M Diary Channel

Local and Sport News

ရက်ရှ်ဖို့ဒ်ကို စိတ်မသက်မသာဖြစ်ရအောင် စကားကျွံမိပြန်တဲ့ နည်းပြ ဆိုးလ်ရှား

မန်ယူအသင်းရဲ့ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး လက်စတာအသင်းနဲ့

ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားပြောဆိုတဲ့ မှတ်ချက်ပြုစကားတစ်ခုက

ကစားသမားအပေါ် စိတ်မသက်မသာဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကာလရှည်ခံစားခဲ့ရတဲ့ ပခုံးဒဏ်ရာကို ခွဲစိတ်ပြီးနောက်

မန်ယူအသင်းရဲ့ ရာသီအစ ပွဲစဥ်တွေကို (၂) လခန့် လွဲချော်ခဲ့ရတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲစဥ်တော့ လူစားဝင် ကစားသမားအဖြစ်နဲ့

ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် ပထမဆုံး အကြိမ်

ပြန်လည် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်ယူအသင်း (၄−၂) ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်အတွက်ကတော့

ပထမဆုံး ပြန်လည် ကစားခွင့်ရတဲ့ ပွဲမှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုး

သွင်းယူပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲအပြီးမှာတော့ နည်းပြဆိုးလ်ရှားက

အဆိုပါ ကစားသမား နဲ့ ပတ်သက်ပြီး ” ရက်ရှ်ဖို့ဒ်က ကွင်းတွင်းမှာထက်

ကွင်းပြင်ပမှာ စွမ်းဆောင်ရည် ပိုကောင်းနေသလိုပါပဲ။ သူ့ကို ဘောလုံးထက်

တခြားကိစ္စတွေမှာ အာရုံစိုက်တာကို နည်းနည်းလျှော့စေချင်ပါတယ်။

နောက်မို့ဆိုရင် ဘောလုံးအားကစားဘက်မှာ သူ့အတွက် ဆုတ်ယုတ်မှုတွေ

ကြုံတွေ့ရတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” လို့ မှတ်ချက်ပြုစကားဆိုခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်ရဲ့ ပရဟိတ နယ်ပယ်မှာ စွမ်းစွမ်းတမံ ဆောင်ရွက်

နေမှုတွေကို ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပြီး အဆိုပါ စကားကြောင့် ရက်ရှ်ဖို့ဒ်

ကိုယ်တိုင်အပါအဝင် ရက်ရှ်ဖို့ဒ်နဲ့ နီးစပ်တဲ့ မိတ်ဆွေ အသိုင်းအဝိုင်း အချို့ကပါ

စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လို့ အချို့သော သတင်းရင်းမြစ်တွေအရဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးထက် ပရဟိတ ကို ဦးစားပေးနေတယ်ဆိုပြီး မကြာသေးခင်ကမှ

မီဒီယာတွေရဲ့ ပုတ်ခတ်မှု ဒဏ် နဲ့ ပရိသတ်အချို့တွေရဲ့ ဝေဖန်မှုတွေကို ရရှိထားခဲ့တာဖြစ်ပြီး

၎င်းအနေနဲ့ ပရဟိတ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်မှာဖြစ်သလို

ဘောလုံးအားကစားအပေါ်မှာလည်း အပြည့်အဝ စိတ်နှစ်ထားတယ်လို့

တုံ့ပြန်ပြောဆိုထားခဲ့ဖူးတာဖြစ်ပါတယ်။

zawgyi

မန္ယူအသင္းရဲ႕ တိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္နဲ႔ ပတ္သက္ၿပီး လက္စတာအသင္းနဲ႔

ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားေျပာဆိုတဲ့ မွတ္ခ်က္ျပဳစကားတစ္ခုက

ကစားသမားအေပၚ စိတ္မသက္မသာျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကာလရွည္ခံစားခဲ့ရတဲ့ ပခုံးဒဏ္ရာကို ခြဲစိတ္ၿပီးေနာက္

မန္ယူအသင္းရဲ႕ ရာသီအစ ပြဲစဥ္ေတြကို (၂) လခန႔္ လြဲေခ်ာ္ခဲ့ရတာပါ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ လက္စတာအသင္းနဲ႔ပြဲစဥ္ေတာ့ လူစားဝင္ ကစားသမားအျဖစ္နဲ႔

ဒီရာသီ ပရီးမီးယားလိဂ္မွာ မန္ယူအသင္းအတြက္ ပထမဆုံး အႀကိမ္

ျပန္လည္ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ယူအသင္း (၄−၂) ဂိုးနဲ႔ ဂိုးျပတ္ အေရးနိမ့္ခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္အတြက္ကေတာ့

ပထမဆုံး ျပန္လည္ ကစားခြင့္ရတဲ့ ပြဲမွာပဲ အသင္းအတြက္ သြင္းဂိုးတစ္ဂိုး

သြင္းယူေပးႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ပြဲအၿပီးမွာေတာ့ နည္းျပဆိုးလ္ရွားက

အဆိုပါ ကစားသမား နဲ႔ ပတ္သက္ၿပီး ” ရက္ရွ္ဖို႔ဒ္က ကြင္းတြင္းမွာထက္

ကြင္းျပင္ပမွာ စြမ္းေဆာင္ရည္ ပိုေကာင္းေနသလိုပါပဲ။ သူ႔ကို ေဘာလုံးထက္

တျခားကိစၥေတြမွာ အာ႐ုံစိုက္တာကို နည္းနည္းေလွ်ာ့ေစခ်င္ပါတယ္။

ေနာက္မို႔ဆိုရင္ ေဘာလုံးအားကစားဘက္မွာ သူ႔အတြက္ ဆုတ္ယုတ္မႈေတြ

ႀကဳံေတြ႕ရတာမ်ိဳး ျဖစ္ေကာင္းျဖစ္လာႏိုင္ပါတယ္” လို႔ မွတ္ခ်က္ျပဳစကားဆိုခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားဟာ ရက္ရွ္ဖို႔ဒ္ရဲ႕ ပရဟိတ နယ္ပယ္မွာ စြမ္းစြမ္းတမံ ေဆာင္႐ြက္

ေနမႈေတြကို ရည္႐ြယ္ေျပာဆိုခဲ့တာျဖစ္ၿပီး အဆိုပါ စကားေၾကာင့္ ရက္ရွ္ဖို႔ဒ္

ကိုယ္တိုင္အပါအဝင္ ရက္ရွ္ဖို႔ဒ္နဲ႔ နီးစပ္တဲ့ မိတ္ေဆြ အသိုင္းအဝိုင္း အခ်ိဳ႕ကပါ

စိတ္မသက္မသာ ျဖစ္ခဲ့ရတယ္လို႔ အခ်ိဳ႕ေသာ သတင္းရင္းျမစ္ေတြအရဆိုပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ေဘာလုံးထက္ ပရဟိတ ကို ဦးစားေပးေနတယ္ဆိုၿပီး မၾကာေသးခင္ကမွ

မီဒီယာေတြရဲ႕ ပုတ္ခတ္မႈ ဒဏ္ နဲ႔ ပရိသတ္အခ်ိဳ႕ေတြရဲ႕ ေဝဖန္မႈေတြကို ရရွိထားခဲ့တာျဖစ္ၿပီး

၎အေနနဲ႔ ပရဟိတ လုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္မွာျဖစ္သလို

ေဘာလုံးအားကစားအေပၚမွာလည္း အျပည့္အဝ စိတ္ႏွစ္ထားတယ္လို႔

တုံ႔ျပန္ေျပာဆိုထားခဲ့ဖူးတာျဖစ္ပါတယ္။mdiarymm

mdiarymm