ယူနိုက်တက် ခေါ်ယူချင်မှန်းသိလို့ ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးကို မတန်တဆတောင်းဆိုလိုက်တဲ့ အေဂျက်စ်

မန်ချက်စတာယူနိုက်တက်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့

ပထမဆုံးခေါ်ယူနိုင်မယ့်သူကိုရှာဖွေနေတုန်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရယူနိုက်တက်အနေဖြင့်ယခုနွေရာသီမှာ

ကစားသမားသစ်ခေါ်ယူရေးအတွက် ကြန့်ကြာဦးမယ့်အနေအထားမှာရှိနေပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာယူနိုက်တက်ကိုပြန်လည်

တည်ဆောက်ချိန်မှာသူ့ရဲ့အေဂျက်စ်ကတပည်ဟောင်းတွေနဲ့

တည်ဆောက်လိုနေပါတယ်။ အဲရစ်တန်ဟက်ဟာအသင်းဟောင်း

အေဂျက်စ်မှကစားသမားသုံးဦးကိုခေါ်ယူလိုနေပါတယ်။

ဒါပေမဲ့De Telegraafရဲ့ဖော်ပြချက်အရအေဂျက်စ်ကယူနိုက်တက်

ပစ်မှတ်ထားနေတဲ့ကစားသမားသုံးဦးအတွက်မတန်တဆ

ဈေးတောင်းဆိုလာကြောင်းသိရပါတယ်။ အေဂျက်စ်ဟာယူနိုက်တက်

အထူးတလည်အလိုရှိနေတဲ့ဘရာဇီးစတားအန်တိုနီအတွက်

ပြောင်းရွှေ့ကြေးယူရိုသန်း၇၀အထိအလိုရှိနေပါတယ်။

အသက်၂၂နှစ်ရှိဘရာဇီးစတားကယူနိုက်တက်အားနည်းနေတဲ့

ညာတောင်ပံတိုက်စစ်ကိုဖာထေးပေးမယ့်သူလည်းဖြစ်ပါတယ်။

အေဂျက်စ်ဟာနယ်သာလန်ဗဟိုနောက်ခံလူများဖြစ်ကြတဲ့

လီဆန်ဒရိုမာတီနက်ဇ်နှင့်ဂျော်ရီယန်တမ်ဘားတို့အတွက်

တစ်ဦးလျှင်ယူရိုသန်း၅၀စီတောင်းဆိုနေပါတယ်။

ဒါကြောင့်ယူနိုက်တက်အနေဖြင့်အေဂျက်စ်မှကစားသမားသုံးဦး

ခေါ်ယူရေးအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၁၇၀အထိအသုံးပြုရမယ့်

အခြေအနေမှာရှိနေပါတယ်။ ယူနိုက်တက်ဟာဘာစီလိုနာကွင်းလယ်

ကစားသမားဖရန်ကီဒီဂျောင်ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပြီး

ယခုတိုင်အဆင်မပြေသေးပါဘူး။ လက်ရှိအနေအထားအရယူနိုက်တက်

အနေဖြင့်ယခုနွေရာသီမှာကစားသမားသစ်ခေါ်ယူနိုင်ဖို့ အလွန်ခက်ခဲတဲ့

အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

zawgyi

ယူႏုိက္တက္ ေခၚယူခ်င္မွန္းသိလုိ႔ ကစားသမားေတြရဲ႕ေျပာင္းေရႊ႕ေၾကးကုိ မတန္တဆေတာင္းဆုိလုိက္တဲ့ ေအဂ်က္စ္

မန္ခ်က္စတာယူႏိုက္တက္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕

ပထမဆုံးေခၚယူႏိုင္မယ့္သူကိုရွာေဖြေနတုန္းျဖစ္ပါတယ္။

လက္ရွိအေနအထားအရယူႏိုက္တက္အေနျဖင့္ယခုေႏြရာသီမွာ

ကစားသမားသစ္ေခၚယူေရးအတြက္ ၾကန႔္ၾကာဦးမယ့္အေနအထားမွာရွိေနပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာယူႏိုက္တက္ကိုျပန္လည္

တည္ေဆာက္ခ်ိန္မွာသူ႔ရဲ႕ေအဂ်က္စ္ကတပည္ေဟာင္းေတြနဲ႔

တည္ေဆာက္လိုေနပါတယ္။ အဲရစ္တန္ဟက္ဟာအသင္းေဟာင္း

ေအဂ်က္စ္မွကစားသမားသုံးဦးကိုေခၚယူလိုေနပါတယ္။

ဒါေပမဲ့De Telegraafရဲ႕ေဖာ္ျပခ်က္အရေအဂ်က္စ္ကယူႏိုက္တက္

ပစ္မွတ္ထားေနတဲ့ကစားသမားသုံးဦးအတြက္မတန္တဆ

ေဈးေတာင္းဆိုလာေၾကာင္းသိရပါတယ္။ ေအဂ်က္စ္ဟာယူႏိုက္တက္

အထူးတလည္အလိုရွိေနတဲ့ဘရာဇီးစတားအန္တိုနီအတြက္

ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၇၀အထိအလိုရွိေနပါတယ္။

အသက္၂၂ႏွစ္ရွိဘရာဇီးစတားကယူႏိုက္တက္အားနည္းေနတဲ့

ညာေတာင္ပံတိုက္စစ္ကိုဖာေထးေပးမယ့္သူလည္းျဖစ္ပါတယ္။

ေအဂ်က္စ္ဟာနယ္သာလန္ဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့

လီဆန္ဒ႐ိုမာတီနက္ဇ္ႏွင့္ေဂ်ာ္ရီယန္တမ္ဘားတို႔အတြက္

တစ္ဦးလွ်င္ယူ႐ိုသန္း၅၀စီေတာင္းဆိုေနပါတယ္။

ဒါေၾကာင့္ယူႏိုက္တက္အေနျဖင့္ေအဂ်က္စ္မွကစားသမားသုံးဦး

ေခၚယူေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၁၇၀အထိအသုံးျပဳရမယ့္

အေျခအေနမွာရွိေနပါတယ္။ ယူႏိုက္တက္ဟာဘာစီလိုနာကြင္းလယ္

ကစားသမားဖရန္ကီဒီေဂ်ာင္ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနၿပီး

ယခုတိုင္အဆင္မေျပေသးပါဘူး။ လက္ရွိအေနအထားအရယူႏိုက္တက္

အေနျဖင့္ယခုေႏြရာသီမွာကစားသမားသစ္ေခၚယူႏိုင္ဖို႔ အလြန္ခက္ခဲတဲ့

အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။