M Diary Channel

Local and Sport News

ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ အေးဂျင့်ကို တိုက်တွန်းခဲ့တဲ့ အင်ဆစ်ဂ်နီ

နာပိုလီအသင်းခေါင်းဆောင်အင်ဆစ်ဂ်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီ

ပြောင်းရွှေ့ကစားခွင့်ရအောင်ကြိုးပမ်းဖို့ သူ့အေးဂျင့်ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့

သတင်းထွက်နေပါတယ်။ အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ အီတလီလက်ရွေးစင်

တိုက်စစ်ကစားသမားအင်ဆစ်ဂ်နီနဲ့နာပိုလီအသင်းတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက

မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့

ဆန္ဒမရှိဖြစ်နေတာပါ။ အီတလီနာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့

La Gazzetta dello Sport က အင်ဆစ်ဂ်နီဟာ လာမယ့်နှစ်ကျရင် ယူနိုက်တက်

ဒါမှမဟုတ် အင်တာမီလန်အသင်းဆီပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြခဲ့ပြီး

အခုလောလောဆယ်တော့ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ယူနိုက်တက်အပါအဝင်

အင်္ဂလိပ်ကလပ်တစ်သင်းကမှ စိတ်မဝင်စားသေးပါဘူး။

ဒါပေမဲ့လည်း အင်ဆစ်ဂ်နီဟာ ရာသီကုန်ကျရင် နာပိုလီအသင်းနဲ့စာချုပ်သက်တမ်း

ကုန်ဆုံးမှာဖြစ်တာကြောင့် အရည်အသွေးမြင့်ကစားသမားတစ်ဦးကို အလွတ်နဲ့

ခေါ်ယူနိုင်မယ့်အနေအထားဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နှစ်၊

နွေရာသီကျရင် အင်ဆစ်ဂ်နီအတွက်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။

နာပိုလီအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ အင်ဆစ်ဂ်နီဟာ အသင်းအတွက်

ဆယ်စုနှစ်တစ်ခုကျော်ကစားခဲ့ပြီး ကိုပါအီတာလီယာ၊ အီတလီစူပါဖလားတွေ

ရယူခဲ့သလို အခုနှစ်အတွင်းမှာလည်း အီတလီအသင်းနဲ့အတူ ယူရိုချန်ပီယံဆု

ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ ေအးဂ်င့္ကို တိုက္တြန္းခဲ့တဲ့ အင္ဆစ္ဂ္နီ

နာပိုလီအသင္းေခါင္းေဆာင္အင္ဆစ္ဂ္နီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ

ေျပာင္းေ႐ႊ႕ကစားခြင့္ရေအာင္ႀကိဳးပမ္းဖို႔ သူ႔ေအးဂ်င့္ကို တိုက္တြန္းေျပာဆိုခဲ့တယ္လို႔

သတင္းထြက္ေနပါတယ္။ အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီတလီလက္ေ႐ြးစင္

တိုက္စစ္ကစားသမားအင္ဆစ္ဂ္နီနဲ႔နာပိုလီအသင္းတို႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက

မၾကာခင္ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားက အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔

ဆႏၵမရွိျဖစ္ေနတာပါ။ အီတလီနာမည္ေက်ာ္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့

La Gazzetta dello Sport က အင္ဆစ္ဂ္နီဟာ လာမယ့္ႏွစ္က်ရင္ ယူႏိုက္တက္

ဒါမွမဟုတ္ အင္တာမီလန္အသင္းဆီေျပာင္းေ႐ႊ႕ကစားဖို႔ဆႏၵရွိေနတယ္လို႔ေဖာ္ျပခဲ့ၿပီး

အခုေလာေလာဆယ္ေတာ့ အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ယူႏိုက္တက္အပါအဝင္

အဂၤလိပ္ကလပ္တစ္သင္းကမွ စိတ္မဝင္စားေသးပါဘူး။

ဒါေပမဲ့လည္း အင္ဆစ္ဂ္နီဟာ ရာသီကုန္က်ရင္ နာပိုလီအသင္းနဲ႔စာခ်ဳပ္သက္တမ္း

ကုန္ဆုံးမွာျဖစ္တာေၾကာင့္ အရည္အေသြးျမင့္ကစားသမားတစ္ဦးကို အလြတ္နဲ႔

ေခၚယူႏိုင္မယ့္အေနအထားျဖစ္လို႔ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ႏွစ္၊

ေႏြရာသီက်ရင္ အင္ဆစ္ဂ္နီအတြက္ႀကိဳးပမ္းသြားဖို႔ရွိေနပါတယ္။

နာပိုလီအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ အင္ဆစ္ဂ္နီဟာ အသင္းအတြက္

ဆယ္စုႏွစ္တစ္ခုေက်ာ္ကစားခဲ့ၿပီး ကိုပါအီတာလီယာ၊ အီတလီစူပါဖလားေတြ

ရယူခဲ့သလို အခုႏွစ္အတြင္းမွာလည္း အီတလီအသင္းနဲ႔အတူ ယူ႐ိုခ်န္ပီယံဆု

ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။mdiarymm

mdiarymm