M Diary Channel

Local and Sport News

ယူနိုက်တက်နောက်ခံလူဘာယီကို ပစ်မှတ်ထားနေတဲ့ ကွန်တီ

စပါးအသင်းနည်းပြအန်တိုနီယိုကွန်တီဟာ မန်ချက်စတာယူနိုက်တက်

နောက်ခံလူဘာယီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံလူ

ဘာယီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်

သက်တမ်းတိုးခဲ့ပေမယ့် ဒီရာသီမှာပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး

ပရီးမီးယားလိဂ်မှာစုစုပေါင်း(၄၅)မိနစ်သာကစားခွင့်ရခဲ့သလို ပြိုင်ပွဲစုံ(၃)ပွဲသာ

ကစားခဲ့ရပါတယ်။ ကွန်တီဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကျရင်

နောက်ခံလူနှစ်ဦးခေါ်ယူဖို့ဆန္ဒပြင်းပြနေပြီး အဲဒီထဲမှာ ဘာယီလည်းအပါအဝင်

ဖြစ်တယ်လို့ The Express ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်အသင်းကို ဗာရန်းရောက်ရှိ

လာပြီးနောက်ပိုင်း မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဗာရန်းတို့ရဲ့နောက် စတုတ္ထ

ဦးစားပေးအဖြစ်သာကစားခွင့်ရနေတဲ့အပေါ် ဘာယီကလည်း စိတ်ပျက်နေပြီး

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကျရင် အသင်းနဲ့လမ်းခွဲဖို့ဆန္ဒ

ရှိနေတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ဗီလာရီးယဲလ်အသင်းကနေ ပေါင်သန်း

(၃၀)နဲ့ပြောင်းရွှေ့ခဲ့သူ ဘာယီဟာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်

(၁၀၉)ပွဲကစား၊ (၁)ဂိုးသွင်းယူခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေရယူနိုင်ခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ေနာက္ခံလူဘာယီကို ပစ္မွတ္ထားေနတဲ့ ကြန္တီ

စပါးအသင္းနည္းျပအန္တိုနီယိုကြန္တီဟာ မန္ခ်က္စတာယူႏိုက္တက္

ေနာက္ခံလူဘာယီကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေနာက္ခံလူ

ဘာယီဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္

သက္တမ္းတိုးခဲ့ေပမယ့္ ဒီရာသီမွာပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနၿပီး

ပရီးမီးယားလိဂ္မွာစုစုေပါင္း(၄၅)မိနစ္သာကစားခြင့္ရခဲ့သလို ၿပိဳင္ပြဲစုံ(၃)ပြဲသာ

ကစားခဲ့ရပါတယ္။ ကြန္တီဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က်ရင္

ေနာက္ခံလူႏွစ္ဦးေခၚယူဖို႔ဆႏၵျပင္းျပေနၿပီး အဲဒီထဲမွာ ဘာယီလည္းအပါအဝင္

ျဖစ္တယ္လို႔ The Express ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက ယူႏိုက္တက္အသင္းကို ဗာရန္းေရာက္ရွိ

လာၿပီးေနာက္ပိုင္း မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဗာရန္းတို႔ရဲ႕ေနာက္ စတုတၳ

ဦးစားေပးအျဖစ္သာကစားခြင့္ရေနတဲ့အေပၚ ဘာယီကလည္း စိတ္ပ်က္ေနၿပီး

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ဆႏၵ

ရွိေနတာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ဗီလာရီးယဲလ္အသင္းကေန ေပါင္သန္း

(၃၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဘာယီဟာ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္

(၁၀၉)ပြဲကစား၊ (၁)ဂိုးသြင္းယူခဲ့ၿပီး လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြရယူႏိုင္ခဲ့ပါတယ္။mdiarymm

mdiarymm