M Diary Channel

Local and Sport News

ရန်းနစ်ခ် လက်အောက်မှာ ရုန်းကန်နေရတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Carrow Road မှာ ကံကောင်းစွာနဲ့

နော်ဝှစ်ချ်စီးတီးကို ( ၁-၀ ) အနိုင်ရခဲ့ပြီး အဖိုးတန် ( ၃ ) မှတ် ပိုင်ဆိုင်ခဲ့ပါတယ်။

အမှန်အတိုင်းပြောရရင် သရေကျသွားနိုင်လောက်တဲ့ထိ ( ၂ ) သင်းစလုံးရဲ့

ခြေစွမ်းက တူညီလုနီးပါး ဖြစ်ခဲ့ပါတယ်။ နော်ဝှစ်ချ်က ပရီးမီးယားလိဂ်

အမှတ်ပေးဇယား အောက်ပိုင်းမှာ ရောက်ရှိနေတဲ့အသင်းဖြစ်တာကြောင့်

ယူနိုက်တက်အတွက် ကျေနပ်စရာတော့ မဟုတ်ပါဘူး။

အခွင့်အရေးအနည်းငယ်သာ ဖန်တီးနိုင်ခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့

ပင်နယ်တီသွင်းဂိုးနဲ့အတူ ( ၃ ) မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းနဲ့

ပိုမိုနီးစပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ယူနိုက်တက်အတွက် ဖိအားတွေက

ဘရူနို ဖာနန်ဒက်စ်ရဲ့ ပုခုံးပေါ်ကိုပဲ အဓိက ကျရောက်သွားခဲ့ပါတယ်။

ပေါ်တူဂီ ကွင်းလယ်ကစားသမားဟာ ( ၂၀၂၀ ) ဇန်နဝါရီ ပရီးမီးယားလိဂ်ကို

ရောက်ရှိလာပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားလို့

ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရာဖ် ရန်းနစ်ခ် လက်အောက်လက်အောက်မှာ

သူ့ရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

မနေ့ည ပွဲစဉ်ကလည်း ဖာနန်ဒက်စ်အတွက် မေ့ပစ်ချင်စရာကောင်းခဲ့ပါတယ်။

Sofascore အရ ဘောလုံးပေးပို့မှု ( ၆၇ ) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပြီး

ဘောလုံးပိုင်ဆိုင်မှု ( ၂၇ ) ကြိမ် ဆုံးရှုံးခဲ့ပါတယ်။ ဖြတ်တင်ဘော ( ၅ ) ကြိမ်

ပေးပို့ရာမှာလည်း တစ်ကြိမ်မျှ အောင်မြင်ခြင်း မရှိခဲ့ပဲ long ball ( ၇ ) ကြိမ်

ပေးပို့ရာမှာလည်း ( ၂ ) ကြိမ်သာ အောင်မြင်ခဲ့ပါတယ်။

လက်ရှိမှာ ရာဖ် ရန်းနစ်ခ်ရဲ့ ( ၄-၂-၂-၂ ) ကစားကွက်က ဘရူနို ဖာနန်ဒက်စ်နဲ့

အံဝင်ပုံမရပါဘူး ။ ဒါပေမယ့် ယူနိုက်တက်အတွက် အကြီးမားဆုံး

ပြဿနာတစ်ခုက ဖာနန်ဒက်စ် ခြေစွမ်းမပြနိုင်ချိန် ဥပမာ နော်ဝှစ်ချ်နဲ့

ပွဲစဉ်ကလို အခြေအနေမှာ Plan B ရှိမနေတာဖြစ်ပါတယ်။

အသင်းပြောင်းဖု့ိ သတင်းတွေပါထွက်ပေါ်နေတဲ့ ပေါလ် ပေါ့ဘာ

ဒဏ်ရာရနေချိန် ယူနိုက်တက်မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။

မော်ဒန် ဘောလုံးလောကရဲ့ ဖန်တီးမှုပိုင်းမှာ full-backs တွေက

အဓိက ကျလာတာတွေ့ရပေမယ့် ယူနိုက်တက်ရဲ့ ညာခြမ်းက လုံဝ

ပုံစံကောင်းပျောက်ဆုံးနေပါတယ်။ ရန်းနစ်ခ် ယခင်က နည်းပြခဲ့ဖူးတဲ့

ကလပ်တွေနဲ့ မတူပဲ ယူနိုက်တက်မှာ “dirty work” လို့ ခေါ်တဲ့ အရာတွေကို

ပြုလုပ်ပေးမယ့် တိုက်စစ်မှူးတွေ ရှိမနေပါဘူး ။ အာဘီ လိုက်ဇစ်က

Yussef Poulsen ၊ ယခင် ဟော့ဖန်ဟိမ်းက ရော်ဘတ်တို ဖာမီနိုတို့လို

အသင်းအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး အသင်းဖော်တွေအတွက်

အခွင့်အရေးတွေ ဖန်တီး‌ပေးမယ့်သူ ရှိမနေပါဘူး။

နော်ဝှစ်ချ်နဲ့ ပွဲစဉ်အတွင်း ဖာနန်ဒက်စ်ထွက်သွားချိန် ယူနိုက်တက်ရဲ့

အကောင်းဆုံး playmaker ၊ ဒါမှမဟုတ် ဘောလုံးပေးပို့နိုင်သူက

ဖရက်ဖြစ်နေပါတယ်။ ကျွန်တော် ဖရက်ကို သဘောကျပါတယ်။

ဒါပေမယ့် ဘရာဇီးလ် ကွင်းလယ်လူကို အသင်းရဲ့ အဓိက playmaker

တာဝန်မပေးသင့်ဘူးလို့တော့ ထင်ပါတယ်။

ယူနိုက်တက်က ဖာနန်ဒက်စ်ရဲ့ တာဝန်တွေကို ခွဲဝေယူနိုင်မယ့် တိုက်စစ်မှူး ၊

နောက်ဆင်းပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်မယ့် တိုက်စစ်မှူးမျိုး

လိုအပ်နေပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေမှာ အလားတူ

ကစားသမားတွေ ရှိကြပါတယ်။ လီဗာပူးလ်က ဖာမီနို ၊ ရီးရဲမက်ဒရစ်က

ကီရန် ဘင်ဇီးမား ၊ ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီး နှင့် မန်စီးတီးရဲ့

မ‌ရေမတွက်နိုင်တဲ့ false nine များ၊ စသဖြင့် ရှိနေပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ရုန်းကန်နေရတယ်ဆိုပေမယ့် သူ့ရဲ့ တာဝန်ကို

ဂျေဒန် ဆန်ချို ၊ ဖရက်တို့ဆီ လွဲပြောင်း‌ပေးဖို့ပဲ‌ ရွေးချယ်စရာရှိနေတာကြောင့်

ပေါ်တူဂီ လက်ရွေးစင်က ဆက်လက်ကစားခွင့်ရနေတာဖြစ်နိုင်ပါတယ်။

ရန်းနစ်ခ် လက်အောက်မှာ ခံစစ်ပိုင်းမှတ်တမ်းတွေက သိသိသာသာ

တိုးတက်လာပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိတိုက်စစ်က စနစ်သစ်နဲ့

အံဝင်နိုင်ဖို့ မသေချာပါဘူး။ အက်ဒီဆင် ကာဗာနီ ပြန်ကစားနိုင်ချိန်မှာ ၊

ဒါမှမဟုတ် ဇန်နဝါရီ အပြောင်းအရွေ့မှာ ဒီပြဿနာကို အဖြေရှာနိုင်လိမ့်

မယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီရာသီက

ရာဖ် ရန်းနစ်ခ် နှင့် မန်ချက်စတာ ယူနိုက်တက်အတွက် အတော်ကို

ရှည်ကြာနေအုံးမှာ ဖြစ်ကြောင်းပါ ။ ။

zawgyi

ရန္းနစ္ခ္ လက္ေအာက္မွာ ႐ုန္းကန္ေနရတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ Carrow Road မွာ ကံေကာင္းစြာနဲ႔

ေနာ္ဝွစ္ခ်္စီးတီးကို ( ၁-၀ ) အႏိုင္ရခဲ့ၿပီး အဖိုးတန္ ( ၃ ) မွတ္ ပိုင္ဆိုင္ခဲ့ပါတယ္။

အမွန္အတိုင္းေျပာရရင္ သေရက်သြားႏိုင္ေလာက္တဲ့ထိ ( ၂ ) သင္းစလုံးရဲ႕

ေျခစြမ္းက တူညီလုနီးပါး ျဖစ္ခဲ့ပါတယ္။ ေနာ္ဝွစ္ခ်္က ပရီးမီးယားလိဂ္

အမွတ္ေပးဇယား ေအာက္ပိုင္းမွာ ေရာက္ရွိေနတဲ့အသင္းျဖစ္တာေၾကာင့္

ယူႏိုက္တက္အတြက္ ေက်နပ္စရာေတာ့ မဟုတ္ပါဘူး။

အခြင့္အေရးအနည္းငယ္သာ ဖန္တီးႏိုင္ခဲ့ေပမယ့္ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕

ပင္နယ္တီသြင္းဂိုးနဲ႔အတူ ( ၃ ) မွတ္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ပိုင္းနဲ႔

ပိုမိုနီးစပ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာ ယူႏိုက္တက္အတြက္ ဖိအားေတြက

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပုခုံးေပၚကိုပဲ အဓိက က်ေရာက္သြားခဲ့ပါတယ္။

ေပၚတူဂီ ကြင္းလယ္ကစားသမားဟာ ( ၂၀၂၀ ) ဇန္နဝါရီ ပရီးမီးယားလိဂ္ကို

ေရာက္ရွိလာၿပီးေနာက္ပိုင္း ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးကစားသမားလို႔

ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ရာဖ္ ရန္းနစ္ခ္ လက္ေအာက္လက္ေအာက္မွာ

သူ႔ရဲ႕ ေျခစြမ္းက သိသိသာသာ က်ဆင္းလာခဲ့ပါတယ္။

မေန႔ည ပြဲစဥ္ကလည္း ဖာနန္ဒက္စ္အတြက္ ေမ့ပစ္ခ်င္စရာေကာင္းခဲ့ပါတယ္။

Sofascore အရ ေဘာလုံးေပးပို႔မႈ ( ၆၇ ) ရာခိုင္ႏႈန္းသာ ေအာင္ျမင္ခဲ့ၿပီး

ေဘာလုံးပိုင္ဆိုင္မႈ ( ၂၇ ) ႀကိမ္ ဆုံးရႈံးခဲ့ပါတယ္။ ျဖတ္တင္ေဘာ ( ၅ ) ႀကိမ္

ေပးပို႔ရာမွာလည္း တစ္ႀကိမ္မွ် ေအာင္ျမင္ျခင္း မရွိခဲ့ပဲ long ball ( ၇ ) ႀကိမ္

ေပးပို႔ရာမွာလည္း ( ၂ ) ႀကိမ္သာ ေအာင္ျမင္ခဲ့ပါတယ္။

လက္ရွိမွာ ရာဖ္ ရန္းနစ္ခ္ရဲ႕ ( ၄-၂-၂-၂ ) ကစားကြက္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔

အံဝင္ပုံမရပါဘူး ။ ဒါေပမယ့္ ယူႏိုက္တက္အတြက္ အႀကီးမားဆုံး

ျပႆနာတစ္ခုက ဖာနန္ဒက္စ္ ေျခစြမ္းမျပႏိုင္ခ်ိန္ ဥပမာ ေနာ္ဝွစ္ခ်္နဲ႔

ပြဲစဥ္ကလို အေျခအေနမွာ Plan B ရွိမေနတာျဖစ္ပါတယ္။

အသင္းေျပာင္းဖု႔ိ သတင္းေတြပါထြက္ေပၚေနတဲ့ ေပါလ္ ေပါ့ဘာ

ဒဏ္ရာရေနခ်ိန္ ယူႏိုက္တက္မွာ ေ႐ြးခ်ယ္စရာ သိပ္မရွိပါဘူး။

ေမာ္ဒန္ ေဘာလုံးေလာကရဲ႕ ဖန္တီးမႈပိုင္းမွာ full-backs ေတြက

အဓိက က်လာတာေတြ႕ရေပမယ့္ ယူႏိုက္တက္ရဲ႕ ညာျခမ္းက လုံဝ

ပုံစံေကာင္းေပ်ာက္ဆုံးေနပါတယ္။ ရန္းနစ္ခ္ ယခင္က နည္းျပခဲ့ဖူးတဲ့

ကလပ္ေတြနဲ႔ မတူပဲ ယူႏိုက္တက္မွာ “dirty work” လို႔ ေခၚတဲ့ အရာေတြကို

ျပဳလုပ္ေပးမယ့္ တိုက္စစ္မႉးေတြ ရွိမေနပါဘူး ။ အာဘီ လိုက္ဇစ္က

Yussef Poulsen ၊ ယခင္ ေဟာ့ဖန္ဟိမ္းက ေရာ္ဘတ္တို ဖာမီႏိုတို႔လို

အသင္းအတြက္ ကိုယ့္ကိုယ္ကိုယ္ အနစ္နာခံၿပီး အသင္းေဖာ္ေတြအတြက္

အခြင့္အေရးေတြ ဖန္တီး‌ေပးမယ့္သူ ရွိမေနပါဘူး။

ေနာ္ဝွစ္ခ်္နဲ႔ ပြဲစဥ္အတြင္း ဖာနန္ဒက္စ္ထြက္သြားခ်ိန္ ယူႏိုက္တက္ရဲ႕

အေကာင္းဆုံး playmaker ၊ ဒါမွမဟုတ္ ေဘာလုံးေပးပို႔ႏိုင္သူက

ဖရက္ျဖစ္ေနပါတယ္။ ကြၽန္ေတာ္ ဖရက္ကို သေဘာက်ပါတယ္။

ဒါေပမယ့္ ဘရာဇီးလ္ ကြင္းလယ္လူကို အသင္းရဲ႕ အဓိက playmaker

တာဝန္မေပးသင့္ဘူးလို႔ေတာ့ ထင္ပါတယ္။

ယူႏိုက္တက္က ဖာနန္ဒက္စ္ရဲ႕ တာဝန္ေတြကို ခြဲေဝယူႏိုင္မယ့္ တိုက္စစ္မႉး ၊

ေနာက္ဆင္းၿပီး အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္မယ့္ တိုက္စစ္မႉးမ်ိဳး

လိုအပ္ေနပါတယ္။ ကမာၻေပၚက အေကာင္းဆုံး အသင္းေတြမွာ အလားတူ

ကစားသမားေတြ ရွိၾကပါတယ္။ လီဗာပူးလ္က ဖာမီႏို ၊ ရီးရဲမက္ဒရစ္က

ကီရန္ ဘင္ဇီးမား ၊ ဘိုင္ယန္ျမဴးနစ္က လီဝမ္ေဒါစကီး ႏွင့္ မန္စီးတီးရဲ႕

မ‌ေရမတြက္ႏိုင္တဲ့ false nine မ်ား၊ စသျဖင့္ ရွိေနပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္က ႐ုန္းကန္ေနရတယ္ဆိုေပမယ့္ သူ႔ရဲ႕ တာဝန္ကို

ေဂ်ဒန္ ဆန္ခ်ိဳ ၊ ဖရက္တို႔ဆီ လြဲေျပာင္း‌ေပးဖို႔ပဲ‌ ေ႐ြးခ်ယ္စရာရွိေနတာေၾကာင့္

ေပၚတူဂီ လက္ေ႐ြးစင္က ဆက္လက္ကစားခြင့္ရေနတာျဖစ္ႏိုင္ပါတယ္။

ရန္းနစ္ခ္ လက္ေအာက္မွာ ခံစစ္ပိုင္းမွတ္တမ္းေတြက သိသိသာသာ

တိုးတက္လာေပမယ့္ ယူႏိုက္တက္ရဲ႕ လက္ရွိတိုက္စစ္က စနစ္သစ္နဲ႔

အံဝင္ႏိုင္ဖို႔ မေသခ်ာပါဘူး။ အက္ဒီဆင္ ကာဗာနီ ျပန္ကစားႏိုင္ခ်ိန္မွာ ၊

ဒါမွမဟုတ္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ဒီျပႆနာကို အေျဖရွာႏိုင္လိမ့္

မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ ဒီရာသီက

ရာဖ္ ရန္းနစ္ခ္ ႏွင့္ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ အေတာ္ကို

ရွည္ၾကာေနအုံးမွာ ျဖစ္ေၾကာင္းပါ ။ ။mdiarymm

mdiarymm