M Diary Channel

Local and Sport News

ယူနိုက်တက်နဲ့ဘာစီလိုနာတို့ရဲ့ပစ်မှတ် အော်လ်မို လိုက်ပ်ဇ်စ်နဲ့လမ်းခွဲဖို့အသင့်ရှိနေ

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ကခေါ်ယူဖို့ပစ်မှတ်ထားခံနေရတဲ့

လိုက်ပ်ဇစ်အသင်းရဲ့စပိန်ကြယ်ပွင့်ကွင်းလယ်တိုက်စစ်ကစားသမား

ဒန်နီအော်လ်မိုဟာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိနေပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ အော်လ်မိုဟာ လူငယ်ကစားသမား

ဘဝတုန်းက ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီမှာ

၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိကစားခဲ့ဖူးပြီး အဲဒီနောက်

ဒိုင်နမိုကိဗ်၊ ၂၀၂၀ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းဆီရောက်ရှိခဲ့တာဖြစ်ပါတယ်။

အော်လ်မိုဟာ လိုက်ပ်ဇစ်အသင်းမှာ ကာလတိုအတွင်းမှာပဲ အဓိက,

ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိအောင်ခြေစွမ်းပြနိုင်ခဲ့တာကြောင့်

ပြီးခဲ့တဲ့ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စပိန်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ်ထိပ်သီး

မန်ချက်စတာယူနိုက်တက်အသင်းတို့က အော်လ်မိုကို ခေါ်ယူဖို့

ပစ်မှတ်ထားနေပြီး အော်လ်မိုကလည်း ဒီရာသီကုန်ကျရင် လိုက်ပ်ဇစ်နဲ့

လမ်းခွဲဖို့ဆန္ဒရှိနေတယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အော်လ်မိုဟာ လိုက်ပ်ဇစ်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း

ကျန်ရှိနေသလို စာချုပ်လျော်ကြေးယူရိုသန်း(၆၀)သတ်မှတ်ထားလို့

သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေအတွက် အခက်ကြုံရဖို့ရှိနေပါတယ်။

zawgyi

ယူႏိုက္တက္နဲ႔ဘာစီလိုနာတို႔ရဲ႕ပစ္မွတ္ ေအာ္လ္မို လိုက္ပ္ဇ္စ္နဲ႔လမ္းခြဲဖို႔အသင့္ရွိေန

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔ကေခၚယူဖို႔ပစ္မွတ္ထားခံေနရတဲ့

လိုက္ပ္ဇစ္အသင္းရဲ႕စပိန္ၾကယ္ပြင့္ကြင္းလယ္တိုက္စစ္ကစားသမား

ဒန္နီေအာ္လ္မိုဟာ လိုက္ပ္ဇစ္အသင္းကေန ထြက္ခြာဖို႔ဆႏၵရွိေနပါတယ္။

အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေအာ္လ္မိုဟာ လူငယ္ကစားသမား

ဘဝတုန္းက ဘာစီလိုနာအသင္းရဲ႕လာမာစီယာအကယ္ဒမီမွာ

၂၀၀၇ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိကစားခဲ့ဖူးၿပီး အဲဒီေနာက္

ဒိုင္နမိုကိဗ္၊ ၂၀၂၀ ခုႏွစ္မွာ လိုက္ပ္ဇစ္အသင္းဆီေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ေအာ္လ္မိုဟာ လိုက္ပ္ဇစ္အသင္းမွာ ကာလတိုအတြင္းမွာပဲ အဓိက,

ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိေအာင္ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္

ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စပိန္အသင္းအတြက္ေ႐ြးခ်ယ္ခံခဲ့ရၿပီး

ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ သူ႔အသင္းေဟာင္း ဘာစီလိုနာနဲ႔ ပရီးမီးယားလိဂ္ထိပ္သီး

မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔က ေအာ္လ္မိုကို ေခၚယူဖို႔

ပစ္မွတ္ထားေနၿပီး ေအာ္လ္မိုကလည္း ဒီရာသီကုန္က်ရင္ လိုက္ပ္ဇစ္နဲ႔

လမ္းခြဲဖို႔ဆႏၵရွိေနတယ္လို႔ ဂ်ာမန္သတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ေအာ္လ္မိုဟာ လိုက္ပ္ဇစ္နဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း

က်န္ရွိေနသလို စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ိုသန္း(၆၀)သတ္မွတ္ထားလို႔

သူ႔ကိုေခၚယူလိုတဲ့အသင္းေတြအတြက္ အခက္ႀကဳံရဖို႔ရွိေနပါတယ္။mdiarymm

mdiarymm