M Diary Channel

Local and Sport News

ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ်က ချယ်လ်ဆီးနဲ့ပွဲကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်

ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရန်းနစ်ကို

(၆) လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရသွားခဲ့ပြီလို့သိရပါတယ်။

ရန်းနစ်ဟာ ယာယီနည်းပြထက် အမြဲတမ်း နည်းပြဖြစ်ဖို့ကိုသာ ဆန္ဒရှိခဲ့တာကြောင့်

ယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပေမယ့်

နောက်တစ်ကြိမ် ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ ရန်းနစ်ကို ယာယီနည်းပြအဖြစ် စာချုပ် (၆) လ ပြည့်မြောက်သွားပါက

အသင်းရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် နောက်ထပ် (၂) နှစ် စာချုပ် ချုပ်ဆိုဖို့

အကြို သဘောတူညီမှုလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ အမြဲတမ်း နည်းပြရာထူးအတွက်တော့

ပိုချက်တီနိုကိုသာ အဓိက ပစ်မှတ်ထားနေဆဲဖြစ်ပြီး လာမယ့် နွေရာသီမှာ

ခေါ်ယူနိုင်အောင် ကြိုးစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသစ်ဖြစ်လာတဲ့ ရန်းနစ်ဟာ အလုပ်ပါမစ်ကြောင့်

တနင်္ဂနွေနေ့မှာ ကစားမယ့် ချယ်လ်ဆီးအသင်း နဲ့ ပွဲစဥ်ကို ကိုင်တွယ်နိုင်ဦးမှာ

မဟုတ်ပေမယ့် အဲ့ဒီနေ့မှာ မန်ချက်စတာ မြို့ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

တနင်္ဂနွေည (၁၁) နာရီမှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဥ်ကိုတော့ လက်ရှိ

ယာယီနည်းပြ မိုက်ကယ် ကာရစ်ကပဲ ဆက်လက် တာဝန်ယူ ကိုင်တွယ်မှာဖြစ်တယ်လို့

သိရပါတယ်။

zawgyi

ယူႏိုက္တက္အသင္းဟာ လိုက္ပ္ဇစ္ အသင္းရဲ႕ နည္းျပေဟာင္း ရန္းနစ္ကို

(၆) လစာခ်ဳပ္နဲ႔ ယာယီနည္းျပအျဖစ္ ခန႔္အပ္ဖို႔ သေဘာတူညီမႈ ရသြားခဲ့ၿပီလို႔သိရပါတယ္။

ရန္းနစ္ဟာ ယာယီနည္းျပထက္ အၿမဲတမ္း နည္းျပျဖစ္ဖို႔ကိုသာ ဆႏၵရွိခဲ့တာေၾကာင့္

ယူႏိုက္တက္ရဲ႕ ပထမအႀကိမ္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ေပမယ့္

ေနာက္တစ္ႀကိမ္ ကမ္းလွမ္းမႈကို လက္ခံခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ယူႏိုက္တက္ဟာ ရန္းနစ္ကို ယာယီနည္းျပအျဖစ္ စာခ်ဳပ္ (၆) လ ျပည့္ေျမာက္သြားပါက

အသင္းရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ ေနာက္ထပ္ (၂) ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔

အႀကိဳ သေဘာတူညီမႈလည္း ရရွိထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အသင္းဟာ ၎တို႔ရဲ႕ အၿမဲတမ္း နည္းျပရာထူးအတြက္ေတာ့

ပိုခ်က္တီႏိုကိုသာ အဓိက ပစ္မွတ္ထားေနဆဲျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ

ေခၚယူႏိုင္ေအာင္ ႀကိဳးစားႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပသစ္ျဖစ္လာတဲ့ ရန္းနစ္ဟာ အလုပ္ပါမစ္ေၾကာင့္

တနဂၤေႏြေန႔မွာ ကစားမယ့္ ခ်ယ္လ္ဆီးအသင္း နဲ႔ ပြဲစဥ္ကို ကိုင္တြယ္ႏိုင္ဦးမွာ

မဟုတ္ေပမယ့္ အဲ့ဒီေန႔မွာ မန္ခ်က္စတာ ၿမိဳ႕ကို ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

တနဂၤေႏြည (၁၁) နာရီမွာ ကစားမယ့္ ခ်ယ္လ္ဆီးအသင္းနဲ႔ ပြဲစဥ္ကိုေတာ့ လက္ရွိ

ယာယီနည္းျပ မိုက္ကယ္ ကာရစ္ကပဲ ဆက္လက္ တာဝန္ယူ ကိုင္တြယ္မွာျဖစ္တယ္လို႔

သိရပါတယ္။mdiarymm

mdiarymm