
ယူနိုက်တက်ဟာ လက်ရှိလူစာရင်းနဲ့တော့ ရှေ့ဆက်လို့ မရပါဘူး။
ကစားသမား အသစ် မဖြစ်မနေ ခေါ်ရမှာပါ။ ယူနိုက်တက်နဲ့ အသံစည်နေတဲ့
ကစားသမား တစ်ယောက်ကတော့ ရာဖင်ဟာပါ။
ရာဖင်ဟာက ယူနိုက်တက်အသင်းရဲ့ ညာခြမ်းအတွက် ရေရှည် အစားထိုးနိုင်ပြီး
စပို့တင်းမှာလည်း ဘရူနို ဖာနန်ဒက်နဲ့ တွဲဖက် ကစားဖူးတာကြောင့်
ယူနိုက်တက်မှာ အံဝင်ဖို့ အချိန်ပေးစရာ မလိုအပ်ပဲ တိုက်ရိုက် အသုံးချနိုင်မှာလည်း
ဖြစ်ပါတယ်။ မားကပ်စ် ရှက်ရှ်ဖိုဒ့်ရဲ့ အနာဂတ် မသေချာမှုနဲ့ အသင်းရဲ့ ညာတောင်ပံ
အားနည်းတဲ့ ပြဿနာတွေကြောင့် ရာဖင်ဟာ ကိုသာရခဲ့ရင် ယူနိုက်တက်ရဲ့
ဝန်ပို ကစားနေရတဲ့ ဘယ်ခြမ်းကို အားလျှော့နိုင်မှာ ဖြစ်ပြီး ဆန်ချို + ရာဖင်ဟာ
တောင်ပံ အတွဲက ပရီးမီးယားလိဂ် ကို အုပ်စိုးနိုင်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားပါတယ်။
ရာဖင်ဟာနဲ့ အင်္ဂလန် အဓိက ကွင်းလယ် ကစားသမားအဖြစ် ရှိနေတဲ့
ဖီးလစ်တို့ နှစ်ဦးဟာ လိဒ် အတွက် တန်းဆင်းခဲ့ရင် ငွေကြေး အကျိုးအမြတ် ရနိုင်တဲ့
ကစားသမားတွေ ဖြစ်သလို သေချာပေါက်ထွက်ခွာမယ့် ကစားသမားတွေလည်း ဖြစ်ပါတယ်။
လိဒ်အသင်းသာ တန်းဆင်းခဲ့ရပါက ဖီးလစ်နဲ့ ရာဖင်ဟာတို့ နှစ်ဦးစလုံးကို
ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါတယ်။
zawgyi
ရာသီသစ္မွာ ဆန္ခ်ဳိနဲ႔ လိုက္ဖက္တဲ့ အတြဲျဖစ္ဖုိ႔ ဘယ္ကစားေတြကုိ ေခၚယူသင့္သလဲ?
ယူႏိုက္တက္ဟာ လက္ရွိလူစာရင္းနဲ႔ေတာ့ ေရွ႕ဆက္လို႔ မရပါဘူး။
ကစားသမား အသစ္ မျဖစ္မေန ေခၚရမွာပါ။ ယူႏိုက္တက္နဲ႔ အသံစည္ေနတဲ့
ကစားသမား တစ္ေယာက္ကေတာ့ ရာဖင္ဟာပါ။
ရာဖင္ဟာက ယူႏိုက္တက္အသင္းရဲ႕ ညာျခမ္းအတြက္ ေရရွည္ အစားထိုးႏိုင္ၿပီး
စပို႔တင္းမွာလည္း ဘ႐ူႏို ဖာနန္ဒက္နဲ႔ တြဲဖက္ ကစားဖူးတာေၾကာင့္
ယူႏိုက္တက္မွာ အံဝင္ဖို႔ အခ်ိန္ေပးစရာ မလိုအပ္ပဲ တိုက္႐ိုက္ အသုံးခ်ႏိုင္မွာလည္း
ျဖစ္ပါတယ္။ မားကပ္စ္ ရွက္ရွ္ဖိုဒ့္ရဲ႕ အနာဂတ္ မေသခ်ာမႈနဲ႔ အသင္းရဲ႕ ညာေတာင္ပံ
အားနည္းတဲ့ ျပႆနာေတြေၾကာင့္ ရာဖင္ဟာ ကိုသာရခဲ့ရင္ ယူႏိုက္တက္ရဲ႕
ဝန္ပို ကစားေနရတဲ့ ဘယ္ျခမ္းကို အားေလွ်ာ့ႏိုင္မွာ ျဖစ္ၿပီး ဆန္ခ်ိဳ + ရာဖင္ဟာ
ေတာင္ပံ အတြဲက ပရီးမီးယားလိဂ္ ကို အုပ္စိုးႏိုင္တဲ့ အရည္အခ်င္းမ်ိဳး ပိုင္ဆိုင္ထားပါတယ္။
ရာဖင္ဟာနဲ႔ အဂၤလန္ အဓိက ကြင္းလယ္ ကစားသမားအျဖစ္ ရွိေနတဲ့
ဖီးလစ္တို႔ ႏွစ္ဦးဟာ လိဒ္ အတြက္ တန္းဆင္းခဲ့ရင္ ေငြေၾကး အက်ိဳးအျမတ္ ရႏိုင္တဲ့
ကစားသမားေတြ ျဖစ္သလို ေသခ်ာေပါက္ထြက္ခြာမယ့္ ကစားသမားေတြလည္း ျဖစ္ပါတယ္။
လိဒ္အသင္းသာ တန္းဆင္းခဲ့ရပါက ဖီးလစ္နဲ႔ ရာဖင္ဟာတို႔ ႏွစ္ဦးစလုံးကို
ေပါင္သန္း ၇၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ အခြင့္အေရး ရွိႏိုင္ပါတယ္။