M Diary Channel

Local and Sport News

ရလဒ်ဆိုးတွေကို စုစည်းမှုအပြည့်နဲ့ကျော်ဖြတ်ပြမယ်ဆိုတဲ့ ဘရူနို

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က သူတို့အသင်းဟာ

လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရပေမယ့်လည်း စုစည်းမှုရှိရှိနဲ့

အကောင်းဆုံးကျော်ဖြတ်သွားမယ်လို့ အသင်းပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတုန်းက လက်စတာအသင်းကို

(၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ (၄)ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့တဲ့အပြင်

နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပါတယ်။ လက်စတာနဲ့ပွဲက ယူနိုက်တက်

အသင်းရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေမြင့်တက်နေတဲ့အပြင် အသင်းပရိသတ်တွေကတော့

နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့တောင်းဆိုနေကြပါပြီ။

ယူနိုက်တက်အသင်းဟာ အခုတစ်ပတ်မှာ အတ္တလန်တာအသင်းနဲ့

ချန်ပီယံလိဂ်အိမ်ကွင်းကစားရမှာဖြစ်သလို လာမယ့်တစ်ပတ်ကစလို့

လီဗာပူးလ်၊ စပါး၊ မန်စီးတီးတို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဆက်တိုက်ကစားရမှာ

ဖြစ်တာကြောင့် ရလဒ်တွေက အခုထက်ပိုဆိုးရွားမယ့်အနေအထားပါပဲ။

ဒ့ါအပြင် အခုနောက်ပိုင်းပွဲတွေမှာ ဘရူနိုဖာနန်ဒက်စ်ဟာ အရင်လိုခြေစွမ်းပြဖို့

ရုန်းကန်နေရပေမယ့်လည်း လာမယ့်ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင်

စွမ်းဆောင်မယ်လို့ သူက ကတိပေးခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်က

“ကျွန်တော်တို့ဟာ စုစည်းမှုညီညာမှုရှိရှိနဲ့ အခုရင်ဆိုင်နေရတဲ့ ရလဒ်ဆိုးတွေထဲက

ရုန်းထနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ဒါက ယူနိုက်တက်အသင်းရဲ့

စိတ်ဓာတ်ပါပဲ”လို့ သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။

zawgyi

ရလဒ္ဆိုးေတြကို စုစည္းမႈအျပည့္နဲ႔ေက်ာ္ျဖတ္ျပမယ္ဆိုတဲ့ ဘ႐ူႏို

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္က သူတို႔အသင္းဟာ

လက္ရွိအခ်ိန္မွာ ရလဒ္ဆိုးေတြေၾကာင့္ ႐ုန္းကန္ေနရေပမယ့္လည္း စုစည္းမႈရွိရွိနဲ႔

အေကာင္းဆုံးေက်ာ္ျဖတ္သြားမယ္လို႔ အသင္းပရိသတ္ေတြကို ကတိေပးလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲတုန္းက လက္စတာအသင္းကို

(၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၇)ပြဲမွာ (၄)ပြဲေျမာက္ရႈံးပြဲျဖစ္ခဲ့တဲ့အျပင္

ေနာက္ဆုံး(၅)ပြဲမွာ တစ္ပြဲသာအႏိုင္ရခဲ့ပါတယ္။ လက္စတာနဲ႔ပြဲက ယူႏိုက္တက္

အသင္းရဲ႕ေျခစြမ္းအေပၚ ေဝဖန္မႈေတြျမင့္တက္ေနတဲ့အျပင္ အသင္းပရိသတ္ေတြကေတာ့

နည္းျပဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔ေတာင္းဆိုေနၾကပါၿပီ။

ယူႏိုက္တက္အသင္းဟာ အခုတစ္ပတ္မွာ အတၱလန္တာအသင္းနဲ႔

ခ်န္ပီယံလိဂ္အိမ္ကြင္းကစားရမွာျဖစ္သလို လာမယ့္တစ္ပတ္ကစလို႔

လီဗာပူးလ္၊ စပါး၊ မန္စီးတီးတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲေတြအျဖစ္ ဆက္တိုက္ကစားရမွာ

ျဖစ္တာေၾကာင့္ ရလဒ္ေတြက အခုထက္ပိုဆိုး႐ြားမယ့္အေနအထားပါပဲ။

ဒ့ါအျပင္ အခုေနာက္ပိုင္းပြဲေတြမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အရင္လိုေျခစြမ္းျပဖို႔

႐ုန္းကန္ေနရေပမယ့္လည္း လာမယ့္ပြဲေတြမွာ အေကာင္းဆုံးျဖစ္ေအာင္

စြမ္းေဆာင္မယ္လို႔ သူက ကတိေပးခဲ့တာပါ။ ဘ႐ူႏိုဖာနန္ဒက္စ္က

“ကြၽန္ေတာ္တို႔ဟာ စုစည္းမႈညီညာမႈရွိရွိနဲ႔ အခုရင္ဆိုင္ေနရတဲ့ ရလဒ္ဆိုးေတြထဲက

႐ုန္းထႏိုင္ဖို႔ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒါက ယူႏိုက္တက္အသင္းရဲ႕

စိတ္ဓာတ္ပါပဲ”လို႔ သူ႔ရဲ႕ Instagram မွာ ေရးသားခဲ့ပါတယ္။mdiarymm

mdiarymm