M Diary Channel

Local and Sport News

ယူနိုက်တက်နဲ့ပွဲစဥ်မတိုင်မီ ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမား ( ၂ ) ဦး ဒဏ်ရာရရှိနေ

ချဲလ်ဆီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့ မန်ချက်စတာ ယူနိုက်တက်

အသင်းနဲ့ ပွဲစဥ်မတိုင်မီ ဂျူဗင်တပ်အသင်းကို ( ၄-၀ ) အနိုင်ယူထားတာ

တွေ့ရပါတယ်။ သောမတ် တူဟယ်ရဲ့ အသင်းဟာ သရဲနီ တိုက်စစ်မှူးဟောင်း

ရိုမီလူ လူကာကူ မပါဝင်သေးပေမယ့် ကျေနပ်ဖွယ်ရာ စွမ်းဆောင်ရည်

ပြသနိုင်ခဲ့ပါတယ်။ ချာလာဘတ် ၊ ရိစ်ဂျိမ်းစ် ၊ အိုဒွိုင်း နှင့် တီမို ဗာနာတို့က

ဂျူဗီသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ချန်ပီယံလိဂ်ရှုံးပွဲကို ပုံဖော်ပေးခဲ့ကြတာ

ဖြစ်ပါတယ်။ ဒါပေမယ့် တူဟယ်အတွက် ပြီးပြည့်စုံတဲ့ ညတစ်ည မဟုတ်ခဲ့ပဲ ၊

အန်ဂိုလို ကန်တီ နှင့် ဘင် ချီးလ်ဝဲလ်တို့က ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြတာဖြစ်ပါတယ်။

တူဟယ်က အဆိုပါ ပွဲစဥ်ပြီးဆုံးချိန်မှာ Sky Sports သတင်းဌာနကို

ကစားသမား ( ၂ ) ဦးရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး

ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက ချီးလ်ဝဲလ်နဲ့ ပတ်သက်ပြီး

“ သူက တခြားဘက်ခြမ်းက ရိစ်ဂျိမ်းစ်လိုပဲ ‌ြေခစွမ်းပြနေတဲ့သူဖြစ်တာကြောင့်

ကျွန်တော့်ကို စိုးရိမ်စေပါတယ်။ သူတို့က ယုံကြည်မှုအပြည့်အဝနဲ့

အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ကြပါတယ်။”လို့ ဆိုပါတယ်။

“ သူက အရမ်းနာကျင်တဲ့ ဝေဒနာခံစားခဲ့ရပါတယ်။ လက်ရှိမှာတော့

အနည်းငယ် သက်သာလာပါပြီ။ မနက်ြဖန် ( ဗုဒ္ဓဟူး‌ေန့ ) မှာ တိတိကျကျ

သိရဖို့ ထပ်မံစစ်ဆေးသွားပါမယ်။ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်။”

ဂါးဒီးယန်းသတင်းစာကတော့ ချီးလ်ဝဲဟာ ACL လို့ သံသယရှိတဲ့ ဒဏ်ရာကြောင့်

ကာလရှည် အနားယူရနိုင်တယ်လို့ ဆိုပါတယ်။

ကန်တီနဲ့ ပတ်သက်ပြီးလည်း တူဟယ်က “ ကန်တီလည်း အလားတူပါပဲ။

သူက ပထမပိုင်းမှာ ပိုပြီး သန်မာလာပါတယ်။ ဒါပေမယ့် ခြေချင်းဝတ်

အနည်းငယ်လည်သွားပါတယ်။ အရမ်းကြီး မဆိုးဖို့ မျှော်လင့်ရပါတယ်။”လို့

ဆိုပါတယ်။ ကန်တီရဲ့ ဒဏ်ရာပြဿနာက ချီးလ်ဝဲလ်လောက် မဆိုးပေမယ့်

ယခုအပတ် ပွဲစဥ်မှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

သူတို့ ( ၂ ) ဦး လွဲချော်မှုက ယခုအပတ်အတွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ

သွားရောက်ကစားရမယ့် ယူနိုက်တက်အတွက် အကျိုးဖြစ်စေနိုင်ပါတယ်။

ချီးလ်ဝဲလ်က ‌ြေခစွမ်းပြနေပြီး သူ့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ( ၆ ) ပွဲမှာ

( ၃ ) ဂိုး သွင်းယူထားပါတယ်။ နောက်ပြီး စနေနေ့က အသင်းဟောင်း

လက်စတာနဲ့ ပွဲစဥ်မှာလည်း ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ကန်တီကလည်း ပိုမိုကောင်းမွန်လာပြီး အသင်းဟောင်းနဲ့ ပွဲစဥ်မှာ

သွင်းဂိုးရယူနိုင်ခဲ့တာတွေ့ရပါတယ်။ ချဲလ်ဆီးက ကစားသမားအင်အား

တောင့်တင်းပြီး သူတို့ ( ၂ ) ဦး ပါဝင်ြခင်း မရှိလျှင်တောင် လေးစားရတဲ့

ပြိုင်ဘက်ြဖစ်ပါတယ်။ ဒါပေမယ့် တူဟယ်အနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့

လိုအပ်လာမှာဖြစ်ပြီး ဒါက တနင်္ဂနွေနေ့မှာ မိုက်ကယ် ကားရစ်အတွက်

အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

zawgyi

ယူႏိုက္တက္နဲ႔ပြဲစဥ္မတိုင္မီ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကကစားသမား ( ၂ ) ဦး ဒဏ္ရာရရွိေန

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ တနဂၤေႏြေန႔ မန္ခ်က္စတာ ယူႏိုက္တက္

အသင္းနဲ႔ ပြဲစဥ္မတိုင္မီ ဂ်ဴဗင္တပ္အသင္းကို ( ၄-၀ ) အႏိုင္ယူထားတာ

ေတြ႕ရပါတယ္။ ေသာမတ္ တူဟယ္ရဲ႕ အသင္းဟာ သရဲနီ တိုက္စစ္မႉးေဟာင္း

႐ိုမီလူ လူကာကူ မပါဝင္ေသးေပမယ့္ ေက်နပ္ဖြယ္ရာ စြမ္းေဆာင္ရည္

ျပသႏိုင္ခဲ့ပါတယ္။ ခ်ာလာဘတ္ ၊ ရိစ္ဂ်ိမ္းစ္ ၊ အိုဒြိဳင္း ႏွင့္ တီမို ဗာနာတို႔က

ဂ်ဴဗီသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ခ်န္ပီယံလိဂ္ရႈံးပြဲကို ပုံေဖာ္ေပးခဲ့ၾကတာ

ျဖစ္ပါတယ္။ ဒါေပမယ့္ တူဟယ္အတြက္ ၿပီးျပည့္စုံတဲ့ ညတစ္ည မဟုတ္ခဲ့ပဲ ၊

အန္ဂိုလို ကန္တီ ႏွင့္ ဘင္ ခ်ီးလ္ဝဲလ္တို႔က ဒဏ္ရာကိုယ္စီ ရရွိခဲ့ၾကတာျဖစ္ပါတယ္။

တူဟယ္က အဆိုပါ ပြဲစဥ္ၿပီးဆုံးခ်ိန္မွာ Sky Sports သတင္းဌာနကို

ကစားသမား ( ၂ ) ဦးရဲ႕ ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္ၿပီး

ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူက ခ်ီးလ္ဝဲလ္နဲ႔ ပတ္သက္ၿပီး

“ သူက တျခားဘက္ျခမ္းက ရိစ္ဂ်ိမ္းစ္လိုပဲ ‌ျေခစြမ္းျပေနတဲ့သူျဖစ္တာေၾကာင့္

ကြၽန္ေတာ့္ကို စိုးရိမ္ေစပါတယ္။ သူတို႔က ယုံၾကည္မႈအျပည့္အဝနဲ႔

အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့ၾကပါတယ္။”လို႔ ဆိုပါတယ္။

“ သူက အရမ္းနာက်င္တဲ့ ေဝဒနာခံစားခဲ့ရပါတယ္။ လက္ရွိမွာေတာ့

အနည္းငယ္ သက္သာလာပါၿပီ။ မနက္ျဖန္ ( ဗုဒၶဟူး‌ေန႔ ) မွာ တိတိက်က်

သိရဖို႔ ထပ္မံစစ္ေဆးသြားပါမယ္။ အေကာင္းဆုံးျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။”

ဂါးဒီးယန္းသတင္းစာကေတာ့ ခ်ီးလ္ဝဲဟာ ACL လို႔ သံသယရွိတဲ့ ဒဏ္ရာေၾကာင့္

ကာလရွည္ အနားယူရႏိုင္တယ္လို႔ ဆိုပါတယ္။

ကန္တီနဲ႔ ပတ္သက္ၿပီးလည္း တူဟယ္က “ ကန္တီလည္း အလားတူပါပဲ။

သူက ပထမပိုင္းမွာ ပိုၿပီး သန္မာလာပါတယ္။ ဒါေပမယ့္ ေျခခ်င္းဝတ္

အနည္းငယ္လည္သြားပါတယ္။ အရမ္းႀကီး မဆိုးဖို႔ ေမွ်ာ္လင့္ရပါတယ္။”လို႔

ဆိုပါတယ္။ ကန္တီရဲ႕ ဒဏ္ရာျပႆနာက ခ်ီးလ္ဝဲလ္ေလာက္ မဆိုးေပမယ့္

ယခုအပတ္ ပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔ မေသခ်ာပါဘူး။

သူတို႔ ( ၂ ) ဦး လြဲေခ်ာ္မႈက ယခုအပတ္အတြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ

သြားေရာက္ကစားရမယ့္ ယူႏိုက္တက္အတြက္ အက်ိဳးျဖစ္ေစႏိုင္ပါတယ္။

ခ်ီးလ္ဝဲလ္က ‌ျေခစြမ္းျပေနၿပီး သူ႔ရဲ႕ ေနာက္ဆုံးပရီးမီးယားလိဂ္ ( ၆ ) ပြဲမွာ

( ၃ ) ဂိုး သြင္းယူထားပါတယ္။ ေနာက္ၿပီး စေနေန႔က အသင္းေဟာင္း

လက္စတာနဲ႔ ပြဲစဥ္မွာလည္း ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ကန္တီကလည္း ပိုမိုေကာင္းမြန္လာၿပီး အသင္းေဟာင္းနဲ႔ ပြဲစဥ္မွာ

သြင္းဂိုးရယူႏိုင္ခဲ့တာေတြ႕ရပါတယ္။ ခ်ဲလ္ဆီးက ကစားသမားအင္အား

ေတာင့္တင္းၿပီး သူတို႔ ( ၂ ) ဦး ပါဝင္ျခင္း မရွိလွ်င္ေတာင္ ေလးစားရတဲ့

ၿပိဳင္ဘက္ျဖစ္ပါတယ္။ ဒါေပမယ့္ တူဟယ္အေနနဲ႔ အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔

လိုအပ္လာမွာျဖစ္ၿပီး ဒါက တနဂၤေႏြေန႔မွာ မိုက္ကယ္ ကားရစ္အတြက္

အားသာခ်က္တစ္ခု ျဖစ္လာႏိုင္ပါတယ္။mdiarymm

mdiarymm