M Diary Channel

Local and Sport News

ယူနိုက်တက်မှာ မပျော်ရွှင်တော့တဲ့ မာရှယ် ဇန်နဝါရီမှာ အသင်းပြောင်းဖြစ်ဖို့ အလားအလာများနေ

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး မာရှယ်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်

နည်းပါးမှုကြောင့် မပျော်မရွှင်ဖြစ်နေပြီး ဇန်နဝါရီမှာ အသင်းပြောင်းဖို့

ဆန္ဒရှိနေပြီလို့ သိရပါတယ်။ (၂၆) နှစ်အရွယ် ပြင်သစ် တိုက်စစ်မှုးဟာ

ပြီးခဲ့တဲ့ ရာသီ နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲတိုင်းနီးပါး ပွဲထွက်ခွင့်ရခဲ့ပေမယ့်

ဒီရာသီမှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေရတာဖြစ်ပါတယ်။

” မာရှယ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မျာ အသင်းက ထွက်ဖို့

ဆန္ဒရှိနေပါတယ်။ သူက ပွဲကစားချင်နေပြီး မန်ယူအသင်းမှာ ဆက်မနေချင်တော့ပါဘူး။

ဒါကြောင့် သိပ်မကြာခင်မှာ မာစီယဲလ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး

မန်ယူအသင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” လို့ မာရှယ်ရဲ့ အေးဂျင့်

လန်ဘိုလေကလည်း ပြောဆိုထားပါတယ်။

မာရှယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ (၇) ပွဲ ကစားခွင့်ရထားသော်လည်း

(၅) ပွဲမှာ လူစားဝင် ကစားသမားအနေနဲ့သာဖြစ်ပြီး (၂) ပွဲသာ ပွဲထွက်

ကစားသမားအဖြစ် ပါဝင်ထားရကာ အသင်းအတွက် သွင်းဂိုး (၁) ဂိုးသာ

သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့ မာရှယ်ကို

ဂျူဗင်တပ်စ် နဲ့ ဘာစီလိုနာ အသင်းတို့က ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်

ပြိုင်ဘက် နယူးကာဆယ်ကလည်း များပြားတဲ့ လုပ်ခ လစာနဲ့ ဇန်နဝါရီမှာ

တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

zawgyi

ယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္မႈး မာရွယ္ဟာ ယူႏိုက္တက္မွာ ပြဲထြက္ခြင့္

နည္းပါးမႈေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔

ဆႏၵရွိေနၿပီလို႔ သိရပါတယ္။ (၂၆) ႏွစ္အ႐ြယ္ ျပင္သစ္ တိုက္စစ္မႈးဟာ

ၿပီးခဲ့တဲ့ ရာသီ နည္းျပဆိုးလ္ရွားလက္ထက္မွာ ပြဲတိုင္းနီးပါး ပြဲထြက္ခြင့္ရခဲ့ေပမယ့္

ဒီရာသီမွာေတာ့ အရန္ခုံမွာသာ အခ်ိန္ကုန္ေနရတာျဖစ္ပါတယ္။

” မာရွယ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မ်ာ အသင္းက ထြက္ဖို႔

ဆႏၵရွိေနပါတယ္။ သူက ပြဲကစားခ်င္ေနၿပီး မန္ယူအသင္းမွာ ဆက္မေနခ်င္ေတာ့ပါဘူး။

ဒါေၾကာင့္ သိပ္မၾကာခင္မွာ မာစီယဲလ္ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး

မန္ယူအသင္းနဲ႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးသြားမွာပါ” လို႔ မာရွယ္ရဲ႕ ေအးဂ်င့္

လန္ဘိုေလကလည္း ေျပာဆိုထားပါတယ္။

မာရွယ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ (၇) ပြဲ ကစားခြင့္ရထားေသာ္လည္း

(၅) ပြဲမွာ လူစားဝင္ ကစားသမားအေနနဲ႔သာျဖစ္ၿပီး (၂) ပြဲသာ ပြဲထြက္

ကစားသမားအျဖစ္ ပါဝင္ထားရကာ အသင္းအတြက္ သြင္းဂိုး (၁) ဂိုးသာ

သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ အသင္းေျပာင္းဖို႔ ဆႏၵရွိေနတဲ့ မာရွယ္ကို

ဂ်ဴဗင္တပ္စ္ နဲ႔ ဘာစီလိုနာ အသင္းတို႔က ေခၚယူဖို႔ ဆႏၵရွိေနၿပီး ပရီးမီးယားလိဂ္

ၿပိဳင္ဘက္ နယူးကာဆယ္ကလည္း မ်ားျပားတဲ့ လုပ္ခ လစာနဲ႔ ဇန္နဝါရီမွာ

တရားဝင္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။mdiarymm

mdiarymm