
နာမည်ကျော်အားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရစ်ဇီယိုရိုမာနိုက
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်သစ်အဖြစ်
စီရော်နယ်လ်ဒိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်တာကြောင့်
လာမယ့်ရာသီကျရင် စီရော်နယ်လ်ဒိုကို အသင်းခေါင်းဆောင်
လက်ပတ်နဲ့မြင်တွေ့ရတော့မလားဆိုတာ စောင့်ကြည့်ရမှာပါ။
၂၀၂၀၊ ဇန်နဝါရီလမှာ အက်ရှ်လေယန်းနဲ့လမ်းခွဲပြီးတဲ့နောက်
ယူနိုက်တက်အသင်းနည်းပြဟောင်းဆိုးလ်ရှားက နောက်ခံလူ
မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်သစ်အဖြစ်ခန့်အပ်ခဲ့ပေမယ့်
ပြီးခဲ့တဲ့ရာသီက မက်ဂွိုင်းယားရဲ့ဆိုးရွားတဲ့ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့
ဝေဖန်မှုနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရသလို အသင်းခေါင်းဆောင်အဖြစ်
ဆက်ရှိဖို့မသေချာဘူးဆိုတဲ့ ခန့်မှန်းချက်တွေလည်းထွက်ပေါ်နေပါတယ်။
ဗြိတိန်နာမည်ကျော်သတင်းစာ Mirror က နည်းပြသစ်အဲရစ်တန်ဟက်ဟာ
အသင်းခေါင်းဆောင်သစ်ရာထူးအတွက် ကစာသမားတွေဆီကနေ
သဘောထားတောင်းခံသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဂိုးသမားဒီဂီယာက
ရေပန်းစားနေပေမယ့် အခု ဖာဘရစ်ဇီယိုရိုမာနိုက စီရော်နယ်လ်ဒိုရဲ့
အတွေ့အကြုံတွေအရ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးနဲ့
အထိုက်တန်ဆုံးဖြစ်တယ်ဆိုပြီးတော့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။
CaughtOffside ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ ဖာဘရစ်ဇီယိုရိုမာနိုက
“အဲရစ်တန်ဟက်ဟာ ကစားသမားတစ်ဦးချင်းစီနဲ့တွေ့ဆုံစကား
ပြောဆိုသွားမှာဖြစ်ပြီး လာမယ့်ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ်အတွင်း
ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်
ချမှတ်သွားဖို့ရှိပါတယ်။ အဲရစ်တန်ဟက် ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေ
မက်ဂွိုင်းယားက တည်ငြိမ်မှုရှိသလို ဘာမှစိုးရိမ်နေမှာမဟုတ်ဘူးလို့
ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်ကတော့
စီရော်နယ်လ်ဒိုရဲ့ခေါင်းဆောင်မှုစွမ်းရည်အရ သူဟာ ယူနိုက်တက်
အသင်းခေါင်းဆောင်ရာထူးနဲ့အထိုက်တန်ဆုံးဖြစ်တယ်လို့ အခိုင်အမာ
ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ယူနိုက်တက်ကစားသမားတွေ
ဘယ်လိုဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့
အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်ဆိုတာ
ကျွန်တော်အာမခံရဲပါတယ်”လို့ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ
ပေါ်တူဂီမှာလည်း အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားတာဖြစ်ပြီး
လက်ရှိယူနိုက်တက်ကစားသမားတွေထဲမှာ အောင်မြင်မှုအများဆုံးဖြစ်သလို
သူ့ကို ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ဖို့
နာမည်ကျော်ဘောလုံးသမားဟောင်းတချို့ကလည်း အားပေးထောက်ခံနေကြပါတယ်။
zawgyi
ရာသီသစ္မွာ သရဲနီအသင္းေခါင္းေဆာင္လက္ပတ္ကုိ စီေရာ္နယ္ဒုိ ၀တ္ဆင္ခြင့္ရႏုိင္မလား …
နာမည္ေက်ာ္အားကစားဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဖာဘရစ္ဇီယို႐ိုမာႏိုက
မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္သစ္အျဖစ္
စီေရာ္နယ္လ္ဒိုျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းေျပာဆိုလိုက္တာေၾကာင့္
လာမယ့္ရာသီက်ရင္ စီေရာ္နယ္လ္ဒိုကို အသင္းေခါင္းေဆာင္
လက္ပတ္နဲ႔ျမင္ေတြ႕ရေတာ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။
၂၀၂၀၊ ဇန္နဝါရီလမွာ အက္ရွ္ေလယန္းနဲ႔လမ္းခြဲၿပီးတဲ့ေနာက္
ယူႏိုက္တက္အသင္းနည္းျပေဟာင္းဆိုးလ္ရွားက ေနာက္ခံလူ
မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္သစ္အျဖစ္ခန႔္အပ္ခဲ့ေပမယ့္
ၿပီးခဲ့တဲ့ရာသီက မက္ဂြိဳင္းယားရဲ႕ဆိုး႐ြားတဲ့ေျခစြမ္းေၾကာင့္ ပရိသတ္ေတြရဲ႕
ေဝဖန္မႈနဲ႔ျပင္းျပင္းထန္ထန္ရင္ဆိုင္ခဲ့ရသလို အသင္းေခါင္းေဆာင္အျဖစ္
ဆက္ရွိဖို႔မေသခ်ာဘူးဆိုတဲ့ ခန႔္မွန္းခ်က္ေတြလည္းထြက္ေပၚေနပါတယ္။
ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Mirror က နည္းျပသစ္အဲရစ္တန္ဟက္ဟာ
အသင္းေခါင္းေဆာင္သစ္ရာထူးအတြက္ ကစာသမားေတြဆီကေန
သေဘာထားေတာင္းခံသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး ဂိုးသမားဒီဂီယာက
ေရပန္းစားေနေပမယ့္ အခု ဖာဘရစ္ဇီယို႐ိုမာႏိုက စီေရာ္နယ္လ္ဒိုရဲ႕
အေတြ႕အႀကဳံေတြအရ ယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးနဲ႔
အထိုက္တန္ဆုံးျဖစ္တယ္ဆိုၿပီးေတာ့ သုံးသပ္ခဲ့တာျဖစ္ပါတယ္။
CaughtOffside ဝက္ဘ္ဆိုက္နဲ႔အင္တာဗ်ဴးမွာ ဖာဘရစ္ဇီယို႐ိုမာႏိုက
“အဲရစ္တန္ဟက္ဟာ ကစားသမားတစ္ဦးခ်င္းစီနဲ႔ေတြ႕ဆုံစကား
ေျပာဆိုသြားမွာျဖစ္ၿပီး လာမယ့္ရက္ပိုင္း ဒါမွမဟုတ္ ရက္သတၱပတ္အတြင္း
ယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္လို႔ ဆုံးျဖတ္ခ်က္
ခ်မွတ္သြားဖို႔ရွိပါတယ္။ အဲရစ္တန္ဟက္ ဘယ္လိုဆုံးျဖတ္သည္ျဖစ္ေစ
မက္ဂြိဳင္းယားက တည္ၿငိမ္မႈရွိသလို ဘာမွစိုးရိမ္ေနမွာမဟုတ္ဘူးလို႔
ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တစ္ဦးတည္းအျမင္ကေတာ့
စီေရာ္နယ္လ္ဒိုရဲ႕ေခါင္းေဆာင္မႈစြမ္းရည္အရ သူဟာ ယူႏိုက္တက္
အသင္းေခါင္းေဆာင္ရာထူးနဲ႔အထိုက္တန္ဆုံးျဖစ္တယ္လို႔ အခိုင္အမာ
ယုံၾကည္ပါတယ္။ ဒါေပမဲ့လည္း ယူႏိုက္တက္ကစားသမားေတြ
ဘယ္လိုဆုံးျဖတ္မလဲဆိုတာေစာင့္ၾကည့္ရမွာျဖစ္ၿပီး အဲရစ္တန္ဟက္အေနနဲ႔
အေကာင္းဆုံးျဖစ္မယ့္ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္မယ္ဆိုတာ
ကြၽန္ေတာ္အာမခံရဲပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ
ေပၚတူဂီမွာလည္း အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူထားတာျဖစ္ၿပီး
လက္ရွိယူႏိုက္တက္ကစားသမားေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးျဖစ္သလို
သူ႔ကို ယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ဖို႔
နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းတခ်ိဳ႕ကလည္း အားေပးေထာက္ခံေနၾကပါတယ္။