ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ စီရော်နယ်လ်ဒိုကို ဖာနန်ဒိုဆန်းတို့စ် အားပေး

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်က သူတို့ရဲ့အဓိကတိုက်စစ်

ကစားသမား စီရော်နယ်လ်ဒို ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့အပေါ်

စိုးရိမ်မှုမရှိဘဲ စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းမှာ အရေးပါတဲ့

ကစားသမားဖြစ်နေဆဲလို့ အားပေးစကားပြောကြားခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီ

အသင်းအတွက် (၁၈၉)ပွဲကစား၊ (၁၁၇)ဂိုးသွင်းယူထားပြီး အင်္ဂါနေ့က

ပေါ်တူဂီမှာကျင်းပပြုလုပ်ခဲ့တဲ့ 2022 Gala Quinas de Ouro အခမ်းအနားမှာ

လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးဂုဏ်ပြုဆုကို

လက်ခံရရှိခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ လပိုင်းလောက်သာ

လိုတော့ချိန်မှာ စီရော်နယ်လ်ဒို ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့

ရုန်းကန်နေရပေမယ့် ဖာနန်ဒိုဆန်းတို့စ်ကတော့ အဲဒီအပေါ် စိုးရိမ်မှု

လုံးဝမရှိဘဲ လက်ရွေးစင်အသင်းအတွက် စီရော်နယ်လ်ဒိုက

အဓိကအခန်းကဏ္ဍကနေပါဝင်နေဆဲဖြစ်တယ်လို့ပြောခဲ့တာပါ။

ဖာနန်ဒိုဆန်းတို့စ်က “စီရော်နယ်လ်ဒိုအပါအဝင် လက်ရွေးစင်

ကစားသမားတိုင်းရဲ့ ကလပ်အသင်းမှာ ရင်ဆိုင်နေရတဲ့အခြေအနေနဲ့

ပတ်သက်ပြီး ကျွန်တော် နားလည်မှုပေးနိုင်အောင် ပြင်ဆင်ထားပါတယ်။

စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘဝအနာဂတ်အပေါ်

ဘာမှ စိုးရိမ်စရာမရှိပါဘူး။ သူဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားချိန်

နည်းပါးနေပေမယ့် အဲဒီအတွက် ကျွန်တော် လုံးဝမစိုးရိမ်ပါဘူး။

ပေါ်တူဂီအသင်းမှာ စီရော်နယ်လ်ဒိုက ဘယ်လောက်အရေးပါလဲဆိုတာ

ဘာမှ သံသယဖြစ်စရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္မွာ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ စီေရာ္နယ္လ္ဒိုကို ဖာနန္ဒိုဆန္းတို႔စ္ အားေပး

ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္က သူတို႔ရဲ႕အဓိကတိုက္စစ္

ကစားသမား စီေရာ္နယ္လ္ဒို ကလပ္အသင္းမွာ ပုံမွန္ကစားခြင့္မရတဲ့အေပၚ

စိုးရိမ္မႈမရွိဘဲ စီေရာ္နယ္လ္ဒိုဟာ လက္ေ႐ြးစင္အသင္းမွာ အေရးပါတဲ့

ကစားသမားျဖစ္ေနဆဲလို႔ အားေပးစကားေျပာၾကားခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီ

အသင္းအတြက္ (၁၈၉)ပြဲကစား၊ (၁၁၇)ဂိုးသြင္းယူထားၿပီး အဂၤါေန႔က

ေပၚတူဂီမွာက်င္းပျပဳလုပ္ခဲ့တဲ့ 2022 Gala Quinas de Ouro အခမ္းအနားမွာ

လက္ေ႐ြးစင္အသင္းအတြက္ သြင္းဂိုးအမ်ားဆုံးဂုဏ္ျပဳဆုကို

လက္ခံရရွိခဲ့ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပဖို႔ လပိုင္းေလာက္သာ

လိုေတာ့ခ်ိန္မွာ စီေရာ္နယ္လ္ဒို ကလပ္အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔

႐ုန္းကန္ေနရေပမယ့္ ဖာနန္ဒိုဆန္းတို႔စ္ကေတာ့ အဲဒီအေပၚ စိုးရိမ္မႈ

လုံးဝမရွိဘဲ လက္ေ႐ြးစင္အသင္းအတြက္ စီေရာ္နယ္လ္ဒိုက

အဓိကအခန္းက႑ကေနပါဝင္ေနဆဲျဖစ္တယ္လို႔ေျပာခဲ့တာပါ။

ဖာနန္ဒိုဆန္းတို႔စ္က “စီေရာ္နယ္လ္ဒိုအပါအဝင္ လက္ေ႐ြးစင္

ကစားသမားတိုင္းရဲ႕ ကလပ္အသင္းမွာ ရင္ဆိုင္ေနရတဲ့အေျခအေနနဲ႔

ပတ္သက္ၿပီး ကြၽန္ေတာ္ နားလည္မႈေပးႏိုင္ေအာင္ ျပင္ဆင္ထားပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝအနာဂတ္အေပၚ

ဘာမွ စိုးရိမ္စရာမရွိပါဘူး။ သူဟာ ယူႏိုက္တက္အသင္းမွာ ပြဲကစားခ်ိန္

နည္းပါးေနေပမယ့္ အဲဒီအတြက္ ကြၽန္ေတာ္ လုံးဝမစိုးရိမ္ပါဘူး။

ေပၚတူဂီအသင္းမွာ စီေရာ္နယ္လ္ဒိုက ဘယ္ေလာက္အေရးပါလဲဆိုတာ

ဘာမွ သံသယျဖစ္စရာမလိုဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။