
အင်္ဂါနေ့ညနေမှာ ပေါလ် ပေါ့ဘာကို အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့
ဂီနီနိုင်ငံမှာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခဲ့ကြပါတယ်။ အာဖရိကနိုင်ငံနဲ့
မျိုးရိုးဆက်စပ်မှုရှိတဲ့ ပြင်သစ် ကွင်းလယ်လူကို ဂီနီနိုင်ငံသား
ထောင်ပေါင်းများစွာက လမ်းမပေါ်ထွက်ပြီး ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
ပေါ့ဘာ သွားရောက်ခဲ့တဲ့ Pela ဆိုတဲ့ မြို့ငယ်လေးရဲ့ မြို့တော်ဝန်
Cécé Pela Haba က “Pela ဆိုတာ ပေါလ် ပေါ့ဘာရဲ့ ဖခင်ရဲ့
ဇာတိရွာဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ ပေါလ် ပေါ့ဘာရဲ့ ရွာပါပဲ။
သူ့ရဲ့ ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ရွာဖြစ်ပါတယ်။ Pela ဒေသခံတွေက
ကမ္ဘာကျော် စူပါစတားကို ကြိုဆိုဖို့ ရောက်ရှိလာကြတာပါ။
သူ့အတွက် ဂုဏ်ယူသင့်ပါတယ်။ ကျွန်တော်ကလည်း ဒေသဆိုင်ရာ
အာဏာပိုင်တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို ဖော်ပြလိုတဲ့အတွက်
ယခုလို ရောက်ရှိလာတာဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုတွင် မန်ချက်စတာ
ယူနိုက်တက် ကြယ်ပွင့်ဟောင်းဟာ အမိုးပွင့်ကားနဲ့အတူ သူ့နာမည်ကို
သီချင်းလုပ်ကာ သီဆိုနေကြတဲ့ ပရိသတ်တွေကို လက်ပြ
နှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။ ပေါ့ဘာကို ပြင်သစ်နိုင်ငံမှာ ဂီနီမိဘနှစ်ပါးကနေ
မွေးဖွားခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားဟာ သူ့မိဘတွေရဲ့ ဇာတိမြေကို
မကြာခဏ အလည်အပတ် သွားရောက်လေ့ရှိပါတယ်။
ပေါ့ဘာဟာ အဲ့ဒီမှာ ရှိစဉ်ကာလအတွင်း ဂီနီအတွက် ပရဟိတပွဲစဉ်
ကစားပေးဖို့ရှိသလို အစိုးရ တာဝန်ရှိသူတွေ အားကစား တာဝန်ရှိသူတွေနဲ့
တွေ့ဆုံဖို့ ရှိပါတယ်။ အသက် ( ၂၉ ) နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ
မန်ချက်စတာ ယူနိုက်တက်နဲ့ ဒုတိယသက်တမ်းမှာ ( ၆ ) နှစ်တာ
ဖြတ်သန်းပြီးနောက် ဂျူဗင်တပ်အသင်းထံ ပြန်လည်ရောက်ရှိဖို့ နီးစပ်နေပါတယ်။
zawgyi
ယူႏုိက္တက္အသင္းအတြက္ ဗုိင္းရပ္စ္ျဖစ္ေနေပမယ့္ ဂီနီႏိုင္ငံအတြက္ သူရဲေကာင္းျဖစ္ေနဆဲ
အဂၤါေန႔ညေနမွာ ေပါလ္ ေပါ့ဘာကို အေနာက္အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့
ဂီနီႏိုင္ငံမွာ သူရဲေကာင္းတစ္ဦးလို ႀကိဳဆိုခဲ့ၾကပါတယ္။ အာဖရိကႏိုင္ငံနဲ႔
မ်ိဳး႐ိုးဆက္စပ္မႈရွိတဲ့ ျပင္သစ္ ကြင္းလယ္လူကို ဂီနီႏိုင္ငံသား
ေထာင္ေပါင္းမ်ားစြာက လမ္းမေပၚထြက္ၿပီး ႀကိဳဆိုခဲ့ၾကတာျဖစ္ပါတယ္။
ေပါ့ဘာ သြားေရာက္ခဲ့တဲ့ Pela ဆိုတဲ့ ၿမိဳ႕ငယ္ေလးရဲ႕ ၿမိဳ႕ေတာ္ဝန္
Cécé Pela Haba က “Pela ဆိုတာ ေပါလ္ ေပါ့ဘာရဲ႕ ဖခင္ရဲ႕
ဇာတိ႐ြာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါဟာ ေပါလ္ ေပါ့ဘာရဲ႕ ႐ြာပါပဲ။
သူ႔ရဲ႕ ဘိုးဘြားေတြ ေနထိုင္ခဲ့တဲ့႐ြာျဖစ္ပါတယ္။ Pela ေဒသခံေတြက
ကမာၻေက်ာ္ စူပါစတားကို ႀကိဳဆိုဖို႔ ေရာက္ရွိလာၾကတာပါ။
သူ႔အတြက္ ဂုဏ္ယူသင့္ပါတယ္။ ကြၽန္ေတာ္ကလည္း ေဒသဆိုင္ရာ
အာဏာပိုင္တစ္ဦးအေနနဲ႔ ကြၽန္ေတာ့္ရဲ႕ ေပ်ာ္႐ႊင္မႈကို ေဖာ္ျပလိုတဲ့အတြက္
ယခုလို ေရာက္ရွိလာတာျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။
အြန္လိုင္းေပၚမွာ ထြက္ေပၚလာတဲ့ ဗီဒီယိုတစ္ခုတြင္ မန္ခ်က္စတာ
ယူႏိုက္တက္ ၾကယ္ပြင့္ေဟာင္းဟာ အမိုးပြင့္ကားနဲ႔အတူ သူ႔နာမည္ကို
သီခ်င္းလုပ္ကာ သီဆိုေနၾကတဲ့ ပရိသတ္ေတြကို လက္ျပ
ႏႈတ္ဆက္ခဲ့တာေတြ႕ရပါတယ္။ ေပါ့ဘာကို ျပင္သစ္ႏိုင္ငံမွာ ဂီနီမိဘႏွစ္ပါးကေန
ေမြးဖြားခဲ့တာျဖစ္ၿပီး ကြင္းလယ္ကစားသမားဟာ သူ႔မိဘေတြရဲ႕ ဇာတိေျမကို
မၾကာခဏ အလည္အပတ္ သြားေရာက္ေလ့ရွိပါတယ္။
ေပါ့ဘာဟာ အဲ့ဒီမွာ ရွိစဥ္ကာလအတြင္း ဂီနီအတြက္ ပရဟိတပြဲစဥ္
ကစားေပးဖို႔ရွိသလို အစိုးရ တာဝန္ရွိသူေတြ အားကစား တာဝန္ရွိသူေတြနဲ႔
ေတြ႕ဆုံဖို႔ ရွိပါတယ္။ အသက္ ( ၂၉ ) ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ
မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဒုတိယသက္တမ္းမွာ ( ၆ ) ႏွစ္တာ
ျဖတ္သန္းၿပီးေနာက္ ဂ်ဴဗင္တပ္အသင္းထံ ျပန္လည္ေရာက္ရွိဖို႔ နီးစပ္ေနပါတယ္။