M Diary Channel
Local and Sport News
ရန်းနစ် ရောက်လာပြီး တစ်ပတ်အတွင်း သရဲနီတွေရဲ့ ပြောင်းလဲမှုများ
ရေးဖ်ရန်းနစ်ခ်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကိုစတင်ဦးဆောင်ခဲ့ပါတယ်။
သူဟာယူနိုက်တက်ကိုဦးဆောင်တာ၇ရက်သေးသာရှိသေးပေမယ့်
အားလုံးအထင်ကြီးလေးစားအောင်လုပ်ဆောင်ပြထားနိုင်ပြီဖြစ်ပါတယ်။
ရေးဖ်ရန်းနစ်ခ်ဟာယူနိုတက်ကိုကိုင်တွယ်တဲ့ ၇ရက်အတွင်းမှာဘဲအသင်းရဲ့
အခြေအနေအားလုံးကိုအပြောင်းအလဲဖြစ်လာအောင် လုပ်ဆောင်ခဲ့တာ
တွေ့ရပါတယ်။ဒါ့အပြင်ရန်းနစ်ခ်ဟာယူနိုက်တက်ကိုယခင်နဲ့မတူကွဲပြားတဲ့
လမ်းကြောင်းပေါ်သို့ ဦးတည်နေစေတာလည်း တွေ့ရပါတယ်။
နည်းစနစ်ပိုင်း
အိုလီဂန်းနားဆိုးလ်ရှားလက်ထက်တုန်းက၄-၂-၃-၁ကိုပဲသုံးခဲ့ပေမယ့်
ရန်းနစ်ခ်ဟာသူ့လက်ထက်မှာတော့တိုက်စစ်အတွက်ပိုမိုအံဝင်အဆင်ပြေစေတဲ့
၄-၂-၂-၂ကစားကွက်ကိုပြောင်းလဲအသုံးပြုလာပါတယ်။
ပဲလေ့စ်နှင့်ပွဲမှာအထောင်တိုက်စစ်မှာခရစ္စတီယာနိုရော်နယ်ဒိုနှင့်မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ကို
အသုံးပြုခဲ့ပြီးသူတို့ရဲ့နောက်မှာကျောနံပါတ်၁၀ကစားသမားများအဖြစ်
ဘရူနိုဖာနန်ဒက်စ်နှင့်ဆန်ချိုတို့ကိုအသုံးပြုခဲ့ပါတယ်။
ယင်းသို့နည်းဗျူဟာအပြောင်းအလဲအသုံးပြုကာအသင်းရဲ့အားနည်းချက်ကို
ဖာထေးလာမှုနဲ့အတူ ယူနိုက်တက်တိုက်စစ်ပိုင်းကတော်တော်ကောင်းလာတာတွေ့ရပါတယ်။
ယင်းဗျူဟာကြောင့်ဘရူနိုဖာနန်ဒက်စ်နှင့်ဆန်ချိုတို့ဟာဘောလုံးပိုမိုရရှိသလို
တိုက်စစ်ဆင်ကစားချိန်မှာတိုက်စစ်သမား ၄ ဦးအထိရှိလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းထောက်ပံ့မှုပိုမိုရရှိလာပါတယ်။
ရော်နယ်ဒိုရဲ့အခြေအနေကကောဘယ်လိုလဲ?
ရန်နစ်ခ်မရောက်ခင်တုန်းက လူတော်တော်များက ခရစ္စတီယာနိုရော်နယ်ဒိုကို
ရန်းနစ်ခ်ရဲ့Pressing Style နှင့်အံဝင်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြဟာအသက်၃၆နှစ်ရှိသမိုင်းတစ်လျှောက်
အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးရဲ့အကောင်းဆုံးခြေစွမ်းမှာရှိနေဆဲ
ဖြစ်နေသေးတာကိုမျက်ကွယ်မပြုနိုင်ပါဘူး။
အထူးသဖြင့်ကာရစ်ရဲ့ယူနိုက်တက်နောက်ဆုံးပွဲဖြစ်တဲ့အာဆင်နယ်နှင့်ပွဲမှာ
ခရစ္စတီယာနိုရော်နယ်ဒို နှစ်ဂိုးအထိသွင်းယူနိုင်မှုနဲ့အတူ ရန်းနစ်ခ်ဟာ
သူ့အစီအစဉ်များနှင့်ပတ်သက်ပြီးအနည်းငယ်အပြောင်းအလဲလုပ်ခဲ့ရပါတယ်။
ရန်းနစ်ခ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုတည်ပြီးကစားကွက်တည်တာမျိုး
မဟုတ်ဘဲသူ့ကိုပါကစားကွက်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေဖြင့်သုံးလာပါတယ်။
ရော်နယ်ဒိုဟာရန်းနစ်ခ်ရဲ့ပထမဆုံပွဲဖြစ်တဲ့ပဲလေ့စ်နှင့်ပွဲမှာဘောလုံးပေးပို့မှု
၃၇ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲမှာ
၄၈ကြိမ်အထိဘောလုံးပေးပို့မှုပြုလုပ်ပြီးနောက်ဘောလုံးအများဆုံး
ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုဟာနယူးကာဆယ်နဲ့ပွဲမှာဘောလုံးပေးပို့မှုပိုင်းကျသထက်ကျဆင်း
လာခဲ့ကာမန်စီးတီးပွဲမှာ၁၈ကြိမ်၊ချဲလ်ဆီးနှင့်တစ်ဂိုးသရေကျတဲ့ပွဲမှာ၅ကြိမ်သာ
ပြုလုပ်တဲ့အထိကျဆင်းသွားခဲ့ပါတယ်။
ခံစစ်
ရန်းနစ်ခ်ဟာယူနိုက်တက်သို့ပထမဆုံးရောက်လာတဲ့နေ့ကတည်းကအသင်းရဲ့
အားအနည်းဆုံးနေရာကခံစစ်ပိုင်းဆိုတာသိထားပါတယ်။
ရန်းနစ်ခ်မတိုင်မီယူနိုက်တက်ဟာဧပြီလနောက်ပိုင်းမှာအိမ်ကွင်းမှာဂိုးမပေးရတဲ့
ပွဲမရှိခဲ့ပါဘူး။ရန်းနစ်ခ်ဟာယူနိုက်တက်ကိုရောက်ပြီးပထမဆုံးလေ့ကျင့်ခန်း
အစီအစဉ်မှာအသင်းရဲ့အကြီးမားဆုံးယိုပေါက်ဖြစ်တဲ့ ခံစစ်ကိုအရင်ဆုံးပြင်ခဲ့ပါတယ်။
ရန်းနစ်ခ်ဟာကိုယ့်ရဲ့ခံစစ်ဇုန်ကိုအလုံခြုံဆုံးဖြစ်အောင်လုပ်ရုံသာမက
ပြိုင်ဘက်အသင်းခံစစ်ဇုန်မှာကတည်းကခံစစ်ကစားကာဖိအားပေးမှုလုပ်စေခဲ့ပါတယ်။
ယူနိုက်တက်ဟာပြိုင်ဘက်ရဲ့ခံစစ်ဇုန်မှာဘောလုံးဆုံးရှုံးချိန်မှာယင်းတွင်ပင်
ဘောလုံးပြန်လည်ရရှိရေးကြိုးပမ်းလာပါတယ်။
ဒါကြောင့်လည်းပဲလေ့စ်နှင့်ပွဲမှာယူနိုက်တက်ဟာတိုက်စစ်မှာဘောလုံး
ဆုံးရှုံးပြီးနောက်ဘောလုံးပြန်ရယူမှု၁၂ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။
ကောင်းမွန်တဲ့အပြောင်းအလဲများ
ပက်ဂွါဒီယိုလာဟာမန်စီးတီးကိုကစားဟန်သယ်ဆောင်လာပြီးကမ္ဘာ့အကောင်းဆုံး
အသင်းတစ်သင်းဖြစ်အောင်တည်ဆောက်ထားပါတယ်။ဂွါဒီယိုလာရဲ့ကစားဟန်က
အားလုံးသိတဲ့အတိုင်းဂိုးသမားကစတင်အား ကစားသမား၁၁ဦးလုံး
တိုက်စစ်မှာပါဝင်ပါတယ်။ ဒါပေမဲ့ယင်းကစားကွက်နဲ့ကစားဖို့အတွက်နည်းစနစ်ပိုင်း
ကောင်းမွန်တဲ့ကစားသမားများလိုအပ်ပါတယ်။ကစားသမားတွေကလည်း
ယုံကြည်မှုရှိဖို့လိုပါတယ်။ ယူနိုက်တက်ကလည်းမန်စီးတီးလိုပဲတိုက်စစ်ကို
ဒီဂီယာကနေစတင်ပါတယ်။ဒါပေမဲ့ယူနိုက်တက်မှာယင်းသို့ဘောလုံးအပေးအယူ
ကောင်းကောင်းလုပ်နိုင်တဲ့ကစားသမားမျိုးမရှိပါဘူး။ယူနိုက်တက်မှာ ဘောလုံးကို
ယင်းသို့အပေးအယူလုပ်၊နေရာရွှေ့မှုကောင်းကောင်းလုပ်တဲ့သူမရှိပါဘူး။
ဒီတော့နောက်တန်းလေးယောက်အကြားဘောလုံးအပေးအယူလုပ်နေတာက
ဗုံးကိုင်ထားရသလိုဖြစ်နေပါတယ်။ ရေးဖ်ရန်းနစ်ခ်ကတော့နောက်တန်းသမားများ
အနေဖြင့်ဘောလုံးရရင် အလယ်တန်းသို့ပေးပြီးတိုက်စစ်ကိုအစပြုတဲ့စနစ်
သုံးနေပါတယ်။ဒါကြောင့်လည်းကြားရက်တုန်းကယန်းဘွိုင်းနဲ့ပွဲမှာ
မာတစ်ကကိုယ့်ဧရိယာအတွင်းမှာဗန်ဒီဘိခ်ထံသို့ဘောလုံးအတိုပေးပြီး
ဘောလုံးဆုံးရှုံးခဲ့မှုအပေါ် ရန်းနစ်ခ်အကြီးအကျယ်ပေါက်ကွဲတာမြင်နိုင်ပါတယ်။
ကစားသမားအားလုံးကို အခွင့်အရေးပေးထား
နည်းပြသစ်ဟာကစားသမားအားလုံးကိုလန်းဆန်းတဲ့စတင်မှုအသစ်ပေးထား
မြင်နိုင်ပါတယ်။ကစားသမားတိုင်းကြိုးစားရင်ကြိုးစားသလိုနေရာရလာနိုင်ပါတယ်။
မိုက်ကယ်ကာရစ်ဦးစီးတဲ့ကာလတိုအတွင်းမှာနေရာရခဲ့တဲ့ဆန်ချိုဟာ
ရန်နစ်ခ်လက်ထက်မှာပိုပြီးအခွင့်အရေးရလာသလိုဂရင်းဝုဒ်ဟာလည်း
အခွင့်အရေးပိုရလာဖို့ရှိပါတယ်။ပြီးခဲ့တဲ့လများမှာဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရတဲ့
ဖရက်ဟာကြိုးစားအားထုတ်မှုပိုများလာပါတယ်။
ပရိသတ်များ၊မီဒီယာများနှင့်ဆက်ဆံရေး
ဆိုးလ်ရှားကမီဒီယာသမားများနှင့်ဆက်ဆံရေးအလွန်ကောင်းပါတယ်။
ဒါပေမဲ့သူကသူ့ကစားသမားကိုချည်းကာကွယ်ဖို့ကြိုးစားလေ့ရှိတယ်။
ကစားသမားတွေဘယ်လောက်မှားနေပါစေသူကိုယ်သူပဲအပြစ်တင်လေ့ရှိပါတယ်။
သူ့ကစားသမားတွေကသူပြောတဲ့အတိုင်းမကစားတာတောင် သူ့အမှားလို့
ကိုယ့်ကိုယ်ကိုအပြစ်ပုံချပါတယ်။ ရန်းနစ်ခ်ကပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားပဲ
ပြောလေ့ရှိပါတယ်။ဗုဒ္ဓဟူးနေ့တုန်းကယန်းဘွိုင်းနဲ့သရေကျတဲ့အပြီးမှာ
အသင်းရဲ့ကောင်းကွက်၊ဆိုးကွက်အားလုံးကို အရှိအတိုင်းပြောခဲ့ပါတယ်။
ဒါ့အပြင်သူကအင်္ဂလိပ်ဘောလုံးလောကအကြောင်းကောင်းကောင်းသိတဲ့သူပါ။
ပရိသတ်တွေဘယ်လောက်အသင်းအပေါ်ရှူးသွပ်တယ်ဆိုတာသိပါတယ်။
သူဟာယူနိုက်တက်သို့ရောက်ပြီးတစ်ပတ်အကြာမှာဘဲအားလုံးရဲ့ချစ်ခင်
မြတ်နိုးမှုရထားပါတယ်။အားလုံးကရန်းနစ်ခ်ဟာသူ့အလုပ်သူ့နည်းလမ်းအတိုင်း
လုပ်မယ့်သူအဖြစ်မြင်ကာယုံကြည်မှုမြင့်မားလာကြပါတယ်။
စိတ်ပညာ
ရန်းနစ်ခ်ဟာယူနိုက်တက်သို့ရောက်ပြီးတစ်ပတ်အတွင်းမှာဘဲအားကစား
စိတ်ပညာရှင်တစ်ဦးခန့်အပ်လာပါတယ်။ယူနိုက်တက်ရဲ့နှစ်ပေါင်း၂၀အတွင်း
တစ်ဦးမျှခန့်အပ်ခဲ့ဖူးခြင်းမရှိတဲ့ရာထူးကိုခန့်အပ်ခဲ့တာပါ။
မော်ဒန်ခေတ်မှာအရေးပါတဲ့တာဝန်တစ်ခုဆိုတာငြင်းလို့မရပါဘူး။
ဆိုးလ်ရှားလက်ထက်တုန်းကစိတ်ပညာရှင်တစ်ဦးခန့်အပ်ခဲ့မယ်ဆိုရင်
တော်တော်အကျိုးရှိခဲ့မှာပါ။ ရန်းနစ်ခ်ခန့်အပ်လိုက်တဲ့သူကလည်းနှစ်ပေါင်းများစွာ
လက်တွဲလာခဲ့တဲ့ အားကစားစိတ်ပညာရှင်ဆာရှာလန်းစ်ဖြစ်ပါတယ်။
လန်းစ်ဟာကစားသမားတွေကို နည်းပြသစ်ရဲ့စနစ်တွေနဲ့အံဝင်အောင်ကူညီမယ့်အပြင်
ယုံကြည်မှုပိုင်းမြင့်မားလာအောင်လည်းကူညီပါမယ်။
zawgyi
နည်းစနစ်ပိုင်း
၎-၂-၂-၂ကစားကွက်ကိုပြောင်းလဲအသုံးပြုလာပါတယ်။
ခံစစ်