M Diary Channel

Local and Sport News

ရန်းနစ်ခ်လက်ထက်မှာလည်း သရဲနီတွေက ထူးပြီး ပြောင်းလဲလာတာမျိုးမရှိပါဘူးလို့ ဒဲ့ဖဲ့လိုက်တဲ့ အဘွန်လဟော

ယူနိုက်တက် ဟာ မနေ့ ညက နောဝှစ်ချ် ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်

ကစားခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ ပါတယ် ။ဒုတိယပိုင်း မိနစ် ၇၀ ကျော်

မှာတော့ ရော်နယ်ဒို ကို ဧရိယာ အတွင်း ဆွဲလှဲ ခဲ့တာကြောင့် ယူနိုက်တက် တို့

ပင်နယ်တီ ရခဲ့ပြီး အဆိုပါ ပင်နယ်တီ ကို ရော်နယ်ဒို က ကန်သွင်းကာ

အနိုင် ၃ မှတ်ကို ရယူပေးခဲ့ ပါတယ်။ အဲဒီနိုင်ပွဲကြောင့် ယူနိုက်တက် ဟာ

ပွဲရွှေ့ဆိုင်းလိုက်တဲ့ စပါး အသင်းကို ကျော်ကာ အဆင့် ၅ နေရာကို ရယူ

သွားနိုင်ခဲ့ ပါတယ် ။ယူနိုက်တက် ဟာ လာမယ့် အင်္ဂါနေ့ မှာတော့ ဘရန့်ဖိုဒ့်

အသင်းနဲ့ နောက်ထပ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။

“ကျွန်တော်မြင်မိတာတော့ ယူနိုက်တက်က ဆိုးလ်ရှားလက်ထက်က အတိုင်းလိုပါပဲ။

ဘာမှမပြောင်းလဲသေးပါဘူး။ဆန်ချိုတစ်ယောက်လည်း မနေ့က

ကစားပုံဆိုးရွားပါတယ်။ အခွင့်အရေးတွေရပေမဲ့ သူကပြာနေပါတယ်။

ဒေါ့မွန်မှာ သူကပိုပြီး လွတ်လွတ်လပ်လပ်ကစားခွင့်ရပေမဲ့ ယူနိုက်တက်မှာတော့

သူ့ရဲ့နေရာတစ်ခုကို လက်မလွှတ်ရအောင်ထိန်းသိမ်းနေရတဲ့ပုံပါပဲ။

ဘရူနိုကလည်း အတော်လေးရုန်းကန်နေရပါတယ်။”

“ပထမပိုင်းတစ်ခုလုံးမှာ Pressing ကိုသေချာလိုက်ဆော့တာဆိုလို့

ရော်နယ်ဒိုတစ်ယောက်တည်းရှိပါတယ်။ ဘောလုံးပျက်သွားတိုင်း

သူတစ်ယောက်ပဲ ကုန်းရုန်းလိုက်နေတာ။ ကျွန်တော်တို့ကြည့်ဖို့

စိတ်လှုပ်ရှားနေတဲ့ ယူနိုက်တက်ရဲ့ ပုံစံတစ်ခုကို မမြင်မိသေးပါဘူး။”

“ယူနိုက်တက်ဟာ သူတို့မှာတကယ်ရှိသင့်တဲ့အရည်အချင်းနဲ့ဆိုရင်

နောဝှစ်ချ်လိုအသင်းမျိုးကို 4-0 လောက်နဲ့နိုင်ခဲ့သင့်တာပါ။

ဒါပေမဲ့ လက်တွေ့မှာတော့ဒီဂီယာသာ မကယ်ရင် ယူနိုက်တက်ဟာ

နောဝှစ်ချ် ကို ရှုံးသွားလောက်ပါတယ်။”ဆိုပြီး ဗီလာကစားသမားဟောင်း

အဘွန်လဟော ကပြောပါတယ်။

zawgyi

ရန္းနစ္ခ္လက္ထက္မွာလည္း သရဲနီေတြက ထူးၿပီး ေျပာင္းလဲလာတာမ်ိဳးမရွိပါဘူးလို႔ ဒဲ့ဖဲ့လိုက္တဲ့ အဘြန္လေဟာ

ယူႏိုက္တက္ ဟာ မေန႔ ညက ေနာဝွစ္ခ်္ ရဲ႕ အိမ္ကြင္းကို သြားေရာက္ ယွဥ္ၿပိဳင္

ကစားခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ ပါတယ္ ။ဒုတိယပိုင္း မိနစ္ ၇၀ ေက်ာ္

မွာေတာ့ ေရာ္နယ္ဒို ကို ဧရိယာ အတြင္း ဆြဲလွဲ ခဲ့တာေၾကာင့္ ယူႏိုက္တက္ တို႔

ပင္နယ္တီ ရခဲ့ၿပီး အဆိုပါ ပင္နယ္တီ ကို ေရာ္နယ္ဒို က ကန္သြင္းကာ

အႏိုင္ ၃ မွတ္ကို ရယူေပးခဲ့ ပါတယ္။ အဲဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္ ဟာ

ပြဲေ႐ႊ႕ဆိုင္းလိုက္တဲ့ စပါး အသင္းကို ေက်ာ္ကာ အဆင့္ ၅ ေနရာကို ရယူ

သြားႏိုင္ခဲ့ ပါတယ္ ။ယူႏိုက္တက္ ဟာ လာမယ့္ အဂၤါေန႔ မွာေတာ့ ဘရန႔္ဖိုဒ့္

အသင္းနဲ႔ ေနာက္ထပ္ အေဝးကြင္း ပြဲစဥ္ ကို ယွဥ္ၿပိဳင္ ကစားရဦးမွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ျမင္မိတာေတာ့ ယူႏိုက္တက္က ဆိုးလ္ရွားလက္ထက္က အတိုင္းလိုပါပဲ။

ဘာမွမေျပာင္းလဲေသးပါဘူး။ဆန္ခ်ိဳတစ္ေယာက္လည္း မေန႔က

ကစားပုံဆိုး႐ြားပါတယ္။ အခြင့္အေရးေတြရေပမဲ့ သူကျပာေနပါတယ္။

ေဒါ့မြန္မွာ သူကပိုၿပီး လြတ္လြတ္လပ္လပ္ကစားခြင့္ရေပမဲ့ ယူႏိုက္တက္မွာေတာ့

သူ႔ရဲ႕ေနရာတစ္ခုကို လက္မလႊတ္ရေအာင္ထိန္းသိမ္းေနရတဲ့ပုံပါပဲ။

ဘ႐ူႏိုကလည္း အေတာ္ေလး႐ုန္းကန္ေနရပါတယ္။”

“ပထမပိုင္းတစ္ခုလုံးမွာ Pressing ကိုေသခ်ာလိုက္ေဆာ့တာဆိုလို႔

ေရာ္နယ္ဒိုတစ္ေယာက္တည္းရွိပါတယ္။ ေဘာလုံးပ်က္သြားတိုင္း

သူတစ္ေယာက္ပဲ ကုန္း႐ုန္းလိုက္ေနတာ။ ကြၽန္ေတာ္တို႔ၾကည့္ဖို႔

စိတ္လႈပ္ရွားေနတဲ့ ယူႏိုက္တက္ရဲ႕ ပုံစံတစ္ခုကို မျမင္မိေသးပါဘူး။”

“ယူႏိုက္တက္ဟာ သူတို႔မွာတကယ္ရွိသင့္တဲ့အရည္အခ်င္းနဲ႔ဆိုရင္

ေနာဝွစ္ခ်္လိုအသင္းမ်ိဳးကို 4-0 ေလာက္နဲ႔ႏိုင္ခဲ့သင့္တာပါ။

ဒါေပမဲ့ လက္ေတြ႕မွာေတာ့ဒီဂီယာသာ မကယ္ရင္ ယူႏိုက္တက္ဟာ

ေနာဝွစ္ခ်္ ကို ရႈံးသြားေလာက္ပါတယ္။”ဆိုၿပီး ဗီလာကစားသမားေဟာင္း

အဘြန္လေဟာ ကေျပာပါတယ္။mdiarymm

mdiarymm