M Diary Channel

Local and Sport News

ယူနိုက်တက်နဲ့လမ်းခွဲဖို့ အသင့်ရှိနေတဲ့ ဘာယီ

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေတဲ့

နောက်ခံလူဘာယီဟာ လာမယ့်ဇန်နဝါရီကျရင် အသင်းနဲ့လမ်းခွဲဖို့အသင့်

ရှိနေပြီဖြစ်ပါတယ်။ Manchester Evening News ဝက်ဘ်ဆိုက်က အိုင်ဗရီကို့စ်

လက်ရွေးစင်နောက်ခံလူဘာယီဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာ

သူ့အနာဂတ်မရှိတော့ဘူးလို့ ယူဆထားတယ်ဆိုပြီး သုံးသပ်ဖော်ပြခဲ့ပါတယ်။

ဘာယီဟာ ပြီးခဲ့တဲ့ဧပြီလကမှ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ

စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ပွဲထွက်ကစားခွင့်မရဘဲဖြစ်နေတဲ့အနေအထားအပေါ်

စိတ်ပျက်နေပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့

လိဂ်ဖလားတတိယအဆင့်ပွဲမှာသာ အသင်းအတွက် ဘာယီ ပွဲထွက်ပါဝင်

ကစားခွင့်ရခဲ့ပြီး လက်စတာနဲ့ပွဲမှာတော့ အရန်စာရင်းမှာပါဝင်ခဲ့ပေမယ့်

ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဘာယီဟာ

၂၀၁၆ ခုနှစ်တုန်းက ဗီလာရီးယဲလ်အသင်းကနေ ယူနိုက်တက်အသင်းဆီ

ပြောင်းရွှေ့ခဲ့ပြီး နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့်

ဆိုးလ်ရှားလက်ထက်မှာတော့ ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်ကစားသမားဘဝ (၅)ရာသီအတွင်း လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊

ယူရိုပါလိဂ်ဖလားတွေရယူခဲ့သူ ဘာယီဟာ မက်ဂွိုင်းယား၊ ဗာရန်း၊

လင်ဒီလော့ဖ်တို့ရဲ့နောက် စတုတ္ထဦးစားပေးအဖြစ်သာ ပါဝင်ကစားနေရတာကြောင့်

တကယ်လို့ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် သူ့အနာဂတ်ကို

သေချာပေါက်စဉ်းစားသွားဖို့ရှိနေပါပြီ။

zawgyi

ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ အသင့္ရွိေနတဲ့ ဘာယီ

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပြဲထြက္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့

ေနာက္ခံလူဘာယီဟာ လာမယ့္ဇန္နဝါရီက်ရင္ အသင္းနဲ႔လမ္းခြဲဖို႔အသင့္

ရွိေနၿပီျဖစ္ပါတယ္။ Manchester Evening News ဝက္ဘ္ဆိုက္က အိုင္ဗရီကို႔စ္

လက္ေ႐ြးစင္ေနာက္ခံလူဘာယီဟာ နည္းျပဆိုးလ္ရွားလက္ထက္မွာ

သူ႔အနာဂတ္မရွိေတာ့ဘူးလို႔ ယူဆထားတယ္ဆိုၿပီး သုံးသပ္ေဖာ္ျပခဲ့ပါတယ္။

ဘာယီဟာ ၿပီးခဲ့တဲ့ဧၿပီလကမွ ယူႏိုက္တက္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ

စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ ပြဲထြက္ကစားခြင့္မရဘဲျဖစ္ေနတဲ့အေနအထားအေပၚ

စိတ္ပ်က္ေနၿပီျဖစ္ပါတယ္။ ဒီရာသီမွာ ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့

လိဂ္ဖလားတတိယအဆင့္ပြဲမွာသာ အသင္းအတြက္ ဘာယီ ပြဲထြက္ပါဝင္

ကစားခြင့္ရခဲ့ၿပီး လက္စတာနဲ႔ပြဲမွာေတာ့ အရန္စာရင္းမွာပါဝင္ခဲ့ေပမယ့္

ပါဝင္ကစားခြင့္မရခဲ့ပါဘူး။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘာယီဟာ

၂၀၁၆ ခုႏွစ္တုန္းက ဗီလာရီးယဲလ္အသင္းကေန ယူႏိုက္တက္အသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့ၿပီး နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာ ပုံမွန္ကစားခြင့္ရခဲ့ေပမယ့္

ဆိုးလ္ရွားလက္ထက္မွာေတာ့ ဒဏ္ရာျပႆနာေတြနဲ႔သာ႐ုန္းကန္ခဲ့ရပါတယ္။

ယူႏိုက္တက္ကစားသမားဘဝ (၅)ရာသီအတြင္း လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္း၊

ယူ႐ိုပါလိဂ္ဖလားေတြရယူခဲ့သူ ဘာယီဟာ မက္ဂြိဳင္းယား၊ ဗာရန္း၊

လင္ဒီေလာ့ဖ္တို႔ရဲ႕ေနာက္ စတုတၳဦးစားေပးအျဖစ္သာ ပါဝင္ကစားေနရတာေၾကာင့္

တကယ္လို႔ ဒီအတိုင္းသာဆက္သြားမယ္ဆိုရင္ သူ႔အနာဂတ္ကို

ေသခ်ာေပါက္စဥ္းစားသြားဖို႔ရွိေနပါၿပီ။mdiarymm

mdiarymm