
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့
ပရီးမီးယာလိဂ်ပွဲစဉ်မှာ ( ၁-၀ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဝက်စ်ဟမ်းက high pressing မလုပ်တဲ့အတွက် ယူနိုက်တက်အနေနဲ့
build- up တွေမှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်းကစားသမားတွေက ယူနိုက်တက်
ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်းတွေကို ပိတ်ထားတာကြောင့်
တခါတလေ ကက်စမဲရိုးက ဗဟိုခံစစ် ( ၂ ) ဦးကြားဆင်းပြီး
ခံစစ် ( ၃ ) ယောက်တန်းပုံစံ နေရာယူကာ ကူညီပေးခဲ့ရပါသေးတယ်။
ပထမပိုင်း မိနစ် တော်တော်များများကို ယူနိုက်တက်ကပဲ လွှမ်းမိုး
ကစားနိုင်ခဲ့ပေမယ့် final third ထဲမှာတော့ ထိထိရောက်ရောက်
မလုပ်ပြနိုင်ခဲ့ပါဘူး။ ရော်နယ်ဒို နှင့် အီလန်ဂါတို့ အခွင့်အရေး
( ၂ ) ကြိမ်လောက်ရခဲ့တာကလွဲရင် ဘာမျှခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ပွဲကစားချိန် ( ၃၈ ) မိနစ်မှာတော့ ရက်ဖို့ဒ်က အဲရစ်ဆင်ရဲ့
ဖြတ်တင်ဘောကို ခေါင်းခုန်တိုက်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းက ပိုပြီး တိုက်စစ်ဆင်ကစားလာပါတယ်။
ဒီနေ့ပွဲမှာ မာတီးနက်ရဲ့ ခံစစ်စွမ်းဆောင်ရည်ကောင်းတွေကို ထပ်မံ
မြင်တွေ့ခဲ့ရပြန်ပါတယ်။ ပြိုင်ဘက်တိုက်စစ်မှူးနဲ့ တစ်ဦးချင်း
ရင်ဆိုင်တွေ့ရတဲ့ အခိုက်အတန့်တွေကိုလည်း ပညာသားပါပါ
တားဆီးနိုင်ခဲ့ပါတယ်။ ဗာရန်း ၊ လင်ဒီလော့တို့ မပါနိုင်ချိန် သူ့ရဲ့
ဘောလုံးပေးပို့မှုတွေက ဒီနေ့ပွဲမှာ ပိုလို့အရေးပါခဲ့ပါတယ်။
နောက်ပြီး ဂိုးသမား ဒေးဗစ် ဒီဂီယာကလည်း ပွဲပြီးခါနီးမှာ အရေးပါတဲ့
ကာကွယ်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ဒီယေဂို ဒါလိုရဲ့
ဖျက်ထုတ်မှုအချို့ကလည်း ဒီနိုင်ပွဲအတွက် အဓိက ကျခဲ့ပါတယ်။
ယူနိုက်တက်က ဒီနိုင်ပွဲကြောင့် အဆင့် ( ၅ ) နေရာကို ရောက်လာပြီး
ချဲလ်ဆီးကို ( ၂ ) မှတ်ဖြတ်ကာ ( ၁ ) ပွဲလျော့အနေအထားမှာ
အဆင့် ( ၃ ) နေရာက စပါးနဲ့ ( ၃ )မှတ်သာ ကွာဟပါတော့တယ်။
zawgyi
ရက္ရွ္ဖုိ႔ဒ္ရဲ႕ ဂုိး ၁၀၀ ျပည့္သြင္းဂုိးနဲ႔ ၀က္စ္ဟမ္းကုိအႏုိင္ယူၿပီး ျခေသၤ့ျပာေတြကုိ ၂ မွတ္ျဖတ္လိုက္တဲ့ သရဲနီ
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဝက္စ္ဟမ္းအသင္းနဲ႔
ပရီးမီးယာလိဂ္ပြဲစဥ္မွာ ( ၁-၀ ) ရလာဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။
ဝက္စ္ဟမ္းက high pressing မလုပ္တဲ့အတြက္ ယူႏိုက္တက္အေနနဲ႔
build- up ေတြမွာ ဖိအားကင္းကင္းနဲ႔ ကစားႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ဝက္စ္ဟမ္းကစားသမားေတြက ယူႏိုက္တက္
ေဘာလုံးေပးပို႔ႏိုင္မယ့္ လမ္းေၾကာင္းေတြကို ပိတ္ထားတာေၾကာင့္
တခါတေလ ကက္စမဲ႐ိုးက ဗဟိုခံစစ္ ( ၂ ) ဦးၾကားဆင္းၿပီး
ခံစစ္ ( ၃ ) ေယာက္တန္းပုံစံ ေနရာယူကာ ကူညီေပးခဲ့ရပါေသးတယ္။
ပထမပိုင္း မိနစ္ ေတာ္ေတာ္မ်ားမ်ားကို ယူႏိုက္တက္ကပဲ လႊမ္းမိုး
ကစားႏိုင္ခဲ့ေပမယ့္ final third ထဲမွာေတာ့ ထိထိေရာက္ေရာက္
မလုပ္ျပႏိုင္ခဲ့ပါဘူး။ ေရာ္နယ္ဒို ႏွင့္ အီလန္ဂါတို႔ အခြင့္အေရး
( ၂ ) ႀကိမ္ေလာက္ရခဲ့တာကလြဲရင္ ဘာမွ်ၿခိမ္းေျခာက္ႏိုင္ခဲ့ျခင္း မရွိပါဘူး။
ဒါေပမယ့္ ပြဲကစားခ်ိန္ ( ၃၈ ) မိနစ္မွာေတာ့ ရက္ဖို႔ဒ္က အဲရစ္ဆင္ရဲ႕
ျဖတ္တင္ေဘာကို ေခါင္းခုန္တိုက္ၿပီး ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ဝက္စ္ဟမ္းက ပိုၿပီး တိုက္စစ္ဆင္ကစားလာပါတယ္။
ဒီေန႔ပြဲမွာ မာတီးနက္ရဲ႕ ခံစစ္စြမ္းေဆာင္ရည္ေကာင္းေတြကို ထပ္မံ
ျမင္ေတြ႕ခဲ့ရျပန္ပါတယ္။ ၿပိဳင္ဘက္တိုက္စစ္မႉးနဲ႔ တစ္ဦးခ်င္း
ရင္ဆိုင္ေတြ႕ရတဲ့ အခိုက္အတန႔္ေတြကိုလည္း ပညာသားပါပါ
တားဆီးႏိုင္ခဲ့ပါတယ္။ ဗာရန္း ၊ လင္ဒီေလာ့တို႔ မပါႏိုင္ခ်ိန္ သူ႔ရဲ႕
ေဘာလုံးေပးပို႔မႈေတြက ဒီေန႔ပြဲမွာ ပိုလို႔အေရးပါခဲ့ပါတယ္။
ေနာက္ၿပီး ဂိုးသမား ေဒးဗစ္ ဒီဂီယာကလည္း ပြဲၿပီးခါနီးမွာ အေရးပါတဲ့
ကာကြယ္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ၿပီး ဒီေယဂို ဒါလိုရဲ႕
ဖ်က္ထုတ္မႈအခ်ိဳ႕ကလည္း ဒီႏိုင္ပြဲအတြက္ အဓိက က်ခဲ့ပါတယ္။
ယူႏိုက္တက္က ဒီႏိုင္ပြဲေၾကာင့္ အဆင့္ ( ၅ ) ေနရာကို ေရာက္လာၿပီး
ခ်ဲလ္ဆီးကို ( ၂ ) မွတ္ျဖတ္ကာ ( ၁ ) ပြဲေလ်ာ့အေနအထားမွာ
အဆင့္ ( ၃ ) ေနရာက စပါးနဲ႔ ( ၃ )မွတ္သာ ကြာဟပါေတာ့တယ္။