M Diary Channel

Local and Sport News

ယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့ ကာဗာနီကို ဥရုဂွေးဂန္ထဝင်ပိုယက် အကြံပေး

ဥရုဂွေးနဲ့ စပါးအသင်းနာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်သူ

ပိုယက်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ကာဗာနီ ပုံမှန်ကစားခွင့်

ရဖို့ရုန်းကန်နေတဲ့အတွက် မကျေမနပ်ဖြစ်နေပြီး လာမယ့်ဇန်နဝါရီကျရင်

အသင်းနဲ့လမ်းခွဲဖို့ ကာဗာနီကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နွေရာသီက PSG အသင်းနဲ့လမ်းခွဲပြီး ယူနိုက်တက်အသင်းဆီ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့သူ ကာဗာနီဟာ မနှစ်တုန်းက

အသင်းရဲ့တိုက်စစ်မှာအဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သလို

ပရီးမီးယားလိဂ်မှာ(၁၀)ဂိုး၊ ပြိုင်ပွဲစုံမှာတော့(၁၇)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီမှာ ယူနိုက်တက်အသင်းကို နာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာချိန်မှာတော့ ကာဗာနီဟာ

သူဝတ်ဆင်ခဲ့တဲ့နံပါတ်(၇)ဂျာစီကို စီရော်နယ်လ်ဒိုဆီ လွှဲပြောင်းပေးခဲ့ရသလို

ပွဲထွက်ကစားသမားနေရာပါ ဆုံးရှုံးနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပိုယက်က

“ကာဗာနီဟာ ကံမကောင်းပါဘူး။ တကယ်လို့ စီရော်နယ်လ်ဒိုသာ

ယူနိုက်တက်အသင်းဆီ ရောက်မလာခဲ့ရင် သူက အသင်းရဲ့အဓိက

တိုက်စစ်မှူးအဖြစ် ဆက်ကစားခွင့်ရမှာဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီကျရင်တော့

ကာဗာနီဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသင့်တယ်လို့ ကျွန်တော်

ယူဆပါတယ်။ သူနဲ့ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိပေမယ့်

ကာဗာနီနေရာမှာ ကျွန်တော်သာဆိုရင်တော့ အခုလက်ရှိကလပ်အသင်းမှာ

ရင်ဆိုင်နေရတဲ့အခြေအနေ၊ ကလပ်မှာ ပုံမှန်ကစားခွင့်မရရင် နိုင်ငံအသင်းမှာလည်း

ပွဲချိန်ပြည့်ကစားဖို့မျှော်လင့်ချက်မရှိနိုင်တဲ့အနေအထားတွေကို

အသေအချာစဉ်းစားဆုံးဖြတ်သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္အသင္းနဲ႔လမ္းခြဲဖို႔ ကာဗာနီကို ဥ႐ုေဂြးဂႏၴဝင္ပိုယက္ အႀကံေပး

ဥ႐ုေဂြးနဲ႔ စပါးအသင္းနာမည္ေက်ာ္ကစားသမားေဟာင္းတစ္ဦးျဖစ္သူ

ပိုယက္က မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကာဗာနီ ပုံမွန္ကစားခြင့္

ရဖို႔႐ုန္းကန္ေနတဲ့အတြက္ မေက်မနပ္ျဖစ္ေနၿပီး လာမယ့္ဇန္နဝါရီက်ရင္

အသင္းနဲ႔လမ္းခြဲဖို႔ ကာဗာနီကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီက PSG အသင္းနဲ႔လမ္းခြဲၿပီး ယူႏိုက္တက္အသင္းဆီ

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိခဲ့သူ ကာဗာနီဟာ မႏွစ္တုန္းက

အသင္းရဲ႕တိုက္စစ္မွာအဓိက,ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့သလို

ပရီးမီးယားလိဂ္မွာ(၁၀)ဂိုး၊ ၿပိဳင္ပြဲစုံမွာေတာ့(၁၇)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီရာသီမွာ ယူႏိုက္တက္အသင္းကို နာမည္ေက်ာ္ကစားသမား

စီေရာ္နယ္လ္ဒို ျပန္လည္ေရာက္ရွိလာခ်ိန္မွာေတာ့ ကာဗာနီဟာ

သူဝတ္ဆင္ခဲ့တဲ့နံပါတ္(၇)ဂ်ာစီကို စီေရာ္နယ္လ္ဒိုဆီ လႊဲေျပာင္းေပးခဲ့ရသလို

ပြဲထြက္ကစားသမားေနရာပါ ဆုံးရႈံးေနတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပိုယက္က

“ကာဗာနီဟာ ကံမေကာင္းပါဘူး။ တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ

ယူႏိုက္တက္အသင္းဆီ ေရာက္မလာခဲ့ရင္ သူက အသင္းရဲ႕အဓိက

တိုက္စစ္မႉးအျဖစ္ ဆက္ကစားခြင့္ရမွာျဖစ္ပါတယ္။ လာမယ့္ဇန္နဝါရီက်ရင္ေတာ့

ကာဗာနီဟာ ယူႏိုက္တက္အသင္းကေန ထြက္ခြာသင့္တယ္လို႔ ကြၽန္ေတာ္

ယူဆပါတယ္။ သူနဲ႔ကြၽန္ေတာ္က ပုဂၢိဳလ္ေရးအရ ရင္းႏွီးမႈမရွိေပမယ့္

ကာဗာနီေနရာမွာ ကြၽန္ေတာ္သာဆိုရင္ေတာ့ အခုလက္ရွိကလပ္အသင္းမွာ

ရင္ဆိုင္ေနရတဲ့အေျခအေန၊ ကလပ္မွာ ပုံမွန္ကစားခြင့္မရရင္ ႏိုင္ငံအသင္းမွာလည္း

ပြဲခ်ိန္ျပည့္ကစားဖို႔ေမွ်ာ္လင့္ခ်က္မရွိႏိုင္တဲ့အေနအထားေတြကို

အေသအခ်ာစဥ္းစားဆုံးျဖတ္သြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm