မန်ချက်စတာယူနိုက်တက်ပစ်မှတ်ထားနေတဲ့ဂျူ့ဘယ်လင်ဟမ်းက
လာမယ့်ရာသီတွင်ဒေါ့မွန်တွင်ပင်ဆက်ရှိနေမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။
အသက်၁၈နှစ်ရှိအင်္ဂလန်ကွင်းလယ်ကစားသမားဟာယူနိုက်တက်အပြင်
ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို
ပယ်ချကာဒေါ့မွန်သို့ပေါင်၂၅သန်းဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။
ဘယ်လင်းမ်ဟာဒေါ့မွန်တွင်ကွင်းလယ်ဒေါက်တိုင်တစ်ဦးဖြစ်လာပြီး
ပွဲပေါင်းတစ်ရာကျော်ကစားထားပြီးဖြစ်ပါတယ်။ သူဟာယခုရာသီတွင်
ဒေါ့မွန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၃ပွဲကစားကာ ၃ဂိုးသွင်းယူပြီး
၁၃ကြိမ်ဖန်တီးထားပါတယ်။ ဘယ်လင်ဂမ်က “အနာဂတ်နဲ့ပတ်သက်ပြီး
ကျွန်တော်တွေးတာကတော့ဒေါ့မွန်ရဲ့လာမယ့်ပွဲပါ။လာမယ့်ရာသီအတွက်
စဉ်းစားနေတယ်။ပြန်စဖို့ကြည့်နေတယ်။လာမယ့်ရာသီမှာလည်းဒီမှာပဲရှိနေပါမယ်။
အဆင်သင့်ဖြစ်နေပါမယ်”လို့ပြောကြားသွားပါတယ်။
zawgyi
ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဘယ်လင်ဟမ်း ဒေါ့မွန်မှာပဲဆက်နေမယ်