူနိုက်တက်က ဂျာမာန်ဘောလုံးဂုရုကို နည်းြပအဖြစ် ခန့်အပ်သွားဖို့ ပြင်ဆင်နေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Ralf Rangnick ကို ြကားဖြတ်နည်းြပ အဖြစ်

ခန့်အပ်သွားဖို့ စီစဥ်နေကြောင်း သိရပါတယ်။ မူရီစီယို ပိုချက်တီနိုကို

အမြဲတမ်းနညး်ြပအဖြစ် ခန့်အပ်ဖို့ ယုံကြည်မှုရှိဆဲဖြစ်ပေမယ့် ပီအက်စ်ဂျီ

အသင်းက အာဂျင်တီးနားနည်းပြနဲ့ ပတ်သက်ြပီး ယူနိုက်တက်ရဲ့

အစောပိုင်းချဥ်းကပ်မှုတွေကို ပယ်ချခဲ့ပါတယ်။

ပီအက်စ်ဂျီက ပိုချက်တီနိုကို ဆက်ထိန်းထားနိုင်ဖွယ်ရှိတဲ့အတွက်

ယူနိုက်တက်ဟာ ကြားဖြတ်နည်းြပ ရာထူးအတွက် အင်တာဗျူးတွေ

စတင်ပြုလုပ်နေပြီဖြစ်ြပီး ဘာစီလိုနာ နည်းြပဟောင်း ဗယ်ဗာဒီ ၊

ရိုးမားနည်းြပဟောင်း Rudi Garcia တို့နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝပ် နှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ

ရစ်ချတ် အာနိုးတို့ဟာ အဆိုပါ အင်တာဗျူးအစီအစဥ်တွေကြောင့်

ဗီလာရီးရဲကို ( ၂-၀ ) အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွက်

စပိန်နိုင်ငံကို လိုက်ပါသွားခဲ့ခြင်း မရှိခဲ့ပါဘူး။

Rangnick က လက်ရှိမှာ လိုကိုမိုးတစ် မော်စကိုရဲ့ အားကစား နှင့်

ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲအဖြစ် ဆောင်ရွက်နေပြီး ပိုချက်တီနိုကို

ပီအက်စ်ဂျီထံကနေ ခေါ်ယူနိုင်ြခင်းမရှိပါက ဂျာမာန်နည်းြပဟာ

ယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ် ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အသက် ( ၆၃ ) နှစ်အရွယ် Rangnickဟာ မူလက ဂျာမနီမှာ နည်းြပအဖြစ်

ဆောင်ရွက်ခဲ့ပြီး ရှော်ကေးအသင်းကို တာဝန်ယူနေစဥ် ( ၂၀၁၁ ) ချန်ပီယံလိဂ်

ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်က ( ၂ ) ကျော့ပေါင်း ( ၆-၁ ) ရလာဒ်နဲ့

Rangnickရဲ့ အသင်းကို အနိုင်ယူခဲ့ဖူးပါတယ်။

အဲ့ဒီနောက် ( ၂၀၁၂ ) ခုနှစ်မှာတော့ ဆဲလ်ဘတ်အသင်းရဲ့ အားကစား

ဒါရိုက်တာဖြစ်လာြပီး ( ၂၀၁၅-၁၆ ) နှင့် ( ၂၀၁၈-၁၉ ) ရာသီတွေမှာ

လိုက်ဇစ်အသင်းရဲ့ နည်းြပအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

Rangnick ဟာ ဂျာမာန်ဘောလုံးလောကမှာ လေးစားရတဲ့ နည်းြပတစ်ဦးဖြစ်ြပီး

ဆဲလ်ဘတ်အသင်းထံ ဆာဒီယို မာနေး ရောက်ရှိလာမှု နှင့် လိုက်ဇစ်

အသင်းအတွက် ကင်းမစ် ၊ ကီတာ ၊ အိုပါမီကာနို နှင့် တီမို ဗာနာတို့ကို

ခေါ်ယူပေးခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္က ဂ်ာမာန္ေဘာလုံးဂု႐ုကို နည္းျပအျဖစ္ ခန႔္အပ္သြားဖို႔ ျပင္ဆင္ေန

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ Ralf Rangnick ကို ၾကားျဖတ္နည္းျပ အျဖစ္

ခန႔္အပ္သြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။ မူရီစီယို ပိုခ်က္တီႏိုကို

အၿမဲတမ္းနညး္ျပအျဖစ္ ခန္႔အပ္ဖို႔ ယုံၾကည္မႈရွိဆဲျဖစ္ေပမယ့္ ပီအက္စ္ဂ်ီ

အသင္းက အာဂ်င္တီးနားနည္းျပနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ရဲ႕

အေစာပိုင္းခ်ဥ္းကပ္မႈေတြကို ပယ္ခ်ခဲ့ပါတယ္။

ပီအက္စ္ဂ်ီက ပိုခ်က္တီႏိုကို ဆက္ထိန္းထားႏိုင္ဖြယ္ရွိတဲ့အတြက္

ယူႏိုက္တက္ဟာ ၾကားျဖတ္နည္းျပ ရာထူးအတြက္ အင္တာဗ်ဴးေတြ

စတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး ဘာစီလိုနာ နည္းျပေဟာင္း ဗယ္ဗာဒီ ၊

႐ိုးမားနည္းျပေဟာင္း Rudi Garcia တို႔နဲ႔ ေဆြးေႏြးခဲ့ၿပီးျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ ဒုတိယ ဥကၠဌ အက္ဝုဒ္ဝပ္ ႏွင့္ စီမံခန႔္ခြဲမႈ ဒါ႐ိုက္တာ

ရစ္ခ်တ္ အာႏိုးတို႔ဟာ အဆိုပါ အင္တာဗ်ဴးအစီအစဥ္ေတြေၾကာင့္

ဗီလာရီးရဲကို ( ၂-၀ ) အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္

စပိန္ႏိုင္ငံကို လိုက္ပါသြားခဲ့ျခင္း မရွိခဲ့ပါဘူး။

Rangnick က လက္ရွိမွာ လိုကိုမိုးတစ္ ေမာ္စကိုရဲ႕ အားကစား ႏွင့္

ဖြံ႕ၿဖိဳးတိုးတက္မႈဌာန အႀကီးအကဲအျဖစ္ ေဆာင္႐ြက္ေနၿပီး ပိုခ်က္တီႏိုကို

ပီအက္စ္ဂ်ီထံကေန ေခၚယူႏိုင္ျခင္းမရွိပါက ဂ်ာမာန္နည္းျပဟာ

ယူႏိုက္တက္ရဲ႕ ဦးစားေပးပစ္မွတ္ ျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

အသက္ ( ၆၃ ) ႏွစ္အ႐ြယ္ Rangnickဟာ မူလက ဂ်ာမနီမွာ နည္းျပအျဖစ္

ေဆာင္႐ြက္ခဲ့ၿပီး ေရွာ္ေကးအသင္းကို တာဝန္ယူေနစဥ္ ( ၂၀၁၁ ) ခ်န္ပီယံလိဂ္

ဆီမီးဖိုင္နယ္မွာ ယူႏိုက္တက္က ( ၂ ) ေက်ာ့ေပါင္း ( ၆-၁ ) ရလာဒ္နဲ႔

Rangnickရဲ႕ အသင္းကို အႏိုင္ယူခဲ့ဖူးပါတယ္။

အဲ့ဒီေနာက္ ( ၂၀၁၂ ) ခုႏွစ္မွာေတာ့ ဆဲလ္ဘတ္အသင္းရဲ႕ အားကစား

ဒါ႐ိုက္တာျဖစ္လာၿပီး ( ၂၀၁၅-၁၆ ) ႏွင့္ ( ၂၀၁၈-၁၉ ) ရာသီေတြမွာ

လိုက္ဇစ္အသင္းရဲ႕ နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ပါတယ္။

Rangnick ဟာ ဂ်ာမာန္ေဘာလုံးေလာကမွာ ေလးစားရတဲ့ နည္းျပတစ္ဦးျဖစ္ၿပီး

ဆဲလ္ဘတ္အသင္းထံ ဆာဒီယို မာေနး ေရာက္ရွိလာမႈ ႏွင့္ လိုက္ဇစ္

အသင္းအတြက္ ကင္းမစ္ ၊ ကီတာ ၊ အိုပါမီကာႏို ႏွင့္ တီမို ဗာနာတို႔ကို

ေခၚယူေပးခဲ့ရာမွာ အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။