ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ကိုင်စီဒိုအတွက် ဘရိုက်တန် မြင့်မားတဲ့ပြောင်းရွှေ့ကြေးသတ်မှတ်

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီမှာ

ခြေစွမ်းပြကစားနေတဲ့ အီကွေဒေါလူငယ်ကွင်းလယ်လူ ကိုင်စီဒိုကို

လာမယ့်ဇန်နဝါရီကျရင် အပြိုင်ကြိုးပမ်းသွားဖို့ရှိပေမယ့် ဘရိုက်တန်

အသင်းကေတာ့ သူတို့ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းချသွားမှာ

မဟုတ်ပါဘူး။ အသက်(၂၀)သာရှိသေးတဲ့ ကိုင်စီဒိုဟာ ဒီရာသီမှာ

ဘရိုက်တန်အသင်းအတွက် အဓိကကွင်းလယ်လူအဖြစ် ပါဝင်

ကစားခွင့်ရနေသလို (၁၂)ပွဲကစားပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကိုင်စီဒိုဟာ

ပုံစံကောင်းပြသနိုင်ခဲ့ပြီး သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့က

ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်အသင်းကတော့

ကိုင်စီဒိုကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘဲ မြင့်မားတဲ့

ပြောင်းရွှေ့ကြေးရမှသာ လက်ခံစဉ်းစားသွားဖို့ရှိပါတယ်။

ဗြိတိန်သတင်းစာ Mirror က ဘရိုက်တန်အသင်းဟာ ဇန်နဝါရီ

အပြောင်းအရွှေ့အတွင်း ကိုင်စီဒိုကို လက်မလွှတ်ရဖို့အတွက်

သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်(၈၅)သန်းအထိ သတ်မှတ်ထားတယ်လို့

ဖော်ပြခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ ကိုင်စီဒိုကို ၂၀၂၁ ခုနှစ်က

အီကွေဒေါကလပ် Independiente del Valle ဆီကနေ

ပေါင်(၄.၅)သန်းနဲ့သာ ခေါ်ယူခဲ့တာဖြစ်ပြီး အခု အဲဒီပမာဏထက်

အဆ(၂၀)လောက်အထိ လိုချင်နေတာလည်းဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္ပစ္မွတ္ထားေနတဲ့ ကိုင္စီဒိုအတြက္ ဘ႐ိုက္တန္ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ဒီရာသီမွာ

ေျခစြမ္းျပကစားေနတဲ့ အီေကြေဒါလူငယ္ကြင္းလယ္လူ ကိုင္စီဒိုကို

လာမယ့္ဇန္နဝါရီက်ရင္ အၿပိဳင္ႀကိဳးပမ္းသြားဖို႔ရွိေပမယ့္ ဘ႐ိုက္တန္

အသင္းေကတာ့ သူတို႔ကစားသမားကို ေဈးေပါေပါနဲ႔ ေရာင္းခ်သြားမွာ

မဟုတ္ပါဘူး။ အသက္(၂၀)သာရွိေသးတဲ့ ကိုင္စီဒိုဟာ ဒီရာသီမွာ

ဘ႐ိုက္တန္အသင္းအတြက္ အဓိကကြင္းလယ္လူအျဖစ္ ပါဝင္

ကစားခြင့္ရေနသလို (၁၂)ပြဲကစားၿပီး (၁)ဂိုးသြင္းယူခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ကိုင္စီဒိုဟာ

ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး သူ႔ကိုေခၚယူဖို႔ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔က

ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘ႐ိုက္တန္အသင္းကေတာ့

ကိုင္စီဒိုကို လြယ္လြယ္နဲ႔ လက္လႊတ္ခံမွာ မဟုတ္ဘဲ ျမင့္မားတဲ့

ေျပာင္းေ႐ႊ႕ေၾကးရမွသာ လက္ခံစဥ္းစားသြားဖို႔ရွိပါတယ္။

ၿဗိတိန္သတင္းစာ Mirror က ဘ႐ိုက္တန္အသင္းဟာ ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕အတြင္း ကိုင္စီဒိုကို လက္မလႊတ္ရဖို႔အတြက္

သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္(၈၅)သန္းအထိ သတ္မွတ္ထားတယ္လို႔

ေဖာ္ျပခဲ့ပါတယ္။ ဘ႐ိုက္တန္အသင္းဟာ ကိုင္စီဒိုကို ၂၀၂၁ ခုႏွစ္က

အီေကြေဒါကလပ္ Independiente del Valle ဆီကေန

ေပါင္(၄.၅)သန္းနဲ႔သာ ေခၚယူခဲ့တာျဖစ္ၿပီး အခု အဲဒီပမာဏထက္

အဆ(၂၀)ေလာက္အထိ လိုခ်င္ေနတာလည္းျဖစ္ပါတယ္။