
ပရီးမီးယားလိဂ်တန်းတက်အသင်း နော်တင်ဟမ်ဖော်ရက်စ်ဟာ
မန်ချက်စတာယူနိုက်တက်နံပါတ်(၂)ဂိုးသမားဟန်ဒါဆင်ကို
အခုတစ်ပတ်အတွင်း အငှားနဲ့ခေါ်ယူနိုင်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။
ဟန်ဒါဆင်ရဲ့အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ဖို့ နောက်ဆုံး
အဆင့်ရောက်ရှိနေပြီဖြစ်ပြီး နှစ်သင်းစလုံးက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့
ဆန္ဒရှိနေကြပါတယ်။ နော်တင်ဟမ်ဖော်ရက်စ်အသင်း
ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် လက်စွမ်းပြခဲ့တဲ့ဂိုးသမား
ဘရိစ်ဆမ်ဘာဟာ အနာဂတ်မသေမချာဖြစ်နေတာကြောင့်
သူ့နေရာမှာအစားထိုးဖို့ ဟန်ဒါဆင်ကို တစ်ရာသီအငှားနဲ့
ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ
ဟန်ဒါဆင်ဟာ ၂၀၁၈-၁၉ ရာသီတုန်းက ရှက်ဖီးယူနိုက်တက်
အသင်းမှာ အငှားနဲ့ကစားခဲ့ဖူးပြီး လက်စွမ်းပြကစားနိုင်ခဲ့တာကြောင့်
၂၀၂၀၊ သြဂုတ်လမှာ ယူနိုက်တက်အသင်းက သူ့ကို ပြန်လည်
ခေါ်ယူခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီမှာ ဟန်ဒါဆင်ဟာ
ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ဒီဂီယာ
လက်စွမ်းပြမှုနဲ့အတူ ပွဲကစားခွင့်ပျောက်ဆုံးခဲ့ပြီး ပြိုင်ပွဲစုံ(၃)ပွဲသာ
ကစားခဲ့ရတဲ့အတွက် ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းဆီ
ပြောင်းရွှေ့လိုနေသလို ယူနိုက်တက်အသင်းကလည်း
ဟန်ဒါဆင်ကို အငှားချလိုနေတာကြောင့် ဒီအပြောင်းအရွှေ့က
အားလုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်။
zawgyi
ယူႏိုက္တက္ဂိုးသမားဟန္ဒါဆင္ကို အခုတစ္ပတ္အတြင္း ေနာ္တင္ဟမ္ေဖာ္ရက္စ္ အငွားနဲ႔ေခၚယူႏိုင္ဖို႔ရွိေန
ပရီးမီးယားလိဂ္တန္းတက္အသင္း ေနာ္တင္ဟမ္ေဖာ္ရက္စ္ဟာ
မန္ခ်က္စတာယူႏိုက္တက္နံပါတ္(၂)ဂိုးသမားဟန္ဒါဆင္ကို
အခုတစ္ပတ္အတြင္း အငွားနဲ႔ေခၚယူႏိုင္ဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။
ဟန္ဒါဆင္ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥ အၿပီးသတ္ႏိုင္ဖို႔ ေနာက္ဆုံး
အဆင့္ေရာက္ရွိေနၿပီျဖစ္ၿပီး ႏွစ္သင္းစလုံးက အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔
ဆႏၵရွိေနၾကပါတယ္။ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္း
ပရီးမီးယားလိဂ္တန္းတက္ခြင့္ရေအာင္ လက္စြမ္းျပခဲ့တဲ့ဂိုးသမား
ဘရိစ္ဆမ္ဘာဟာ အနာဂတ္မေသမခ်ာျဖစ္ေနတာေၾကာင့္
သူ႔ေနရာမွာအစားထိုးဖို႔ ဟန္ဒါဆင္ကို တစ္ရာသီအငွားနဲ႔
ေခၚယူလိုေနတာျဖစ္ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
ဟန္ဒါဆင္ဟာ ၂၀၁၈-၁၉ ရာသီတုန္းက ရွက္ဖီးယူႏိုက္တက္
အသင္းမွာ အငွားနဲ႔ကစားခဲ့ဖူးၿပီး လက္စြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္
၂၀၂၀၊ ၾသဂုတ္လမွာ ယူႏိုက္တက္အသင္းက သူ႔ကို ျပန္လည္
ေခၚယူခဲ့ပါတယ္။ ၂၀၂၀-၂၁ ရာသီမွာ ဟန္ဒါဆင္ဟာ
ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ဒီဂီယာ
လက္စြမ္းျပမႈနဲ႔အတူ ပြဲကစားခြင့္ေပ်ာက္ဆုံးခဲ့ၿပီး ၿပိဳင္ပြဲစုံ(၃)ပြဲသာ
ကစားခဲ့ရတဲ့အတြက္ ပုံမွန္ကစားခြင့္ရမယ့္အသင္းတစ္သင္းဆီ
ေျပာင္းေ႐ႊ႕လိုေနသလို ယူႏိုက္တက္အသင္းကလည္း
ဟန္ဒါဆင္ကို အငွားခ်လိုေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က
အားလုံးအတြက္အက်ိဳးရွိေစမွာျဖစ္ပါတယ္။