M Diary Channel

Local and Sport News

ရန်နစ်ခ်ကိုင်တွယ်တော့မယ့် ယူနိုက်တက်ကို အထင်မသေးစေလို . . .

ချယ်လ်ဆီးအသင်းရဲ့ဂန္ထဝင်ဂိုးသမားကြီးပီတာချက်က မန်ချက်စတာ

ယူနိုက်တက်အသင်းကို ဂျာမန်နာမည်ကျော်နည်းပြကြီးရန်နစ်ခ်ရောက်ရှိ

လာတော့မှာဖြစ်တဲ့အတွက် အထင်သေးလို့မရတော့ဘူးဆိုပြီး သတိပေ

းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသက်(၆၆)နှစ်အရွယ်ရှိပြီဖြစ်သူ

လိုက်ပ်ဇစ်နည်းပြဟောင်းရန်နစ်ခ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ်

ခန့်အပ်ဖို့သဘောတူညီမှုရရှိခဲ့ပေမယ့် အခုတစ်ပတ်ကစားမယ့်

ချယ်လ်ဆီးနဲ့ပွဲမှာတော့ မိုက်ကယ်ကာရစ်က ယာယီနည်းပြအဖြစ်

ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ

နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ယူထားတဲ့ပီတာချက်က

“တံမြက်စည်းသစ်ဟာ လှည်းရတာ ပိုလွယ်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု

ကျွန်တော်တို့ချက်နိုင်ငံမှာရှိပါတယ်။ နည်းပြသစ်တစ်ယောက်နဲ့

ပွဲထွက်လာတဲ့အသင်းတစ်သင်းကို ရင်ဆိုင်ရတာက နည်းနည်းတော့

ကြောက်စရာကောင်းပါတယ်။ အခု ယူနိုက်တက်အသင်းမှာ

နည်းပြအပြောင်းအလဲဖြစ်ခဲ့တာကြောင့် နည်းပြသစ်ရဲ့နည်းဗျူဟာသစ်တွေနဲ့အတူ

ကစားသမားတွေဟာ အသစ်ကပြန်စဖို့ဆနပြင်းပြနေကြမှာပါ။

အဲဒီလိုအသင်းမျိုးနဲ့ရင်ဆိုင်ရတဲ့အခါ ပြိုင်ဘက်အသင်းက တော်တော်လေး

ခက်ခက်ခဲခဲကစားရလေ့ရှိတတ်တာမျိုးဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ရန္နစ္ခ္ကုိင္တြယ္ေတာ့မယ့္ ယူႏုိက္တက္ကို အထင္မေသးေစလုိ . . .

ခ်ယ္လ္ဆီးအသင္းရဲ႕ဂႏၴဝင္ဂိုးသမားႀကီးပီတာခ်က္က မန္ခ်က္စတာ

ယူႏိုက္တက္အသင္းကို ဂ်ာမန္နာမည္ေက်ာ္နည္းျပႀကီးရန္နစ္ခ္ေရာက္ရွိ

လာေတာ့မွာျဖစ္တဲ့အတြက္ အထင္ေသးလို႔မရေတာ့ဘူးဆိုၿပီး သတိေပ

းေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အသက္(၆၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

လိုက္ပ္ဇစ္နည္းျပေဟာင္းရန္နစ္ခ္ကို ရာသီကုန္အထိ ယာယီနည္းျပအျဖစ္

ခန႔္အပ္ဖို႔သေဘာတူညီမႈရရွိခဲ့ေပမယ့္ အခုတစ္ပတ္ကစားမယ့္

ခ်ယ္လ္ဆီးနဲ႔ပြဲမွာေတာ့ မိုက္ကယ္ကာရစ္က ယာယီနည္းျပအျဖစ္

ဆက္လက္တာဝန္ယူသြားမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းမွာ

နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ယူထားတဲ့ပီတာခ်က္က

“တံျမက္စည္းသစ္ဟာ လွည္းရတာ ပိုလြယ္တယ္ဆိုတဲ့ ဆို႐ိုးစကားတစ္ခု

ကြၽန္ေတာ္တို႔ခ်က္ႏိုင္ငံမွာရွိပါတယ္။ နည္းျပသစ္တစ္ေယာက္နဲ႔

ပြဲထြက္လာတဲ့အသင္းတစ္သင္းကို ရင္ဆိုင္ရတာက နည္းနည္းေတာ့

ေၾကာက္စရာေကာင္းပါတယ္။ အခု ယူႏိုက္တက္အသင္းမွာ

နည္းျပအေျပာင္းအလဲျဖစ္ခဲ့တာေၾကာင့္ နည္းျပသစ္ရဲ႕နည္းဗ်ဴဟာသစ္ေတြနဲ႔အတူ

ကစားသမားေတြဟာ အသစ္ကျပန္စဖို႔ဆနျပင္းျပေနၾကမွာပါ။

အဲဒီလိုအသင္းမ်ိဳးနဲ႔ရင္ဆိုင္ရတဲ့အခါ ၿပိဳင္ဘက္အသင္းက ေတာ္ေတာ္ေလး

ခက္ခက္ခဲခဲကစားရေလ့ရွိတတ္တာမ်ိဳးျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm