ယူနိုက်တက်ပစ်မှတ် အန်ဆုဖာတီအပါအဝင် ကစားသမား(၃)ဦးကို ရောင်းချဖို့ ဘာစီလိုနာ စီစဉ်

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ အသင်းရဲ့

ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုရှိလာအောင် ကစားသမား

(၃)ဦးကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာအသင်းဟာ

ပြီးခဲ့တဲ့နွေရာသီက လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ခွန်ဒဲလ်အပါအဝင်

ကစားသမားသစ်တွေကို ပေါင်သန်း(၁၅၀)အထိ အသုံးပြု

ခေါ်ယူခဲ့ပြီး အဲဒီလို ခေါ်ယူနိုင်အောင် သူတို့ကိုယ်ပိုင်

ရုပ်သံကုမ္ပဏီရဲ့ ရှယ်ယာ(၂၅%)ကို ရောင်းချခဲ့တဲ့အပြင်

လာမယ့်(၂၅)နှစ်အတွင်း ရုပ်သံမူခွင့်အတွက် Socios မီဒီယာကို

(၁၀%)ရောင်းချခဲ့ရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့

နွေရာသီကာလတုန်းကလို ဘဏ္ဍာရေးမတည်မငြိမ်

ထပ်မဖြစ်အောင် နာမည်ကျော်ကစားသမားတချို့ကို

ရောင်းချပြီးတော့ ငွေရှာဖို့ ပြင်ဆင်နေတာပါ။ ဘာစီလိုနာအသင်း

ရောင်းချဖို့ရှိတဲ့ ကစားသမားစာရင်းထဲမှာ ပြီးခဲ့တဲ့နွေရာသီကမှ

လိဒ်စ်ကနေ ပေါင်(၅၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ရာဖင်ဟာ၊

လွန်ခဲ့တဲ့ (၂)နှစ်လောက်က မန်စီးတီးအသင်းဆီက

ပေါင်(၅၅)သန်းနဲ့ခေါ်ယူခဲ့တဲ့ ဖာရန်တောရက်စ်အပြင်

အံ့အားသင့်စရာကောင်းတာက လူငယ်တိုက်စစ်ကစားသမား

အန်ဆုဖာတီလည်း ပါဝင်နေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့

စပိန်လူငယ်ကြယ်ပွင့် အန်ဆုဖာတီကို ၂၀၂၀ ခုနှစ်တုန်းက

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင်(၁၃၅)သန်းနဲ့

ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးပေမယ့် ဘာစီလိုနာအသင်းက

ငြင်းဆန်ပယ်ချခဲ့လို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

zawgyi

ယူႏိုက္တက္ပစ္မွတ္ အန္ဆုဖာတီအပါအဝင္ ကစားသမား(၃)ဦးကို ေရာင္းခ်ဖို႔ ဘာစီလိုနာ စီစဥ္

လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ အသင္းရဲ႕

ဘ႑ာေရးအေျခအေန တည္ၿငိမ္မႈရွိလာေအာင္ ကစားသမား

(၃)ဦးကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။ ဘာစီလိုနာအသင္းဟာ

ၿပီးခဲ့တဲ့ေႏြရာသီက လီဝန္ေဒါစကီး၊ ရာဖင္ဟာ၊ ခြန္ဒဲလ္အပါအဝင္

ကစားသမားသစ္ေတြကို ေပါင္သန္း(၁၅၀)အထိ အသုံးျပဳ

ေခၚယူခဲ့ၿပီး အဲဒီလို ေခၚယူႏိုင္ေအာင္ သူတို႔ကိုယ္ပိုင္

႐ုပ္သံကုမၸဏီရဲ႕ ရွယ္ယာ(၂၅%)ကို ေရာင္းခ်ခဲ့တဲ့အျပင္

လာမယ့္(၂၅)ႏွစ္အတြင္း ႐ုပ္သံမူခြင့္အတြက္ Socios မီဒီယာကို

(၁၀%)ေရာင္းခ်ခဲ့ရပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔

ေႏြရာသီကာလတုန္းကလို ဘ႑ာေရးမတည္မၿငိမ္

ထပ္မျဖစ္ေအာင္ နာမည္ေက်ာ္ကစားသမားတခ်ိဳ႕ကို

ေရာင္းခ်ၿပီးေတာ့ ေငြရွာဖို႔ ျပင္ဆင္ေနတာပါ။ ဘာစီလိုနာအသင္း

ေရာင္းခ်ဖို႔ရွိတဲ့ ကစားသမားစာရင္းထဲမွာ ၿပီးခဲ့တဲ့ေႏြရာသီကမွ

လိဒ္စ္ကေန ေပါင္(၅၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ရာဖင္ဟာ၊

လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္က မန္စီးတီးအသင္းဆီက

ေပါင္(၅၅)သန္းနဲ႔ေခၚယူခဲ့တဲ့ ဖာရန္ေတာရက္စ္အျပင္

အံ့အားသင့္စရာေကာင္းတာက လူငယ္တိုက္စစ္ကစားသမား

အန္ဆုဖာတီလည္း ပါဝင္ေနပါတယ္။ အသက္(၂၀)သာရွိေသးတဲ့

စပိန္လူငယ္ၾကယ္ပြင့္ အန္ဆုဖာတီကို ၂၀၂၀ ခုႏွစ္တုန္းက

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေပါင္(၁၃၅)သန္းနဲ႔

ေခၚယူႏိုင္ဖို႔ နီးစပ္ခဲ့ဖူးေပမယ့္ ဘာစီလိုနာအသင္းက

ျငင္းဆန္ပယ္ခ်ခဲ့လို႔ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။