M Diary Channel

Local and Sport News

ယူနိုက်တက်ရဲ့ရလဒ်တွေအတွက် ဆန်ချိုက ဓားစာခံဖြစ်နေရတယ် – ဂယ်ရီနဗီးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်က အသင်းမှာ

ရုန်းကန်နေရတဲ့ ဆန်ချိုဟာ တရားမျှတမှုမရှိတဲ့ဝေဖန်သံတွေနဲ့ရင်ဆိုင်နေရတယ်လို့

သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ

ဆန်ချိုရဲ့ခြေစွမ်းနဲပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်နေပြီး ဆန်ချိုဟာလည်း

ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ဒ်နဲ့လူစားလဲခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက

ဒေ့ါမွန်အသင်းကနေ ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဆန်ချိုဟာ

အခုအချိန်အထိ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲအထိ

ကစားပြီးချိန်မှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိဆိုတဲ့ စိတ်ပျက်စရာအနေအထားနဲ့

ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့လည်း ဂယ်ရီနဗီးလ်က ဆန်ချိုဘက်ကနေ

ရပ်တည်ခဲ့ပြီး ပရိသတ်တွေက အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဆန်ချိုကို

လိုအပ်တာထက်ပိုဝေဖန်နေကြတယ်လို့ဆိုခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “အခုအချိန်မှာ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ရ

လဒ်ဆိုးတွေအတွက် ဓားစာခံလိုဖြစ်နေပါပြီ။ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ

အသားကျဖို့ရုန်းကန်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက

အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲမှာ မိနစ်(၂၀)လောက်အတွင်း ဆန်ချို အကောင်းဆုံး

ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ အခုအချိန်မှာ ပရိသတ်တွေက

သူ့ကို ပစ်မှတ်ထားဝေဖန်နေကြတာက မဖြစ်သင့်ပါဘူး။ ဒီလိုပြောင်းရွှေ့ကြေးမျိုးနဲ့

ယူနိုက်တက်အသင်းဆီရောက်လာပြီး ခြေစွမ်းမပြနိုင်ရင် ဝေဖန်ခံရတာက

မထူးဆန်းပေမယ့်လည်း အဲဒီဝေဖန်မှုတွေကို အာရုံသိပ်မစိုက်ဖို့လိုပါတယ်”လို့

ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕ရလဒ္ေတြအတြက္ ဆန္ခ်ိဳက ဓားစာခံျဖစ္ေနရတယ္ – ဂယ္ရီနဗီးလ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္က အသင္းမွာ

႐ုန္းကန္ေနရတဲ့ ဆန္ခ်ိဳဟာ တရားမွ်တမႈမရွိတဲ့ေဝဖန္သံေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔

သုံးသပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့စေနေန႔က လက္စတာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ

ဆန္ခ်ိဳရဲ႕ေျခစြမ္းနဲပတ္သက္လို႔ ေဝဖန္မႈေတြထြက္ေပၚေနၿပီး ဆန္ခ်ိဳဟာလည္း

ဒုတိယပိုင္းမွာ ရပ္ရွ္ဖို႔ဒ္နဲ႔လူစားလဲခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက

ေဒ့ါမြန္အသင္းကေန ေပါင္(၇၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဆန္ခ်ိဳဟာ

အခုအခ်ိန္အထိ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၀)ပြဲအထိ

ကစားၿပီးခ်ိန္မွာ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိဆိုတဲ့ စိတ္ပ်က္စရာအေနအထားနဲ႔

ရင္ဆိုင္ေနရတာပါ။ ဒါေပမဲ့လည္း ဂယ္ရီနဗီးလ္က ဆန္ခ်ိဳဘက္ကေန

ရပ္တည္ခဲ့ၿပီး ပရိသတ္ေတြက အသင္းရဲ႕ရလဒ္ဆိုးေတြေၾကာင့္ ဆန္ခ်ိဳကို

လိုအပ္တာထက္ပိုေဝဖန္ေနၾကတယ္လို႔ဆိုခဲ့ပါတယ္။

ဂယ္ရီနဗီးလ္က “အခုအခ်ိန္မွာ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းရဲ႕ရ

လဒ္ဆိုးေတြအတြက္ ဓားစာခံလိုျဖစ္ေနပါၿပီ။ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာ

အသားက်ဖို႔႐ုန္းကန္ေနရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက

အဲဗာတန္နဲ႔ကစားခဲ့တဲ့ပြဲမွာ မိနစ္(၂၀)ေလာက္အတြင္း ဆန္ခ်ိဳ အေကာင္းဆုံး

ကစားႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ အခုအခ်ိန္မွာ ပရိသတ္ေတြက

သူ႔ကို ပစ္မွတ္ထားေဝဖန္ေနၾကတာက မျဖစ္သင့္ပါဘူး။ ဒီလိုေျပာင္းေ႐ႊ႕ေၾကးမ်ိဳးနဲ႔

ယူႏိုက္တက္အသင္းဆီေရာက္လာၿပီး ေျခစြမ္းမျပႏိုင္ရင္ ေဝဖန္ခံရတာက

မထူးဆန္းေပမယ့္လည္း အဲဒီေဝဖန္မႈေတြကို အာ႐ုံသိပ္မစိုက္ဖို႔လိုပါတယ္”လို႔

ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm