
ပေါလ်ပေါ့ဘာဟာဇွန်လအကုန်တွင်ယူနိုက်တက်နှင့် စာချုပ်
သက်တမ်းကုန်ဆုံးပြီးပါကအသင်းဟောင်းဂျူဗင်တပ်သို့ပြန်လည်
ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်။ အသက်၂၉နှစ်ရှိပေါ့ဘာဟာ
လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကဂျူဗင်တပ်ကိုစွန့်ခွာပြီးယူနိုက်တက်သို့
စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၉.၃သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားဟာပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့
ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့ ယူနိုက်တက်သို့မပြောင်းမီ ကစားသမားဘဝ
အထွဋ်အထိပ်ရောက်ခဲ့တဲ့ဂျူဗင်တပ်သို့ပြောင်းရန်သာရွေးချယ်ခဲ့ပါတယ်။
ဒုတိယအကြိမ်ပြောင်းရွှေ့မှုတွင်တော့ပေါ့လ်ဘာဟာဂျူဗင်တပ်သို့
အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။
ပထမအကြိမ်ဂျူဗင်တပ်တွင်ကစားစဉ်တုန်းကပေါ့ဘာဟာ
စီးရီးအေဖလား၄ကြိမ်နှင့်ကိုပါအီတာလီယာဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပေါလ်ပေါ့ဘာဟဂျူဗင်တပ်နှင့်တစ်ပတ်လုပ်ခပေါင်၁၅၀၀၀၀တန်
သုံးနှစ်စာချုပ်ချုပ်ဆိုလာမှာဖြစ်ပြီးတစ်နှစ်သက်တမ်းတိုးနိုင်မယ့်
အချက်ကိုလည်းထည့်သွင်းချုပ်ဆိုလာပါမယ်။ သူဟာ ဂျူဗင်တပ်တွင်
လုပ်ခနည်းပါးစွာရရှိလာမှာဖြစ်ပေမဲ့လည်းလက်မှတ်ထိုးကြေးများစွာရရှိလာပါမယ်။
zawgyi
ယူႏိုက္တက္ရဲ႕ ဗိုင္းရပ္စ္ကေတာ့ ဂ်ဴဗီ ဆီ အလြတ္နဲ႔ ေျပာင္းၿပီ
ေပါလ္ေပါ့ဘာဟာဇြန္လအကုန္တြင္ယူႏိုက္တက္ႏွင့္ စာခ်ဳပ္
သက္တမ္းကုန္ဆုံးၿပီးပါကအသင္းေဟာင္းဂ်ဴဗင္တပ္သို႔ျပန္လည္
ေျပာင္းေ႐ႊ႕သြားေတာ့မွာျဖစ္ပါတယ္။ အသက္၂၉ႏွစ္ရွိေပါ့ဘာဟာ
လြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကဂ်ဴဗင္တပ္ကိုစြန႔္ခြာၿပီးယူႏိုက္တက္သို႔
စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉.၃သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာပီအက္စ္ဂ်ီႏွင့္ရီးရဲလ္မက္ဒရစ္တို႔ရဲ႕
ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့ ယူႏိုက္တက္သို႔မေျပာင္းမီ ကစားသမားဘဝ
အထြဋ္အထိပ္ေရာက္ခဲ့တဲ့ဂ်ဴဗင္တပ္သို႔ေျပာင္းရန္သာေ႐ြးခ်ယ္ခဲ့ပါတယ္။
ဒုတိယအႀကိမ္ေျပာင္းေ႐ႊ႕မႈတြင္ေတာ့ေပါ့လ္ဘာဟာဂ်ဴဗင္တပ္သို႔
အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕လာမွာျဖစ္ပါတယ္။
ပထမအႀကိမ္ဂ်ဴဗင္တပ္တြင္ကစားစဥ္တုန္းကေပါ့ဘာဟာ
စီးရီးေအဖလား၄ႀကိမ္ႏွင့္ကိုပါအီတာလီယာဖလား၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ေပါလ္ေပါ့ဘာဟဂ်ဴဗင္တပ္ႏွင့္တစ္ပတ္လုပ္ခေပါင္၁၅၀၀၀၀တန္
သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလာမွာျဖစ္ၿပီးတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္
အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုလာပါမယ္။ သူဟာ ဂ်ဴဗင္တပ္တြင္
လုပ္ခနည္းပါးစြာရရွိလာမွာျဖစ္ေပမဲ့လည္းလက္မွတ္ထိုးေၾကးမ်ားစြာရရွိလာပါမယ္။